ရွာဖက်မြေဝယ်

 ရွာတွေဖက်မှာ မြေဝယ်မယ်ဆိုရင် မြေ ပြေစာကို တောင်းကြည့်ပါ...


မြေ ပြေစာရဲ့ မြေအမျိုးအစားဆိုတဲ့နေရာမှာ ဘာအမျိုးအစားလဲဆိုတာ ကြည့်လိုက်ပါ...


ပြေစာထွက်တယ်..အခွန်ဆောင်နေရတယ်ဆိုပြီး နေထိုင်ဆောက်လုပ်ခွင့်အတွက် မြေယာဥပဒေအရ

တရားမဝင်တဲ့ မြေအမျိုးအစားတွေအများကြီးပါ...


ပုံစံ ၇ ပုံစံ ၁၀၅ တို့ဆိုတာတွေက လယ်မြေအဆင့်ပါ...လယ်ကလွဲလို့ အခြားစိုက်ပျိုးခွင့်တောင်မရှိပါဘူး...ဆောက်လုပ်နေထိုင်ဖို့ဆိုတာအဝေးကြီးကျန်ပါသေးတယ်...


ပြေစာမှာ R1 R2 R3 R4 ဆိုတာတွေ က လယ်ပျက်အဆင့်တွေပါ...တရားဝင်ဆောက်လုပ်နေထိုင်ခွင့်မရှိပေမယ့် မြန်မာပြည်မှာတော့ စျေးသက်သက်သာသာနဲ့ဝယ်ယူပြီး ဆောက်လုပ်နေထိုင်နေကြတာတွေ အများကြီးပါ...ဘာမှဖြစ်မလာခဲ့ရင်တော့ ဘာမှမဖြစ်ဖူးပေါ့ဗျာ...ဖြစ်လာခဲ့ရင်တော့ အဆောက်အအုံတွေဖြိုဖျက်ခံရမှာပါ...


ရွာမြေမှာ ပြေစာရဲ့မြေအမျိုးအစားကို ကြည့်လိုက်ရင် G တစ်လုံးတည်းက မြို့ရပ်ကွက်ရဲ့ ဂရမ်မြေအဆင့်ပါပဲ...တရားဝင်ဆောက်လုပ်နေထိုင်ခွင့်ရှိတဲ့တစ်ခုတည်းသောမြေအမျိုးအစားဖြစ်ပြီး..ဝယ်သူရဲ့အမည်ပေါက်ကို လွယ်လွယ်ကူကူလွှဲပြောင်းရယူနိုင်ပါတယ်...


G မြေအဆင့်ရောက်ဖို့ အဆင့်ဆင့်လျှောက်ယူရပါတယ်...R1 R2 R3 R4 ပြီးတော့ RG...... RG ပြီးမှ G အဆင့်ကိုရောက်ပါတယ်....

ခုချိန်မှာတော့ လယ်ပျက်တွေကို G အဆင့်ရောက်ဖို့

မလွယ်ကူတော့ပါဘူး...


အာဒကေလောင်းရင်တော့ ရတော့ရလိမ့်မယ်...ပါးပါးနဲ့မရဘူးနော်...သိန်းရာဂဏန်းလောက်လောင်းရပါလိမ့်မယ်...ဒါတောင် လုပ်စားတတ်တဲ့မြို့နယ်ဦးစီးမှူးတွေကြောင့် G အဆင့်အထွက်ပြပြီး နောက်နှစ်တွေမှာ ဒုံရင်းပြန်ရောက်သွားတာတွေလည်းရှိတတ်ပါတယ်....


ခိုင်မာပါတယ်ဆိုတဲ့ G မြေဆိုတာတောင် တစ်လက်ကိုင်လား အဆင့်ဆင့်ပြောင်းလား စုံစမ်းပါ..မြေစာရင်းမှာသွားစစ်ပါ....


မြေပိုင်ရှင်တွေနဲ့တိုက်ရိုက်ပြောဆိုပါ...အရှုပ်အရှင်းဖြစ်လာရင် ကြားခံပွဲစားတွေက ဘာမှရှင်းမပေးနိုင်ပါဘူး...တောရွာပွဲစားတွေက တရားဝင်လိုင်စင်ရတွေမဟုတ်ကြဘူးလေ...


အဖိုးနည်းရင်လည်းမဝယ်နဲ့...အမျိုးနည်းရင်လည်းမကြွယ်နဲ့ဆိုပေမယ့် ကိုယ်ကိုတိုင်တီးမိခေါက်မိရှိဖို့တော့ လိုပါလိမ့်မယ်...

Comments