အမွေဆက်ခံပိုင်ဆိုင်ကြောင်းမြေပံုမြေရာဇဝင်ကူးခြင်း
🏠အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံမြေရာဇဝင်ကူးယူခြင်း✍️✍️✍️
[ဂရန်မြေ/ဘိုးဘွားပိုင်မြေ]🏡🏕🏡
မြေအမည်ပေါက်ပိုင်ရှင်များဖြစ်သောမိခင်
ဖခင်ကွယ်လွန်ခြင်း၊ ဇနီး ခင်ပွန်း ကွယ်လွန်ခြင်း၊ညီအကိုမောင်နှမ များကွယ်လွန်ခြင်း တို့ကြောင့် ကျန်ရစ်သူများမှာ အဆိုပါမြေကွက်အားရောင်းချလိုခြင်း[သို့မဟုတ်]၊မိမိတို့အမည်သို့ ပြောင်းလိုပါက မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေစီမံခန့်ခွဲမူးဌာနတွင်
ဥပဒေနှင့်အညီ အမွေဆက်ခံပိုင်ဆိုင်ကြောင်း
မြေပုံကူးရပါတယ်။
အမွေဆက်ခံပိုင်ဆိုင်ကြောင်းမြေပုံကူးရန် လိုအပ်သောစာရွက်စာတမ်းများမှာ👇👇👇
-မြေငှားဂရန်မူရင်း[ဘိုးဘွားပိုင်မြေဆိုလျင် နောက်ဆုံးအမည်ပေါက်ခဲ့သော မှတ်ပုံတင်စာချုပ်မူရင်း]
-သေစာရင်းမူရင်း
-အမွေဆက်ခံပိုင်ဆိုင်ကြောင်း ပြုလုပ်မည့်သူရဲ့သန်းခေါင်စာရင်းမူရင်း
-မှတ်ပုံတင်မူရင်း
-မြေခွန်ပြေစာမူရင်း[ဘိုးဘွားပိုင်မြေဆိုမလိုပါ]
-ဥပဒေနှင့်အညီပြုလုပ်ထားသော အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကျမ်းကျိမ်လွှာတစ်စောင်နှင့် ကျမ်းကျိန်ဆိုသူရဲ့အချက်လက်များ မှန်ကန်ကြောင်းထောက်ခံကျမ်းကျိန်
နှစ်စောင် [ယခုအခါရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှယနေ့ အမူ့တွဲဖွင့်မည်ဆိုလျင်ယနေ့ နေ့စွဲဖြင့်ကျိန်ဆိုထားသော ကျမ်းကျိန်လွာဖြစ်ရပါမည် ။
လုပ်နေကျမဟုတ်သောပြည်သူများအနေဖြင်အခက်ခဲရှိနိုင်ပါသည်။]
-အမွေဆက်ခံမည့်သူမှာ အလုပ်မအားသဖြင့်လည်းကောင်း၊ကျန်းမာရေးမကောင်းသဖြင့်လည်ကောင်း၊ မိမိကိုယ်စားဆောင်ရွက်ပေးမည့်သူအား စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးမှာ အထွေထွေကိုယ်စားလှယ်စာပေးပြီးဆောင်ရွက်နိုင်ပါတယ်။အထွေထွေကိုယ်စားလှယ်စာဖြင့်ဆောင်ရွက်မည်ဆိုပါက ပါဝါမရုတ်သိမ်းကြောင်း၊ပါဝါပေးသူသက်ရှိ ထင်ရှားရှိကြောင်းကျမ်းကျိန်လွှာပါရပါမည်။
ရန်ကုန်မြို့တော်စည်ပင်၊မြေ/ယာဌာနမှာ တစ်ပါတ်လျင် တနလာင်္၊ဗုဒ္ဓဟူး၊သောကြာ နေ့များတွင်သာ
အမူ့တွဲဖွင့်လှစ်ခြင်းကိုလက်ခံဆောင်ရွက်ပေးပါတယ်။မူရင်းနှင့်တကွ မိတ္တူတစ်စုံဆွဲသွားပါ၊
ဌာနမှပေးသောပုံစံဖြည့်ပါ။
ဝန်ဆောင်ခငွေသွင်းရပါမည်။
အထက်ဖော်ပြပါစာရွက်များစုံလျင်အမှုတွဲဖွင့်လို့ရပါပြီ။
မြေကွက်အားအရောင်းအဝယ်ပြုလုပ်မည်ဆိုပါက ပိုင်ဆိုင်ကြောင်းမြေပုံနှင့်အရောင်းအဝယ်ပြုလုပ်ရန်မြေပုံ ပူတွဲကူးယူနိုင်ပါတယ်။
အမှုတွဲဖွင့်ပြီးသုံးပါတ်ခန့်အကြာဌာနမှကွင်းဆင်းစစ်ဆေးပါတယ်။ထို့နောက်ဌာနမှသတင်းစာကြေငြာထည့်ရန်အတွက်ဌာနမှရေးထားသောသတင်းစာကြေငြာစာပေးပါတယ်။ထိုစာရွက်အားယူပြီးလျောက်ထားသူမှ ကြေးမုံ၊မြန်မာ့အလင်း၊မြို့တော်သတင်းစာတိုက်များတွင်ကိုယ်တိုင် တစ်စောင်စီထည့်ရပါတယ်။သတင်းစာ
သုံးစောင်တွင်ပါသည့်အခါ အဆိုပါသတင်းစာမူရင်း
သုံးစောင်အား အမူ့တွဲကိုင်ကြီးကြပ်ရေးမူးထံ သွားပို့
ပေးရပါတယ်။သတင်းစာရက်ပြည့်ပြီးကန့်ကွက်မူ့
မရှိသည့်အခါ နှစ်ပါတ်ခန့်ကြာလျင်မြေပုံထုတ်လို့
ရပါပြီ။
အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေငြာစာချုပ် ချုပ်ဆိုခြင်း👇👇👇
မြေပုံရလျင် စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်အမွေဆက်ခံပိုင်ဆိုင်ကြောင်းမှတ်ပုံတင်စာချုပ်ချုပ်လို့ရပါပြီ။
-မြေငှားဂရန်မူရင်း[ဘိုးဘွားပိုင်မြေဆို လျင် နောက်ဆုံးအမည်ပေါက်ခဲ့သော မှတ်ပုံတင်စာချုပ်မူရင်း]
-သေစာရင်းမူရင်း
-အမွေဆက်ခံပိုင်ဆိုင်ကြောင်းပြုလုပ်မည့်သူရဲ့
မှတ်ပုံတင်မူရင်း
-ဥပဒေနှင့်အညီပြုလုပ်ထားသော အမွေဆက်ခံပိုင်ဆိုင်ကြောင်းကျမ်းကျိမ်လွှာတစ်စောင်
-အမွေဆက်ခံမည့်သူမှာ အလုပ်မအားသဖြင့်လည်ကောင်း၊ကျန်းမာရေးမကောင်းသဖြင့်လည်ကောင်း၊ မိမိကိုယ်စားဆောင်ရွက်ပေးမည့်
သူအား စာချုပ်စာတမ်းများမှတ်ပုံတင်ရံ ုးမှာ အထွေထွေကိုယ်စားလှယ်စာပေးပြီးဆောင်ရွက်နိုင်ပါတယ်။အထွေထွေကိုယ်စားလှယ်စာဖြင့်ဆောင်ရွက်မည်ဆိုပါက ပါဝါမရုတ်သိမ်းကြောင်း၊ပါဝါပေးသူသက်ရှိ
ထင်ရှားရှိကြောင်းကျမ်းကျိန်လွှာပါရပါမည်။
-အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေငြာစာချုပ်ရိုက်သွားပါ၊အဆိုပါစာချုပ်တွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်းမြေပုံ
အားပူးတွဲထားပါ။
အထက်ဖော်ပြပါ စာရွက်များနှင့်စာချုပ်အားမိတ္တူတစ်စုံနှင့် ဌာနသို့ပြသရန်မူရင်းများယူသွားပါ။
စာချုပ်ရုံးမှာ မှတ်ပုံတင်မည့်နေ့တွင် မြေကွက်အားကန့်ကွက်ထာခြင်းရှိမရှိ၊
ပါဝါဖြင်ဆောင်ရွက်ပါက အဆိုပါ ပါဝါအား
ရုတ်သိမ်းထားခြင်း၊ကန့်ကွက်ထားခြင်းရှိမရှိအမူ့တွဲခန်းတွင် စစ်ဆေးရန်မမေ့ပါနှင့်။
မှတ်ပုံတင်ပြီးလျင် ၊သုံးပါတ်ပြည့်ပါက မှတ်ပုံတင်စာချုပ်အားထုတ်ယူနိုင်ပါပြီ။
Comments
Post a Comment