စာချုပ်စာတမ်းများ
စာတမ်းအမှတ်အသား/စာချုပ်စာတမ်း/ငွေပေးကတိစာချုပ်/ ငွေလွှဲစာချုပ်/ခံဝန်ချုပ်၊
ကုန်စည်ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းအထောက်အထားတို၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ...
စာတမ်းအမှတ်အသား(Document)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
~~~စာတမ်းအမှတ်အသားဆိုသည်မှာ အကြောင်းတစ်စုံတစ်ရာကိုမှတ်သားရန် သုံးစွဲနိုင်သော သို့မဟုတ် သုံးစွဲရန်ကြံရွယ်သော အက္ခရာ၊ ဂဏန်း သို့မဟုတ် တစ်ခုထက်ပိုသော ယင်းနည်းများဖြင့် မည်သည့်ဝတ္ထုပေါ်တွင်မဆို ရေးမှတ်ထားသည့် အရာတစ်ခုခုကို ဆိုသသည်။ ယင်းစကားရပ်တွင် အီလက်ထရောနစ်မှတ်တမ်းနှင့် သတင်းအချက်အလက်များလည်းပါဝင်သည်။
[သက်သေခံအက်ဥပဒေပုဒ်မ.၃]
စာချုပ်စာတမ်း(Instrument)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
~~~စာချုပ်စာတမ်းဆိုသည်မှာ သေတမ်းစာမဟုတ်သည့် စာချုပ်စာတမ်းများကိုဆိုလိုသည်။
[ပစ္စည်းလွှဲပြောင်ခြင်းဥပဒေပုဒ်မ.၃]
ငွေပေးကတိစာချုပ်(Promissory Note)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
~~~ ငွေပေးကတိစာချုပ်ဆိုသည်မှာ ချုပ်ဆိုသူက အတိအကျဖော်ပြထားသောငွေကို သူတစ်ပါးအား အတိအကျကန့်သတ်ထားသည့်အချိန်တွင်ဖြစ်စေ၊ တောင်းဆိုသည့်အခါဖြစ်စေ၊ ငွေပေးကတိစာချုပ်တင်ပြသည့်အခါဖြစ်စေ ပေးဆပ်ရန်ခြွင်းချက်မရှိ ဝန်ခံသောစာချုပ်ကိုဆိုသည်။
[ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ. ၂(၉)]
ငွေလွှဲစာချုပ်(Bill of Exchange)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
~~~ ငွေလွှဲစာချုပ်ဆိုသည်မှာ ဟွန်ဒီနှင့် ချက်လက်မှတ်တို့ပါဝင်သည်။
[ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ. ၂(၂)]
ခံဝန်ချုပ်(Bond)
°°°°°°°°°°°°°°°°°°
~~~ခံဝန်ချုပ်ဆိုသည်မှာ ကိစ္စအလိုက်သတ်မှတ်ထားသော ပြုလုပ်မှုတစ်ခုကို ဆောင်ရွက်လျှင် သို့မဟုတ် မဆောင်ရွက်လျှင် ချုပ်ဆိုထားသော ခံဝန်ပျက်ပြားရမည်ဟူသော စည်းကမ်းချက်ဖြင့် တစ်ဦးတစ်ယောက်သောသူက သူတစ်ပါးအား ငွေပေးရန် ခံဝန်ပြုသော စာချုပ်ပါဝင်သည်။
[ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ. ၂(၃)]
ကုန်စည်ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းအထောက်အထား(Document of title to goods)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
~~~ကုန်စည်ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းအထောက်အထားဆိုသည်မှာ ကုန်တင်လက်မှတ်၊ ဆိပ်ကမ်းကုန်ရုံမှပစ္စည်းထုတ်ယူရန် ပိုင်ရှင်အားပေးသည့်လက်မှတ်၊ ကုန်လှောင်ရုံပိုင်လက်မှတ်၊ ဆိပ်ခံတံတားပိုင်ရှင်များလက်မှတ်၊ မီးရထားတန်စာ၊ ကုန်စည်လက်ရောက်ပေးအပ်ရန်လက်မှတ် သို့မဟုတ် အမိန့်စာ၊ထို့ပြင် သာမန်အရောင်းအဝယ်လုပ်ရိုးလုပ်စဥ်၌ အသုံးပြုသောကုန်စည် လက်ရှိဖြစ်ကြောင်းကိုဖြစ်စေ၊ ကုန်စည်ကိုစီမံအုပ်ချုပ်ကြောင်းကိုဖြစ်စေ၊ သက်သေထင်ရှားစေသည့် သို့မဟုတ် စာချုပ်စာတမ်း လက်မှတ်လက်ရှိဖြစ်သူအား အဆိုပါလက်မှတ်၌ဖော်ပြသည့် ကုန်စည်ကိုလွှဲပြောင်းပေးရန်ဖြစ်စေ၊ လက်ခံရန်ဖြစ်စေ တစ်ဆင့်ရေး မှတ်ချက်ဖြင့်သော်
လည်းကောင်း၊ ပေးအပ်ခြင်းဖြစ်သော်လည်းကောင်း အခွင့်အပ်နှင်းသည့် သို့မဟုတ် အခွင့်အပ်နှင်းရာရောက်သည့် အခြားစာချုပ်စာတမ်းလက်မှတ် တစ်စုံတစ်ရာလည်းပါဝင်သည်။
[ကုန်စည်ရောင်ချခြင်းအက်ဥပဒေပုဒ်မ.၂(၄)]
Comments
Post a Comment