ဂရန်အတုကိစ္စ
ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။
အရင်တုန်းကအဖြစ်အပျက်လေးပါ
မိတ်ဆွေတစ်ယောက်မှကျွန်တော့အားဖုန်းဆက်ပါတယ်၊ဆရာကျွန်မမြောက်ဒဂုံမြို့နယ်၊ဘုရင့်နောင်လမ်းမှာမြေကွက်စျေးတန်လို့စရံပေးလိုက်ပါတယ်။
မြေကွက်လပ်ဖြစ်ပြီး၊ဂရန်အမည်ပေါက်ဆီကဝယ်ထားတယ်လို့ပြောပါတယ်၊မြေဂရံမူရင်းနဲ့အရပ်ကတိစာချုပ်ကိုပြပါတယ်၊ဂရန်မှန်မမှန်လေးစစ်ပေးစေလိုကြောင်းပြောပါတယ်၊
စာချုပ်ချုပ်တဲ့နေကကြသပတေးနေ့ပါ၊အင်္ဂါနေ့မှာမူလဂရန်အမည်ပေါက်ဆီကအထူးကိုယ်စားလှယ်လွှဲစာလွှဲခိုင်းပေးမည်ဟုပြောပါတယ်။
ကိုယ်စားလှယ်လွှဲစာလွှဲတဲ့နေ့မှာငါးဆယ်ရာခိုင်နုန်းချေခိုင်းပါတယ်တဲ့၊အခုတော့ငွေသားတစ်ဆယ့်ငါးသိန်းနဲ့kbzbankချက်လက်မှတ်သိန်းငါးဆယ်စရံပေးခဲ့ပါတယ်၊
ချက်လက်မှတ်ကိုတနင်္လာနေ့နေ့စွဲနဲ့ပေးခဲ့ကြောင်းပြောပါတယ်။
ကျွန်တော်လည်းviberနဲ့မိတ္တူပို့ပေးလိုက်ပါစစ်ပေးမယ်လို့ပြောပါတယ်၊
viber မှမိတ္တူများကိုကြည့်သောအခါ လက်မှတ်များမမှန်ခြင်း၊မြေပုံဆွဲထားသည်မှာမူမမှန်ခြင်းကြောင့်ဂရန်အတုဟုထင်ကြောင်း၊
အဆင်ပြေရင်မြေဂရန်မူရင်းကိုဓာတ်ပုံရိုက်ပြီးviber နဲ့ပို့ပေးပါရန်ပြောလိုက်ပါတယ်။အဲ့တော့မှ ရောင်းသူကတနင်္လာနေ့မြို့တော်စည်ပင်တွင်
ဂရန်မူရင်းလာပြမည်လို့ပြောပါတယ်၊စည်ပင်တွင်စစ်ဆေးနိုင်ကြောင်းပြောပါတယ်။
ကျွန်တော်လည်း တနင်္လာနေ့အစောဆုံးဘဏ်ကိုသွားပြီးချက်လက်မှတ်ကိုထုတ်လို့မရအောင်သွားတားခိုင်းလိုက်ပါတယ်၊စစ်ဆေးပြီးလို့မှန်တယ်ဆိုရင်ကိုယ်တိုင်လိုက်ထုတ်ပေးရန်မှာလိုက်ပါတယ်။
ချိန်းထားတဲ့နေ့တော်တော်နဲ့မလာပါဘူးရောင်းသူကချက်ကိုသွားထုတ်တယ်ထုတ်မရမှကျွန်တော်တို့ဆီလာတယ်၊ဂရန်မူရင်းပြတယ်၊စစ်ကြည့်လိုက်တော့၉၀% အတုပါ၊ကျိန်းသေအောင်ဌာနမှာစစ်ပေးမယ်ဆိုပြီးခေါ်တော့ရောင်းသူကသူမအားလို့ဆိုပြီးသူ့အသိတစ်ယောက်ထည့်ပေးလိုက်တယ်၊ဌာနကအတုလို့ပြောတယ်။
ကျွန်တော်လည်းရောင်းသူတို့ကိုဓာတ်ပုံရိုက်ထားပြီးချက်လက်မှတ်နဲ့ငွေတစ်ဆယ့်ငါးသိန်းပြန်လာပေးရန်နှင့်ပြန်လာမပေးရင်အမူ့ဖွင့်မယ်လို့ပြောလိုက်ပါတယ်။ချက်လက်မှတ်တော့ပြန်ရတယ်၊ငွေတော့ပြန်မရပါဘူး။
အမူုဖွင့်မည်ဆိုတော့လည်းကျွန်တော့မိတ်ဆွေက အလုပ်ရှုပ်မှာစိုးလို့အမူ့မဖွင့်လိုကြောင်းပြောပါတယ်။ခြောက်ဆယ့်ငါးသိန်းအလိမ်မခံရပဲတစ်ဆယ့်ငါးသိန်းသာပါသွားလို့ကျွန်တော့်အားကျေးဇူးတင်ကြောင်းပြောပြီးပြန်သွားပါတယ်။
[မြေကွက်ပိုင်ရှင်အစစ်အားထိခိုက်လိုတဲ့စိတ်မရှိပါဘူး၊]
ရောင်းချသူများမှာ ပွဲစားဟန်ဆောင်ခြင်း၊ပိုင်ရှင်ဟန်ဆောင်ပြီးခပ်တည်တည်နဲ့ရောင်းချကြပါတယ်၊စည်ပင်တွင်မြေရာဇဝင်စစ်လျင်လည်းအမည်ပေါက်မှန်နေတက်ပါတယ်၊ဂရန်အတု၊မှတ်ပုံတင်အတုများကိုင်ဆောင်တက်ပါတယ်။မြေကွက်ပြင်ပပေါက်စျေးထက်ထက်ဝက်ခန့်သက်သာနေတက်ပါတယ်၊ဝယ်သူလောဘတက်သွားအောင်ပါ၊စျေးအရမ်းသက်သာနေရင်သတိထားပါ။
Comments
Post a Comment