ပစ္စည်းခွဲဝေစေလိုမှုပလပ်လျှင် အသစ်စွဲရမရ
တရားမကျင့်ထုံအမိန့်. ၉၊ နည်း.၉အရ ပလပ်သောအမိန့်ကို"ပစ္စည်းခွဲဝေပေးစေလိုမှု"များတွင် ယင်းခေါင်းစဥ်ဖြင့် အမှုသစ်ထပ်မံစွဲ၍ရ/မရ...
~~~ တရားမကျင့်ထုံအမိန့်. ၉၊ နည်း.၉အရ တရားလိုမလာ၍ အမှုကိုပလပ်ရာ ပြန်ဖွင့်ပေးရန် လျှောက်ထားချက်ကိုပယ်ရာတွင် ယင်အမှုဖြစ်ကြောင်းခြင်ရာအပေါ် အမှုသစ် ထပ်မံတရားစွဲဆိုခွင့်မရှိပါ။ ယင်းပြဌာန်းချက်သည် ပစ္စည်းခွဲဝေပေးစေလိုမှု များနှင့် အကျုံးမဝင်ပါ။ ပစ္စည်းခွဲဝေပေးစေလိုမှုသည် တရားစွဲဆိုရန်အကြောင်း ထပ်ခါထပ်ခါ ပေါ်ပေါက်သည်ဖြစ်၍ အမှုသစ်ထပ်မံစွဲဆိုနိုင်ပါသည်။
[မောင်ဘဘတူ နှင့် မသက်စုပါ.၄၊ အိုင်အယ်(လ်)အာ.၅၊ ရန်ကုန်၊ စာ.၇၈၅]
~~~ပစ္စည်းခွဲဝေပေးစေလိုမှုတွင် တရားစွဲဆိုရန် အချင်းဖြစ်အကြောင်းအရာသည် ထပ်တလဲလဲပေါ်ပေါက်သည်ဖြစ်၍ ပစ္စည်းခွဲမပေးသေးသရွေ့ကာလပတ်လုံး တရားစွဲဆိုရန် နေ့စဥ်နှင့်အမျှ ပေါ်ပေါက်နေမည်ဖြစ်၍ ကာလစည်းကမ်းသတ်နှင့်ပတ်သက်၍ သတ်မှတ်ပြဌာန်းချက်မရှိပါ။
[မရှမ်းပါ.၅ နှင့် ဦးသန်းမြင့်၊ ၁၉၉၀၊ မတစ၊ စာ.၈၈]
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Comments
Post a Comment