တရားမမှုတွင် ကိုယ်စားလှယ် လွှဲအပ်ဆောင်ရွက်ခြင်း အမျိုးမျိုး

(၁) အခွင့်ရ ကိုယ်စားလှယ်အဖြစ် ဆောင် ရွက်ရန် အထူးကိုယ်စားလှယ် လွှဲစာ သို့မဟုတ်အထွေထွေကိုယ်စားလှယ် လွှဲစာဖြင့် လွှဲအပ်ဆောင်ရွက်ခြင်း။

 (#တရားမကျင့်ထုံးဥပဒေ အမိန့်၃ ၊နည်း၁)

(၂) တရားဝင် ကိုယ်စားလှယ်က သေဆုံးသူ အမူသည် ကိုယ်စားဆောင်ရွက်ခြင်း။

(#တရားမကျင့်ထုံးဥပဒေ အမိန့် ၂၂၊နည်း ၃ နှင့် ၄ )

၃)အမူသည် အချင်းချင်း ကိုယ်စားလှယ်လွှဲအပ်ဆောင်ရွက်ခြင်း။

(#တရားမကျင့်ထုံးဥပဒေ အမိန့်၁၊နည်း၁၂)

(၄)နိုင်ငံခြားမှ ကိုယ်စားလှယ် လွဲအပ်ခြင်း။

(#သက်‌သေခံအက်ဥပဒေပုဒ်မ ၈၅ နှင့် #တရားမကျင့်ထုံးဥပဒေ  အမိန့်၃၊နည်း၁)

(၅)အကျိုးသက်ဆိုင်သူ လူအများ ကိုယ်စားစွဲဆိုခြင်း နှင့် ဆိုင်ပြိုင်ခြင်း။

(#တရားမကျင့်ထုံးဥပဒေ အမိန့်၁၊နည်း၈)

(၆)အများပြည်သူ စိတ်ငြိုငြင်စေမူအတွက်ကိုယ်စားပြု စွဲဆိုခြင်း။

(#တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၉၁)

(၇)အများပြည်သူဆိုင်ရာ လှူဒါန်းမူနှင့်သာသနာရေးဆိုင်ရာ ယုံမှတ်အပ်နှံမူနှင့် ဆိုင်ရာယုံမှတ်မူနှင့် ဆိုင်သည့် အမူတွင် ကိုယ်စားပြုစွဲဆိုခြင်း။

(#တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၉၂)

(၈)အစိုးရက တရားလိုသို့မဟုတ် တရားပြိုင်အဖြစ် စွဲဆိုသည့် အမူတွင် တာဝန်ရှိသူအစိုးရဝန်ထမ်းက ကိုယ်စားဆောင်ရွက်ခြင်း။

(#တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၇၉ နှင့် #တရားမကျင့်ထုံးဥပဒေ အမိန့် ၂၇)

(၉)ကြည်း၊ရေ၊လေ တပ်မတော်သားများကတရားလို သို့မဟုတ် တရားပြိုင် အဖြစ်ပါဝင်သော အမူတွင် ကိုယ်စားလိုက်ပါဆောင်ရွက်ခြင်း။

(#တရားမကျင့်ထုံးဥပဒေ အမိန့် ၂၈)

(၁၀)ကုမ္ပဏီ ၊ကော်ပိုရေးရှင်းက တရားလိုသို့မဟုတ် တရားပြိုင်အဖြစ် စွဲဆိုသည့် အမှုတို့တွင် ကိုယ်စားဆောင်ရွက်ခြင်း။

(#တရားမကျင့်ထုံးဥပဒေ အမိန့် ၂၉)

အစုစပ်လုပ်ငန်းက တရားလို သို့မဟုတ်တရားပြိုင်အဖြစ် စွဲဆိုမူတွင် ကိုယ်စားဆောင်ရွက်ခြင်း။

(#တရားမကျင့်ထုံးဥပဒေ အမိန့် ၃၀)

ယုံကြည်အပ်နှံခြင်း ခံရသူ၊သေတမ်းစာအတည်ပြုသူနှင့် အမွေထိန်းများက တရားလိုသို့မဟုတ် တရားပြိုင်အဖြစ် စွဲဆိုမူတွင်ကိုယ်စားဆောင်ရွက်ခြင်း။

(#တရားမကျင့်ထုံးဥပဒေ အမိန့် ၃၁)

စိတ်မနှံ့ သူနှင့် အရွယ်မရောက်သေးသူများအတွက် နီးစပ်ရာ ဆွေမျိုးမိတ်ဆွေက ကိုယ်စားပြုစွဲဆိုခြင်း သို့မဟုတ် ဆိုင်ပြိုင်ခြင်း။

(#တရားမကျင့်ထုံးဥပဒေ  ပုဒ်မ၁၄၇ နှင့်အမိန့် ၇ ၊နည်း၁ (ဃ) နှင့် အမိန့် ၃၂)

အချို့အမူများတွင် သေတမ်းစာ အတည်ပြုသူ၊အမွေထိန်းနှင့် အခွင့်အရေး ဆက်ခံသူများက တရားဝင် ကိုယ်စားလှယ်အဖြစ် စွဲဆိုခြင်းသို့မဟုတ် ဆိုင်ပြိုင်ခြင်း။

(The Legal Representative Suits Act,1855)

တရားမမူ၌ ရှေ့နေ ကိုယ်စားလှယ်လွှဲအပ်ခြင်း။

(#တရားမကျင့်ထုံးဥပဒေ အမိန့် ၃ ၊နည်း၁ နှင့် ၄)



(ဆရာဦးကျော်စိန် ရေးသောတရားမလက်တွေ့ နှင့် အဆိုအချေများ စာအုပ်

မှ ကူးယူဖော်ပြပေးထားသည်)

Comments