အမူကိုအစမှပြန်လည်စစ်ဆေးခြင်းနှင့်ပတ်သက်၍သိထားသင့်သည့်ဥပဒေများ
အမူကိုအစမှပြန်လည်စစ်ဆေးခြင်းနှင့်ပတ်သက်၍သိထားသင့်သောဥပဒေများ
#ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၂၂၈(၁)(ဂ))တွင်-
အသစ်ပြန်စစ်ဆေးရန်ညွှန်ကြားနိုင်သည်ဟု ဖော်ပြထားသည်။
#ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ( ၂၆၀(၂) )တွင်-
"အကျဉ်းနည်း ဖြင့်စစ်ဆေး စီရင်နေစဉ် အတွင်းအမူမှာအကျဉ်းနည်းဖြင့်စစ်ဆေး စီရင်ရန် မသင့်သည့် အမူဟုရာဇဝတ်တရားသူကြီးက ဖြစ်စေခုံရုံးက ဖြစ်စေယူဆ လျှင်၎င်းရာဇဝတ်တရားသူကြီးသည်သို့မဟုတ်ခုံရုံးသည်စစ်ဆေးပြီးသောမည်သည့်သက်သေ ကိုမဆိုပြန်ခေါ်ရမည့်အပြင်ဤဥပဒေတွင်ပြဋ္ဌာန်းထားသည့်နည်းလမ်းအတိုင်းပြန်လည်စစ်ဆေးရမည်"ဟုဖော်ပြထားသည်။
#ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၃၅၀)တွင်-
ရာဇဝတ်တရားသူကြီးတစ်ဦးသည်စုံစမ်းစစ်ဆေးမူတစ်ရပ်တွင်ဖြစ်စေစစ်ဆေးစီရင်မူ တစ်ရပ်တွင်ဖြစ်စေကြားနာ၍သက်သေခံချက်အားလုံးကိုဖြစ်စေတချို့တဝက်ကိုဖြစ်စေရေးမှတ်ပြီးနောက်ထို အမူတွင်စစ်ဆေးစီရင်ပိုင်ခွင့်အာဏာကျင့်သုံးရန်အဆုံးသတ်သွား၍ယင်းအမူတွက်စစ်ဆေးစီရင်ပိုင်ခွင့်အာဏာရှိသူ အခြားရာဇဝတ်တရားသူကြီးကဆက်ခံသည့်အခါထိုဆက်ခံသော တရားသူကြီးသည်ရေးမှတ်ခဲ့သည့် သက်သေခံချက်များ အရဖြစ်စေ၎င်းရာဇဝတ်တရားသူကြီးကတစ်ပိုင်းတစ်စမိမိ ကတစ်ပိုင်းတစ်စရေးမှတ်သည့်သက်သေခံချက်များအရဖြစ်စေဆောင်ရွက်နိုင်သည်သို့မဟုတ်သက်သေများကိုပြန်လည်ဆင့်ခေါ်၍စုံစမ်းစစ်ဆေးမူကြို့ဖစ်စေအစမှပြန်လည်၍စစ်ဆေးစီရင်နိုင်သည်"ဟုပြဌာန်းထားသည်။
#ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ( ၃၅၁(၂) )တွင်-
" အခန်း၁၈အရစုံစမ်းစစ်ဆေးဆဲအခါတွင်ဖြစ်စေစစ်ဆေးစီရင်မူစတင်ပြီးနောက် ဖြစ်စေချုပ်ထားခြင်း ကိုပြုလုပ်သောအခါထိုသူနှင့်စပ်လျဉ်းသည့်မူခင်းကိစ္စဆောင်ရွက်ချက်များကိုအသစ်ပြန်လည်ဆောင်ရွက်၍သက်သေများကိုပြန်လည်ကြားနာရမည်"ဟုဖော်ပြထားသည်။
#ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၂၃(၁)(ခ)တွင်-
ပြစ်မူထင်ရှားစီရင်ခြင်းအပေါ်အယူခံသည်အမူတွင်-
(၁) ဆုံးဖြတ်ချက်နှင့်ပြစ်ဒဏ်ကိုပယ်ဖျက်၍တရားခံအားအမူမှအပြီးပြတ်ဖြစ်စေစွဲချက်မတင်မီဖြစ်စေလွှတ်နိုင်သည်သို့မဟုတ်အဆိုပါတရားရုံး၏လက်အာက်ဖြစ်သောစီရင်ပိုင်ခွင့်အာဏာရှိသည့်တရားရုံးတစ်ရုံးကပြန်လည်စစ်ဆေးစီရင်ရန်သို့မဟုတ်စစ်ဆေးစီရင်ရန်အတွက်လွှဲအပ်တင်ပို့ရန်ညွှန်ကြား ရမည်"ဟုပြဌာန်းထားသည်။
#သက်သေခံဥပဒေပုဒ်မ( ၁၆၇)တွင်-
"သက်သေခံချက်ကိုနည်းလမ်းမကျလက်ခံခဲ့သည့်သို့မဟုတ်နည်းလမ်းမကျပဲပယ်ခဲ့သည့်ဟူ၍ကန့်ကွက်လျှင်ကြားနာသည့်တရားရုံးသည်နည်းလမ်းမကျပဲလက်ခံကြောင်းကန့်ကွက်ထားသော်လည်းလက်ခံခဲ့သောသက်သေခံချက်မပါရှိပဲနှင့်ပင်မမူလအမူတွင်ချမှတ်ခဲ့သောဆုံးဖြတ်ချက်မှာလုံလောက်သောသက်သေထင်ရှားရှိကြောင်းသို့မဟုတ်ပယ်ခဲ့သောသက်သေခံချက်ကိုလက်ခံခဲ့လျှင်လည်းအဆိုပါဆုံးဖြတ်ချက်ကိုတစ်နည်းတစ်ဖုံပြောင်းလဲမည်မဟုတ်ကြောင်းဖြင့်မြင်ပါကဖော်ပြပါအကြောင်းတစ်ခုခုကိုသာအကြောင်းပြု၍အဆိုပါအမူကိုအသစ်တစ်ဖန်စစ်ဆေးစီရင်ခြင်းသို့မဟုတ်အဆိုပါအမူတွင်ချမှတ်ထားသောဆုံးဖြတ်ချက်ကိုပယ်ဖျက်ခြင်းမပြုရဟုဖော်ပြထားပါသည်။
#တရားရုံးများလက်စွဲအပိုဒ်( ၄၉၈)တွင်-
"ပုဒ်မ ၃၅၀သည်ရာထူးတစ်ခုတည်းတွင်ရာဇဝတ်တရားသူကြီးတဦးကိုအခြားရာဇဝတ်တရားသူကြီးကဆက်ခံသည့်အမူများကို၎င်းတရားရုံးတရုံးမှတခြားတရားရုံးတရုံးသို့လွှဲပြောင်းပေးသည့်အမူများကိုရည်ညွှန်းသည်။
ဆက်ခံသည့်ဒုတိယရာဇဝတ်တရားသူကြီးသည်အမူကိုစတင်ဆောင်ရွက်သည့်အခါတရားခံကသက်သေများပြန်၍စစ်မေးစေလိုလျှင်ပြန်၍စစ်မေးစေရန်လျှေက်ထားနိုင်ခွင့်ရှိသည့်ပြဋ္ဌာန်းချက်ကိုသိရှိနားလည်ကြောင်းကျေနပ်ခြင်းရှိစေရမည့်အပြင်ထိုအကြောင်းကိုလည်းအမူစစ်ဆေးသည့်အခါရေးထားရမည်"ဟုဖော်ပြထားသည်။
#တရားရုံးများလက်စွဲအပိုဒ် (၄၉၉)တွင်-
" ပုဒ်မ ၃၅၀အရအသစ်ပြန်၍စစ်ဆေးသောအမူတွင်တရားလိုဘက်သက်သေများနှင့်တကွတရားခံကိုပါအသစ်တဖန်ပြန်၍စစ်ဆေးရမည့်ပြင်စွဲချက်ကိုလည်းအသစ်ပြန်၍တင်ရမည် ဟုဖော်ပြထားသည်။
#တရားရုံးများလက်စွဲအပိုဒ် (၇၀၈)တွင်-
" တရားခံတဦးကိုမူလစစ်ဆေးစီရင်မူတွင်ထောင်ဒဏ်ချမှတ်ရာအထက်တရားရုံးကအယူခံတွင်ဖြစ်စေပြင်ဆင်မူတွင်ဖြစ်စေအမူကိုပြန်၍စစ်ဆေးစီရင်စေရန်အမိန့်ချမှတ်သောအခါထို့ပြင်ပြန်၍စစ်ဆေးစီရင်ရာ၌လည်းတရားခံကိုထောင်ဒဏ်တဖန်ချမှတ်သောအခါနောက်ချမှတ်သောထောင်ဒဏ်သည်ပြန်၍စစ်ဆေးစီရင်သည့်အမူတွင်စီရင်ချက်ချမှတ်သောနေ့မှအစပြုရမည်ဖြစ်၍မူလစီရင်ချမှတ်သောနေ့မှအစပြုရမည်ဟု ဖော်ပြထားပါသည်။
#တရားရုံးများလက်စွဲအပိုဒ်( ၁၁၂၃)
"ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၃၅၀အရဖြစ်စေအခြားအကြောင်းတခုခုကြောင့်ဖြစ်စေအမူတမူတည်းတွင်သက်သေတဦးကိုပထမစစ်မေးခြင်းနှစ်ကြိမ်ပြုလုပ်သောအခါထိုသက်သေ၏အစစ်ခံချက်နှစ်ခုကိုပူးတွဲမထားရ"ဟုဖော်ပြထားပါသည်။
#တရားရုံးများလက်စွဲအပိုဒ်( ၁၁၂၇)တွင်
ရာဇဝတ်မူများတွင်အယူခံတရားရုံးကဖြစ်စေပြင်ဆင်တရားရုံးကဖြစ်စေအသစ်ပြန်၍စစ်ဆေးစီရင်ရန်အမိန့်ချမှတ်သောအခါအသစ်ပြန်၍စစ်ဆေးစီရင်သောအမူတွဲမှာသီးခြားနံပါတ်ဖြင့်မှတ်ပုံတင်ရမည့်သီးခြားအမူတွဲတရပ်ဖြစ်ရမည်"ဟုဖော် ပြထားသည်။
တရားရုံးချုပ်၏( ၇-၁၂-၈၈)ရက်စွဲပါအမှာစာအမှတ်၁၁၇/စု-၁၉/၁၃(ထွေ)၈၈ တွင်-
လွှဲပြောင်းလက်ခံစစ်ဆေးသည့်အမူတွင်တရားခံလာရောက်ပါကပြစ်မူဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၃၅၀အရအစမှပြန်လည်စစ်ဆေးလိုခြင်းရှိမရှိတရားခံဆန္ဒကိုမေးပြီးနေ့စဉ်မှတ်တမ်းတွင်ဖေါ်ပြရန်လိုအပ်ခြင်း။ပြစ်မူဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၃၅၀(က)အရအခွင့်ရေးပေးခဲ့ကြောင်းပေါ်လွင်အောင်ရေးသားဖေါ်ပြရန်လိုအပ်ခြင်း။
တရားရုံးချုပ်၏(၂၃-၁၂-၈၈)ရက်စွဲပါစာအမှတ်၄၉၄/၁၆၅/၈၈(လထန)
ပြစ်မူဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၃၅၀အရအမူကိုအစ မှပြန်စစ်ခြင်း
(က)- စစ်ဆေးဆဲအမူတွင်တရားသူကြီးအပြောင်းအလဲရှိလျှင် အမူကိုအစမှစစ်ဆေးလိုသည်ရောက်သည့်အဆင့်မှစစ်ဆေးလိုသည်ကိုတရားခံအားမလွဲမသွေမေးမြန်းပြီးတရားခံကအစမှပြန်စစ်လိုကြောင်းတောင်းဆိုလျှင်အစမှပြန်စစ်ပါ ။
(ခ)အစမှပြန်စစ်သည့်ကိစ္စများတွင်ဦးတိုက်လျှေက်ထားမှု၌ပြစ်မူကျင့်ထုံး ၂၀၀ အရပြန်စစ်ရန်မလိုပါ
(ဂ)အစမှပြန်စစ်သဘ်ဆိုရာ၌ Trail၏အစမှာတရားရုံးရောက်သည့်အချိန်မှစကြောင်းသတိပြုပါ
(ဃ)တရားခံမှအစမှပြန်မစစ်လိုစေကာမူတရားသူကြီးကအစမှပြန်စစ်လိုကြောင်းတွေ့ရလျှင်အစမှပြန်စစ်ပါ
(င)ရဲအရေးမပိုင်သောအမူအင်ဖြစ်လင့်ကစားအမူကိုအစမှပြန်စစ်လျှင်သက်သေစရိတ်ကိုအစိုးရကျခံပါ
(စ)အမူမှာမူလကပင်တစ်စုံတစ်ရာစစ်ဆေးခြင်းမရှိသေးလျှင်အမူကိုအစမှပြန်စစ်ရန်လိုမလိုမေးမြန်းရန်မလိုပါ ဟုညွှန် ကြားထားသည်။
(၁)အမူကိုအစမှပြန်လည်စစ်ဆေးရန်တရားခံ၏တောင်း ဆိုခွင့်
တရားခံကစွပ်စွဲချက်ကို မငြင်းဆိုသည့်အမူတွင် ဆက်ခံသည့် တရားသူကြီးကပုဒ်မ ၃၅၀အရ တရားခံအားစစ်ဆေး ပြီး သက်သေများကို ပြန်ခေါ်၍ စစ်ဆေးခွင့်ရှိကြောင်း စစ်ဆေးရာတွင်လည်း ပြန်လှန်မေးခွန်းများမေးမြန်းနိုင်ကြောင်း အသိ ပေးသင့်သည်။ထိုသို့အသိပေးကြောင်းနှင့်ဖြေကြားချက်ကိုလည်း မှတ်တမ်းတင်ထားသင့်သည်။
( Chit Tun and 4 Others V. Crown 1900.02,Vol LBR 238 )
ဆက်ခံသည့် တရားသူကြီးသည် ပုဒ်မ၃၅၀အရ အမူကို အစမှပြန်လည်စစ်ဆေးခြင်းနှင့် ယခင်တရားသူကြီးစစ်ဆေးပြီးအဆင့်မှ ဆက်လက်ဆောင်ရွက်ခြင်းတို့ပြုလုပ်နိုင်သည်။
တရားခံက စစ်ဆေးပြီးသက်သေအားလုံးကို ဆင့်ခေါ်စေလိုလျှင် ဆင့်ခေါ်၍ စစ်ဆေးရန်တာဝန်ရှိသည်။ဤအမူတွင်တရားခံ၏ရှေ့နေက စစ်ဆေးပြီးသက်သေအားလုံးကိုဆင့်ခေါ်လိုသော်လည်းအားလုံးကို မခေါ်ဘဲအချို့ကိုသာခေါ်ပြီး စစ်ဆေး သဖြင့် ကျန်သက်သေများကို စစ်မေးခွင့်မရပေ။သို့ဖြစ်၍ ချမှတ်ထားသည့် တရားရှင်လွှတ်မိန့်ကိုပယ်ဖျက်ပြီး အစမှ ပြန်လည်စစ်ဆေးစေရမည်။
( King-emperor V.Nga or.1903-04,Vol.II ,LBR,17)
ပုဒ်မ ၃၅၀(၁)အရ စစ်ဆေးပြီးသက်သေများကို တရားခံ ကပြန်လည်ခေါ်ယူစစ်ဆေးရန် တောင်းဆိုခွင့်ရှိပြီး ထိုသို့ တောင်းဆိုလာသည့်အခါ စစ်ဆေးပြီးသက်သေကိုပြန်လည်ခေါ်ရန်သာရှိသည်။ယခင်တရားသူကြီးက တရားရှင်လွှတ် သည့်အမိန့်ကို ပယ်ဖျက်ရန်အာဏာမရှိ။
( ပြည်ထောင်စု မြန်မာနိုင်ငံနှင့်၁။မောင်တင်မောင် ၂။မောင်အုန်းမြိုင် ၃။မောင်အောင်သန်း ၁၉၇၁၊မတစ၊၅၁)
#အမူကိုမလိုအပ်ပဲအစမှပြန်လည်စစ်ဆေးရန်မသင့်
ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေပုဒ်မ၆(၁) အရ ဒဏ်ငွေသာချပြီး ထောင်ဒဏ်မပါသဖြင့် ပြင်ဆင်မူဖွင့်ရာ တွင် ပြစ်ဒဏ်မှာဥပဒေနှင့်မညီသဖြင့် အမူကိုပြန်လည်စစ်ဆေး စေရန် ချမှတ်ခြင်းနှင့်စပ်လျဉ်း၍ အမူကိုမလိုဘဲလည်းပြန်လည် စစ်ဆေူခြင်းမပြုအပ်။ပြန်လည်စစ်ဆေးခြင်းဖြင့် ကြန့်ကြာခက် ခဲတတ်သည်။သက်သေများကိုရှာဖွေခေါ်ယူရန်မလွယ်ဖြစ်တတ်သည်။အချိန်ကြာသဖြင့် သက်သေများအချက်အလက်မေ့ ပျောက်နေတက်သည်။ထို့ကြောင့်မလွှဲမရှောင်သာမှအမူကိုပြန် လည်စစ်ဆေးစေသင့်သည်။အထက်ရုံးကအမှားကိုပြင်၍ အပြီးအပြတ်ဆုံးဖြတ်နိုင်သမျှ ဆောင်ရွက်ပေးအပ်သည်။
ပြန်လည်၍စစ်ဆေးစေသောအမူသည် အမူသစ်ဖြစ်သဖြင့် စစ်ဆေးစီရင်ခြင်းအဓိပ္ပါယ်ပြည့်ဝအောင် တရားလိုဘက်မှ လည်းစွပ်စွဲချက်ကိုသက်သေထူ၍ခိုင်မာစေရမည်။တရားခံ ဘက်ကလည်းစွပ်စွဲချက်မမှန်ကြောင်းခုခံချေပ သက်သေပြနိုင် ရမည်။
( မောင်စိုးသိန်း ပါ၅ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၇၂ မတစ၊၁၅)
မယားခိုးမူဖြင့်စွဲဆိုသည့်အမူကို စစ်ဆေးနေစဉ် တရား စီရင်ရေးအဖွဲ့ပေါ်လာပြီး အမူလွှဲပြောင်းစစ်ဆေးရာ၌တရား ခံကပြန်လည်စစ်ဆေးစေရန်တောင်းဆိုခြင်းမပြုဘဲ အမူကို ကြိမ်ဖန်များစွာချိန်း၍၅လခန့်ကြာမှတောင်းဆိုခြင်းကို ခွင့်ပြုလိုက်ခြင်းမှာ ဥပဒေနှင့်မညီညွတ်သည့်အပြင် အမူကြန့်ကြာ စေရန်အားပေးရာရောက်သည်။ဆက်လက်စစ်ဆေးခြင်းဖြင့် တရားခံမနစ်နာနိုင်။
( ကိုကျော်ဝေနှင့်ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင် ငံတော် ၁၉၇၆၊မတစ၊၇)
Comments
Post a Comment