အတူနေတိုင်းလင်မယားမဟုတ်ပါ

အတူနေတိုင်း လင်မယားမဟုတ်

================


ဦးပုလေးနှင့် ဒေါ်ချစ်တို့သည် တွံတေးမြို့တွင် တစ်အိမ်တည်းမှာပင် အနှစ် ၂၀ ခန့် အတူနေထိုင် ကြသည်။ ဦးပုလေးက ၎င်းနှင့် ဒေါ်ချစ်တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြပါ သည်ဟု ဆိုသည်။ ဒေါ်ချစ်က လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှု မဟုတ်ပါ။ မိမိထက် အသက်များစွာကြီးသော ဦးပုလေးအား ရိုသေ လေးစားသောအားဖြင့် ပြုစုနေထိုင်ခဲ့ပါသည်ဟုဆိုသည်။ ထိုသို့ အနှစ် ၂၀ ခန့်က တစ်အိမ်တည်း အတူနေထိုင် ခဲ့၍ အိမ်နားနီးချင်းများ အပြော အဆိုမလွတ်သည့် အခြေအနေရောက်သည်။ ဦးပုလေးက ဒေါ်ချစ်အပေါ် လင်မယားကွာရှင်းလိုမှု တရားစွဲရာ ဗဟို တရားရုံးသို့ရောက်သည်။ ဗဟိုတရားရုံးက မြန်မာဓလေ့ထုံးတမ်း ဥပဒေ အရ လင်မယားအဖြစ် ပေါင်းသင်းနေထိုင် ခြင်းဆိုသည်မှာ တရား ဝင်လင်နှင့် မယားအထင် အရှား နေထိုင်ပေါင်းသင်းခြင်းကို ဆိုလိုသည်။ တိတ်တဆိတ်ပေါင်းသင်းစပ်ယှက်မှုမျိုုးမဟုတ်။ အိမ်နီးနားချင်းတို့က အတင်းအဖျင်းပြောဆိုခြင်း ခံရကာမျှနှင့်တရားဝင်လင်မယားအဖြစ် ရောက်ရှိပြီးဟု မဆိုနိုင်ချေ။ ဦးပုလေးနှင့် ဒေါ်ချစ်တို့သည် တရား ဝင်လင်မယားအဖြစ် မိတ် ဆွေသင်္ဂဟများကို ဧည့်ခံကျွေးမွေးခြင်း သာရေး နာရေး အစရှိသည်များသို လင်မယားအဖြစ် အတူတကွ သွားရောက်ခြင်း စသော အချက်အလက်များ အမှုတွင် မပေါ် ပေါက်ချေ။ မြန်မာဓလေ့ထုံးတမ်းအရ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှုဆိုင်ရာတွင် အကြင် လင်မယား အဖြစ် လူသိရှင်ကြား ပေါင်းသင်းဆက်ဆံမှုအထင်အရှားဖြစ် ရန်လိုပေသည်။ အိမ်တစ်ဆောင် မီးတစ်ပြောင်ဖြင့် အထင်အရှား လူသိနတ်ကြား အတူတကွ နေထိုင်ပေါင်းသင်းသည့် လင် မယားတို့၏ ပေါင်း သင်းမှုကိုသာ လင်မယားအဖြစ်ပေါင်းသင်းနေထိုင်မှု ဖြစ်သည်ဟု အကြောင်းပြပြီး ဦးပုလေးအား အရှုံးပေးသည်။ "ဦးပုလေးနှင့် ဒေါ်ချစ် ( ၁၉၇၆ မတစ ၄၁)။"


မြန်မာဗုဒ္ဓဘာသာ မိန်းမတစ်ယောာက်နှင့် ယောက်ျားတစ်ယောက်တို့သည် နှစ်ဦးသဘောတူလင်မယားအဖြစ် နေထိုင်ခြင်း ဟုတ်မဟုတ်ဆိုသည် ပြဿနာကိုတရားရုံးမှ ဆုံးဖြတ်ရန် ရှိလျှင် ၎င်းတို့အပေါ်ပြုမူဆက်ဆံပုံများ ကို မူတည်၍ ဆုံးဖြတ်ရမည်ဖြစ်သည်။ 

"မောင်မောင်နှင့် မစိတ်ကြည် ( ၁၉၄၀ ရန်ကုန် ၅၆၂)။


ဦးသက်ထွန်းမှာ အများက အသိအမှတ်ပြုထားသည့် မယားနှင့် သားသမီးများရှိသည်ဖြစ်ရာ အထင်အရှား မယားရှိစဉ်အခြားမိန်းမတစ်ဦးက မိမိသည် ကွယ်လွန်သူ၏ တရားဝင်မယားဖြစ်သည်ဟု အဆိုပြုပြီး အမွေ တောင်းလျှင် ထိုသူသည် တရားဝင်မယားဖြစ်ကြောင်းကို ယုံမှား သံသယ ကင်းအောင် ထင်ရှားပြရန် တာဝန်ရှိ သည်။ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးတို့ ဥပဒေအမြင်အရ တရားဝင်လင်မယားအဖြစ် ဆုံးဖြတ်ရာတွင် အခြေခံစဉ်စားရန် လိုအပ်သည့် အချက်များအရ စိစစ်ကြည့်လျှင် ဦးသက်ထွန်းက ဒေါ်ချစ်ချစ်ကို အိမ်တစ် ဆောင် မီးတစ်ပြောင်ထားပြီး အတူပေါင်းသင်းနေထိုင်မှုမရှိခြင်း ၊နှစ်ဦးအတူ တစ်အိမ်တည်းတွင် အတူတကွ နေထိုင်မှုမရှိခြင်း ညနေပိုင်းတွင်သာ ဦးသက်ထွန်းမှ ဒေါ်ချစ်ချစ်ထံ သွားလာဆက်ဆံတတ်ခြင်း ၊ ပစ္စည်းခန်းတွင် ပူးတဲ့ွဆက်ဆံမှုမရှိခြင်း၊ ဘုရားကျောင်းကန် အတူသွားလာနေထိုင်ကြောင်း မပေါ်ပေါက်ခြင်၊း ဒေါ်ချစ်ချစ်မှာ အိမ်ထောင်ဆက် များပြားခြင်း ၊အသုဘကိစ္စ ဆောင်ရွက်မှုအရ တရားဝင်မယားဟု ယူဆရန် ခက်ခဲခြင်း စသည့် အချက်များ ပေါ်ပေါက်နေသဖြင့် ကွယ်လွန်သူ ဦးသက်ထွန်းနှင့် ဒေါ်ချစ်ချစ် တို့သည် ဥပဒေအရ တရားဝင် လင်မယားမဟုတ်ဟု တိုင်းတရား ရုံးက ကောက်ယူဆုံးဖြတ်ပြီး အမှုကို ပလပ်ခဲ့ခြင်းမှာ များယွင်းခြင်း မရှိပေ။ 

"ဒေါ်ချစ်ချစ်နှင့် ဒေါ်စန်းရင် ( ၁၉၉၀ ခုနှစ် တရားမ ပထမ အယူခံမှုအမှတ်၃)မန္တလေး။


အထက်ဖော်ပြပါ စီရင်ထုံးများ၏ အကျဉ်းချုပ်သဘောတရားမှာ အိမ်တစ်ဆောင် မီးတစ်ပြောင်ဖြင့် အထင် အရှားလူသိနတ်ကြား အတူတကွ နေ ထိုင်ပေါင်းသင်းသည့် လင်မယားတို့၏ ပေါင်းသင်းမှုကိုသာ လင်မယား အဖြစ် ပေါင်းသင်းနေထိုင်မှု ရှိသည်ဟု ဆိုခြင်းဖြစ်ပေသည်။


တရားရုံးသို့ သို့၍ ကျမ်းကျိန်ဆိုပြီး ထိမ်းမြားလက်ထပ်ခြင်း သို့မဟုတ် ဆွေမျိုးမိတ်ဆွေ သင်္ဂဟများကို ဖိတ်ကြား ၍ ဧည့်ခံကျွေးမွေးပြီး ထိမ်း မြားလက်ထပ်ခြင်းစသည့် ထိမ်းမြားမှုအခမ်း အနားတစ်စုံတခုကို အထင်အရှားပြု လုပ်ခဲ့သူများအဖို႕လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှုရှိရန်မလိုတော့သော်လည်း ဆိုခဲ့သည့် ထိမ်းမြားလက် ထပ်မှုအခမ်း အနား တစ်စုံတစ်ခုမျှ မပြုလုပ်ခဲ့သူများအဖို့မှုကား လင်မယားအဖြစ် လူသိရှင် ကြားပေါင်းသင်း နေထိုင်မှုရှိရန် လိုပေသည်။


[စာညွှန်း- ဦးမြစိန်၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ အခြေခံမူများ၊ ( ၂၀၁၁ ပထမအကြိမ်) ၊ စာ ၂၁၊ ၂၂] ။ #DVBlawlab ။ 


(Zawgyi)


အတူနေတိုင်း လင်မယားမဟုတ်

================


ဦးပုလေးနှင့် ဒေါ်ချစ်တို့သည် တွံတေးမြို့တွင် တစ်အိမ်တည်းမှာပင် အနှစ် ၂၀ ခန့် အတူနေထိုင် ကြသည်။ ဦးပုလေးက ၎င်းနှင့် ဒေါ်ချစ်တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြပါ သည်ဟု ဆိုသည်။ ဒေါ်ချစ်က လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှု မဟုတ်ပါ။ မိမိထက် အသက်များစွာကြီးသော ဦးပုလေးအား ရိုသေ လေးစားသောအားဖြင့် ပြုစုနေထိုင်ခဲ့ပါသည်ဟုဆိုသည်။ ထိုသို့ အနှစ် ၂၀ ခန့်က တစ်အိမ်တည်း အတူနေထိုင် ခဲ့၍ အိမ်နားနီးချင်းများ အပြော အဆိုမလွတ်သည့် အခြေအနေရောက်သည်။ ဦးပုလေးက ဒေါ်ချစ်အပေါ် လင်မယားကွာရှင်းလိုမှု တရားစွဲရာ ဗဟို တရားရုံးသို့ရောက်သည်။ ဗဟိုတရားရုံးက မြန်မာဓလေ့ထုံးတမ်း ဥပဒေ အရ လင်မယားအဖြစ် ပေါင်းသင်းနေထိုင် ခြင်းဆိုသည်မှာ တရား ဝင်လင်နှင့် မယားအထင် အရှား နေထိုင်ပေါင်းသင်းခြင်းကို ဆိုလိုသည်။ တိတ်တဆိတ်ပေါင်းသင်းစပ်ယှက်မှုမျိုးမဟုတ်။ အိမ်နီးနားချင်းတို့က အတင်းအဖျင်းပြောဆိုခြင်း ခံရကာမျှနှင့်တရားဝင်လင်မယားအဖြစ် ရောက်ရှိပြီးဟု မဆိုနိုင်ချေ။ ဦးပုလေးနှင့် ဒေါ်ချစ်တို့သည် တရား ဝင်လင်မယားအဖြစ် မိတ် ဆွေသင်္ဂဟများကို ဧည့်ခံကျွေးမွေးခြင်း သာရေး နာရေး အစရှိသည်များသို လင်မယားအဖြစ် အတူတကွ သွားရောက်ခြင်း စသော အချက်အလက်များ အမှုတွင် မပေါ် ပေါက်ချေ။ မြန်မာဓလေ့ထုံးတမ်းအရ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှုဆိုင်ရာတွင် အကြင် လင်မယား အဖြစ် လူသိရှင်ကြား ပေါင်းသင်းဆက်ဆံမှုအထင်အရှားဖြစ် ရန်လိုပေသည်။ အိမ်တစ်ဆောင် မီးတစ်ပြောင်ဖြင့် အထင်အရှား လူသိနတ်ကြား အတူတကွ နေထိုင်ပေါင်းသင်းသည့် လင် မယားတို့၏ ပေါင်း သင်းမှုကိုသာ လင်မယားအဖြစ်ပေါင်းသင်းနေထိုင်မှု ဖြစ်သည်ဟု အကြောင်းပြပြီး ဦးပုလေးအား အရှုံးပေးသည်။ "ဦးပုလေးနှင့် ဒေါ်ချစ် ( ၁၉၇၆ မတစ ၄၁)။"


မြန်မာဗုဒ္ဓဘာသာ မိန်းမတစ်ယောက်နှင့် ယောက်ျားတစ်ယောက်တို့သည် နှစ်ဦးသဘောတူလင်မယားအဖြစ် နေထိုင်ခြင်း ဟုတ်မဟုတ်ဆိုသည် ပြဿနာကိုတရားရုံးမှ ဆုံးဖြတ်ရန် ရှိလျှင် ၎င်းတို့အပေါ်ပြုမူဆက်ဆံပုံများ ကို မူတည်၍ ဆုံးဖြတ်ရမည်ဖြစ်သည်။ 

"မောင်မောင်နှင့် မစိတ်ကြည် ( ၁၉၄၀ ရန်ကုန် ၅၆၂)။


ဦးသက်ထွန်းမှာ အများက အသိအမှတ်ပြုထားသည့် မယားနှင့် သားသမီးများရှိသည်ဖြစ်ရာ အထင်အရှား မယားရှိစဉ်အခြားမိန်းမတစ်ဦးက မိမိသည် ကွယ်လွန်သူ၏ တရားဝင်မယားဖြစ်သည်ဟု အဆိုပြုပြီး အမွေ တောင်းလျှင် ထိုသူသည် တရားဝင်မယားဖြစ်ကြောင်းကို ယုံမှား သံသယ ကင်းအောင် ထင်ရှားပြရန် တာဝန်ရှိ သည်။ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးတို့ ဥပဒေအမြင်အရ တရားဝင်လင်မယားအဖြစ် ဆုံးဖြတ်ရာတွင် အခြေခံစဉ်စားရန် လိုအပ်သည့် အချက်များအရ စိစစ်ကြည့်လျှင် ဦးသက်ထွန်းက ဒေါ်ချစ်ချစ်ကို အိမ်တစ် ဆောင် မီးတစ်ပြောင်ထားပြီး အတူပေါင်းသင်းနေထိုင်မှုမရှိခြင်း ၊နှစ်ဦးအတူ တစ်အိမ်တည်းတွင် အတူတကွ နေထိုင်မှုမရှိခြင်း ညနေပိုင်းတွင်သာ ဦးသက်ထွန်းမှ ဒေါ်ချစ်ချစ်ထံ သွားလာဆက်ဆံတတ်ခြင်း ၊ ပစ္စည်းခန်းတွင် ပူးတွဲ့ဆက်ဆံမှုမရှိခြင်း၊ ဘုရားကျောင်းကန် အတူသွားလာနေထိုင်ကြောင်း မပေါ်ပေါက်ခြင်၊း ဒေါ်ချစ်ချစ်မှာ အိမ်ထောင်ဆက် များပြားခြင်း ၊အသုဘကိစ္စ ဆောင်ရွက်မှုအရ တရားဝင်မယားဟု ယူဆရန် ခက်ခဲခြင်း စသည့် အချက်များ ပေါ်ပေါက်နေသဖြင့် ကွယ်လွန်သူ ဦးသက်ထွန်းနှင့် ဒေါ်ချစ်ချစ် တို့သည် ဥပဒေအရ တရားဝင် လင်မယားမဟုတ်ဟု တိုင်းတရား ရုံးက ကောက်ယူဆုံးဖြတ်ပြီး အမှုကို ပလပ်ခဲ့ခြင်းမှာ များယွင်းခြင်း မရှိပေ။ 

"ဒေါ်ချစ်ချစ်နှင့် ဒေါ်စန်းရင် ( ၁၉၉၀ ခုနှစ် တရားမ ပထမ အယူခံမှုအမှတ်၃)မန္တလေး။


အထက်ဖော်ပြပါ စီရင်ထုံးများ၏ အကျဉ်းချုပ်သဘောတရားမှာ အိမ်တစ်ဆောင် မီးတစ်ပြောင်ဖြင့် အထင် အရှားလူသိနတ်ကြား အတူတကွ နေ ထိုင်ပေါင်းသင်းသည့် လင်မယားတို့၏ ပေါင်းသင်းမှုကိုသာ လင်မယား အဖြစ် ပေါင်းသင်းနေထိုင်မှု ရှိသည်ဟု ဆိုခြင်းဖြစ်ပေသည်။


တရားရုံးသို့ သို့၍ ကျမ်းကျိန်ဆိုပြီး ထိမ်းမြားလက်ထပ်ခြင်း သို့မဟုတ် ဆွေမျိုးမိတ်ဆွေ သင်္ဂဟများကို ဖိတ်ကြား ၍ ဧည့်ခံကျွေးမွေးပြီး ထိမ်း မြားလက်ထပ်ခြင်းစသည့် ထိမ်းမြားမှုအခမ်း အနားတစ်စုံတခုကို အထင်အရှားပြု လုပ်ခဲ့သူများအဖို့လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှုရှိရန်မလိုတော့သော်လည်း ဆိုခဲ့သည့် ထိမ်းမြားလက် ထပ်မှုအခမ်း အနား တစ်စုံတစ်ခုမျှ မပြုလုပ်ခဲ့သူများအဖို့မှုကား လင်မယားအဖြစ် လူသိရှင် ကြားပေါင်းသင်း နေထိုင်မှုရှိရန် လိုပေသည်။


[စာညွှန်း- ဦးမြစိန်၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ အခြေခံမူများ၊ ( ၂၀၁၁ ပထမအကြိမ်) ၊ စာ ၂၁၊ ၂၂] ။ #DVBlawlab ။

Comments