မယားစရိတ်ကလေးစရိတ်တောင်းဆိုနည်း

 မယားစရိတ်/ကလေးစရိတ်

တောင်းဆိုနည်းအကြောင်းသိကောင်းစရာ

နှင့် လျှောက်လွှာနမူနာပုံစံ...


~~မယားစရိတ်/ကလေးစရိတ်တောင်းဆိုနည်း(၂)နည်းရှိ သည်။

၁။တရားမကြောင်းဖြင့်တောင်းဆိုနည်း(သို့)တရားမကြောင်းဖြင့်စွဲဆို၍တောင်းဆိုခြင်း။

၂။ပြစ်မှုကြောင်းအရတရားစွဲတောင်းဆိုနည်း(သို့)ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၈၈အရတရားစွဲဆိုတောင်းဆိုခြင်းတို့ဖြစ်ပါတယ်။

..........................

~~~၁။တရားမကြောင်းဖြင့်စွဲဆိုတောင်းဆိုလျှင်စွဲဆိုခံရသောတရားပြိုင်လင်ယောက်ျား၏ဝင်ငွေ၊လူနေမှုအဆင့်အတန်း၊အခြေအနေတို့အလိုက်မယားစရိတ်၊ကလေးစရိတ်ပေးရမည်ဖြစ်ပါသည်။ကန့်သတ်ချက်မရှိပါ။ဒီကရီကျသည့်အခါဇာရီပြုလုပ်ရာ၌လည်းတရားရှုံးကမပေးလျှင်၎င်းပိုင်မရွှေ့မပြောင်းနိုင်သောပစ္စည်းများကိုဝရမ်းကပ်ရောင်းချ၍ရယူနိုင်ပါသည်။တရားရှုံးကွယ်လွန်သည့်တိုင်၎င်း၏ကျန်ရစ်သောပစ္စည်းအပေါ်ယင်းကဲ့သို့ဆောက်ရွက်နိုင်ခွင့်ရှိပါသည်။သို့သော်....အချိန်ကြာ၍ငွေကုန်ကြေးကျများပါသည်။

........................................


~~~၂။ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၈၈အရတရားစွဲတောင်းဆိုရာတွင်မူအချိန်ကုန်လည်းနည်း..ငွေကုန်ကြေးကျလည်းသက်သာပါသည်။သို့သော်မယာ(သို့)သားသမီးကိုတစ်လလျှင်ငွေကျပ်..(၅)သောင်းထက်မပိုသောလစဉ်ထောက်ပံ့ကြေးကိုသာရယူနိုင်ပါသည်။

~~~ရာဇဝတ်ကျင့်ထုံးဥပဒေအရတောင်းဆိုခြင်းသည်ပြစ်မှုမဟုတ်ပါ။လျှောက်ထားခြင်းတစ်ရပ်(Application)သာလျှင်ဖြစ်ပါသည်။ထို့ကြောင့်ထိုအမှုမျိုးတွင်လျှောက်ထားခံရသူကိုတရားခံ(Accused)ဟုမခေါ်ပါ။လျှောက်ထားခံရသူ(Respondent)ဟုသာခေါ်ဆိုပါသည်။

~~~ယင်းသို့လျှောက်ထားသောအမှုများတွင်အောက်ပါအချက်များကိုသာအဓိကထား၍စဉ်းစားရမည်ဖြစ်ပါသည်။

၁။လျှောက်ထားသူနှင့်လျှောက်ထားခံရသူတို့သည်အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ခဲ့ဖူးသလား။

၂။တရားဝင်သည်ဖြစ်စေ၊မဝင်သည်ဖြစ်စေ၊ကလေးသည်လျှောက်ထားခံရသူနှင့်ရသောကလေးဖြစ်သလား။

(သက်သေခံဥပဒေပုဒ်မ-၁၁၂..ကိုလေ့လာပါ)

၃။လျှောက်ထားခံရသူသည်ထောက်ပံ့နိုင်သောအင်အားရှိပါလျက်နှင့်မယားနှင့်ကလေးအားပစ်ထားသလား။လျစ်လျူရှုထားသလားစသည့်အချက်များကိုစဉ်းစားပြီးလိုအပ်သောအမိန့်ကိုအမြန်ဆုံးချမှတ်ပေးမည်ဖြစ်ပါသည်။


အထူးမှတ်ရန်....

*************

အောက်ပါအချက်(၃)ချက်ရှိလျှင်မူတရားရုံးအနေနှင့်မယားနှင့်ကလေးစရိတ်ကိုချမှတ်ပေးမည်မဟုတ်ပါ။

၁။မယားသည်အခြားယောက်ျားတစ်ဦး(သို့)လင်ငယ်နှင့်နေလျှင်

၂။လုံလောက်သောအကြောင်းမရှိပဲနှင့်မိမိ၏လင်ယောက်ျားနှင့်အသူနေရန်ငြင်းဆန်လျှင်

၃။နှစ်ဦးသဘောတူတကွဲတပြားစီခွဲ၍နေလျှင်ဖြစ်ပေသည်။

~~~လျှောက်ထားသူယောက်ျားအနေနှင့်မယားစရိတ်၊ကလေးစရိတ်လျှောက်ထားမှုများတွင်ဖော်ပြပါအချက်(၃)ချက်ကိုမူတည်၍ခုခံချေပနိုင်ပါသည်။သို့သော်..အောက်ပါအချက် များကိုလည်း..အထူးသတိပြုရန်လိုအပ်ပါသည်။

~~~အခြားယောက်ျားတစ်ယောက်နှင့်

အတူနေခြင်း(သို့)လင်ငယ်နေခြင်းဟူရာ၌တစ်ကြိမ်တစ်ခါဖောက်ပြန်ခြင်းမျိုးကိုမဆိုလို။ခွင့်မလွတ်နိုင်လောက်အောင်ဖောက်ပြန်​ခြင်းမျိုးကိုဆိုလိုပါသည်။ဖောက်ပြန်သည်ဆိုရာ၌လင်ငယ်နှင့်တစ်အိမ်တည်းအတူနေမှမဟုတ်ပါ။အမြဲလိုလိုသွားလာလှုပ်ရှားနေခြင်းမျိုးလည်းအကျုံးဝင်ပါသည်။

~~~မယားကလင်ဖြစ်သူနှင့်အတူနေထိုင်ရန်ငြင်းဆန်သည်ဆိုရာ၌ညှဉ်းပန်းနှိပ်စက်ခြင်း၊ဘာသာပြောင်းခြင်း၊မယားငယ်ယူခြင်း၊ယောက္ခမနှင့်မသင့်မြတ်ခြင်းစသည်တို့သည်လည်းလုံ​လောက်သည့်အကြောင်းများဖြစ်သည်ကိုသတိပြုပါ။စီရင်ထုံးများတွင်လမ်းညွှန်ထုံးပြုဆုံးဖြတ်ထားသည်ကို

အကျယ်တဝင့်ဖတ်ရှုနိုင်ပါသည်။

~~~နှစ်ဦးသဘောတူတကွဲတပြားစီနေသည်ဆိုခြင်းနှင့်ပတ်သပ်၍မူအထူးရှင်းပြစရာလိုမည်မဟုတ်ပါ။

...............................


မယးနှင့်ကလေးစရိတ်လျှောက်လွှာပုံစံ

~~~~~~~~~~~~~~~~~~~~~~

   .............မြို့နယ်တရားရုံး၌

.....ခုနှစ်၊ရာဇဝတ်အထွေထွေမှုမှုအမှတ်(.....)


လျှောက်ထားသူ        လျှောက်ထားခံရသူ

အမည်.........                             အမည်.........

နေရပ်............                           နေရပ်...........


အထက်အမည်ပါလျှောက်ထားသူကအောက်ပါအတိုင်းရ်ိုသေစွာဖြင့်လျှောက်ထားအပ်ပါသည်။


၁။ကျွန်မဒေါ်.......သည်လျှောက်ထားခံရသူဦး......၏တရားဝင်ဇနီးမယားဖြစ်ပါသည်။

၂။လျှောက်ထားသူသည်လျှောက်ထားခံရသူနှင့်...........ရက်နေ့ကလက်ထပ်ထိမ်းမြား၍နေရပ်လိပ်စာ..........တွင်အတူပေါင်းသင်းနေထိုင်ခဲပါသည်။

၃။ကျွန်မတွင်လျှောက်ထားသူနှင့်ပေါင်းသင်းခဲ့ရာသား.....သမီး.........တို့ရရှိခဲ့ပါသည်။

၄။လျှောက်ထားသူသည်နေအိမ်မှ......နေ့တွင်ထွက်ခွာသွားရာယခုတိုင်ပြန်မလာပါ။ငွေကြေးလည်းတစုံတရာမထောက်ပံ့ပါ။

၅။လျှောက်ထားသူသည်.....ရုံးတွင်တာဝန်ထမ်းဆောင်နေသောဝန်ထမ်းတဦးဖြစ်၍လစာငွေ.....ရသူဖြစ်ပါသည်။


သိုပါ၍...ဖော်ပြပါအကြောင်များကြောင့်ဤရုံးတော်မှမယားနှင့်ကလေးစရိတ်ချမှတ်ပေးပါရန်ရ်ိုသေစွာလျှောက်ထားအပ်ပါသည်။


ရက်စွဲ..........                    (လျှောက်ထားသူ)


**************************

~~~မယားနှင်က့လေးစရိတ်လျှောက်ထားမှုများကိုသမ္မန်မှုကဲ့သို့စစ်ဆေးပါသည်။လျှောက်ထားခံရသူသည်သမ္မန်စာချမှတ်ခြင်းဖြစ်စေ၊ရုံးသို့လာရန်ဖြစ်စေ၊တမင်တ်ိမ်းရှောင်နေလျှင်ဖြစ်စေတရားရုံးက...တစ်ဘက်သတ်အမိန့်(Ex.Parte Order)ချမှတ်နိုင်ပါသည်။


[ကိုကား....ဦးအော်သန်းထွန်း...တရားခွင်လက်တွေ့ပြစ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ...]

Comments