သားသမီးအုပ်ထိန်းခွင့်

"လင်မယားကွာရှင်းလျှင် သားသမီးအုပ်ထိန်းခွင့်ဘယ်သူရမလဲ"


လင်မယားတွေ ရန်ဖြစ်ပြီဆို မယားလုပ်သူက ကလေးခေါ်ဆင်းသွားတာ လင်က ကလေးခေါ် ဆင်းသွားတာတွေ ဖြစ်နေကျ / ပြီးမှ သားကိုမအေ သမီးကိုအဖေ ပိုင်တယ်ဆိုပြီး ကလေးလုကြ ပြဿနာဖြစ်ကြနဲ့ နောက်ဆုံး ကြားထဲက၊ကလေးက မြေစာပင်ဖြစ် / စိတ်ဒဏ်ရာတွေရ ကလေးရှေ့ရေး မကောင်းဖို့များသွားပြီ( တကယ်တော့ )( သား ) ဆို အမေပိုင် ( သမီး ) ဆို အဖေပိုင်တယ်ဆိုတာ မြန်မာပြည်မှာမှမဟုတ် ( ကမ္ဘာ့ဘယ်နိုင်ငံတရားရုံး) ကမှ မဆုံးဖြတ်ပါဘူး ။၂ယောက်ပေါင်းသင်းလို့ မွေးလာတဲ့ကလေးဖြစ်လို့ ပိုင်ဆိုင်ခွင့် ဆတူရှိပါတယ်။ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူမျိူး / ယဉ်ကျေးမှု့ / ဓလေ့ထုံးတမ်း စတာတွေကွာလို့ ပြဌာန်းဥပဒေ ကွာကြပေမယ့် ကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွာဟမှု့သိပ်မရှိကြပါဘူး။။မြန်မာနိုင်ငံမှာ ကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့ မြန်မာ့ဓလေ့ထုံးတမ်းအရ တရားရုံးတွေက အောက်ပါအတိုင်း ဆုံးဖြတ်ပေးကြပါတယ်။

( 1 ) ရင်ခွင်ပိုက်အရွယ် ( မွေးကင်းစမှ ၂ နှစ် ၃ နှစ် ) အထိ မိခင်သာလျင် အုပ်ထိန်းခွင့် ရပါမယ်။

( 2 ) ကလေးရဲ့ ဆန္ဒ ပေါ်မူတည်ပါမယ်။

( 3 ) မိဘ ၂ ပါးရဲ့ ဝင်ငွေအဆင့်အတန်းပေါ်မူတည်ပါမယ်။

( 4 ) မိဘ ၂ ပါးရဲ့ အကျင့်စာရိတ္တပေါ် မူတည်ပါမယ်။

( 5 ) ကလေးနေထိုင်ကြီးပြင်းရမယ့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းပေါ်မူတည်ပါမယ်။

( 6 ) အဓိကအချက်ကတော့ ကလေးရဲ့နောင်ရေးအား လက်ရှိအနေထက် ပိုမိုသာလွန်အောင် ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။

စတဲ့အချက်တွေပေါ် အခြေခံပြီး တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ပေးတာဖြစ်ပြီး။( အထူးသတိပြုရမှာက )ကလေးအုပ်ထိန်းခွင့် ဆိုတာ အုပ်ထိန်းခွင့်ပဲ ပေးတာဖြစ်ကာ အပိုင်ပေးလိုက်တာ မဟုတ်တဲ့အတွက် ၊အုပ်ထိန်းခွင့် မရသူက ကလေးကို လာ

တွေ့တဲ့အခါ ရုံးတော်ကသတ်မှတ်ပေးထားတဲ့အတိုင်း အခါအားလျော်စွာ တွေ့ခွင့်ပေးရပါမယ်။

နင့်စရိုက်တွေ ကူးမှာစိုးလို့ / ရှင့်လို အရက်သမား ဖဲသမားဖြစ်မှာစိုးလို့ ကလေးနဲ့ပေးမတွေ့နိုင်ဘူးတို့ကလေးကို ဖွက်ထားတာတို့၊ကျိုးကြောင်းညီညွတ်မှုမရှိတဲ့အကြောင်းပြချက်တွေနဲ့ ကလေးကို တစ်နေရာ ပို့ထားတာမျိူးတို့( ဆိုရင်တော့ )ရရှိပြီးသား ကလေးအုပ်ထိန်းခွင့်ကို ရုံးတော်က ပြန်လည်ရုပ်သိမ်းမှာဖြစ်ပါကြောင်း ကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့သိလိုသူများအတွက် ဖြေကြားပေးလိုက်ပါတယ်။

Comments