လယ်ယာမြေရောင်းမှားဝယ်မှား

 လယ်မြေ အကြောင်းသိကောင်းစရာနှင်

ရောင်းမှားဝယ်မှားသတိထား..

********************************


မြေဝယ်မကျ  မြေကြီးကရွှေသီး ဆိုသောစကား

အတိုင်း  မြေဝယ်ထားခြင်းဖြင့် နောင်ရေးစိတ်အေး

ရသည်ဟူသောယူဆချက်အတိုင်း နေရေးအတွက်လည်း

ဝယ်ကြသည်။ တဆင့်ပြန်ရောင်းချရန်လည်းဝယ်ကြသည်။ ဘယ်လိုပင်ဝယ်ဝယ် အရောင်းအဝယ် မမှားကြစေရန်တော့

သတိထားကြရန် လိုအပ်မည်ဖြစ်ပါသည်။


အထူးသဖြင့် "လယ်ယာမြေ"  ယင်းမြေတွင် မည်သည့်မြေ

မျိုးတွေပါသနည်း ။ ၂၀၁၂လယ်ယာမြေဥပဒေပုဒ်မ ၃(က)

အရ "လယ်ယာမြေ" ဆိုသောစကားရပ်တွင်လယ်မြေ

ယာမြေ ကိုင်းကျွန်းမြေ တောင်ယာမြေ နှစ်ရှည်ပင် 

စိုက်ပျိုးသောမြေ ဓနိမြေ ဥယျာဉ်မြေ  ဟင်းသီးဟင်းရွက်

ပန်းမန်စိုက်ပျိုးသည့်ခြံမြေ  မြေနုကျွန်းမြေအားလုံးပါဝင်

သည်ဟုပြဌာန်းထားပါသည်။


လယ်ယာမြေကို အချို့က မြေစာရင်းပုံစံ ၁၀၅ ပြ၍

ိုရောင်းချနေသည်ကိုလည်းတွေ့ရ ပြန်သည်။

လယ်မြေကိုရောင်းချ၍ရပါသလား ဆန်းစစ်ကြည့်ရန်

လိုအပ်ပါသည်။ ၂၀၁၂လယ်ယာမြေဥပဒေပုဒ်မ ၃(ဃ)

အရ လယ်ယာမြေသည် နိုင်ငံတော်ပိုင်ဖြစ်သည်။

တနည်းအားဖြင့်အစိုးရပိုင်ဖြစ်သည်။ လယ်ယာမြေကို

လူပုဂ္ဂိူလ်တစ်ဦးချင်း အရောင်းအဝယ်ပြုလုပ်ခွင့်မရှိပါ။

ထိုသို့ပြုလုပ်လျှင် ရောင်းချပိုင်ခွင့်မရှိသောသူထံမှ

ရောင်းချခွင့်မရှိသောမြေကို ဝယ်ယူဖြင်းဖြစ်သည့်

အတွက် အရောင်းအဝယ်စာချုပ်သည် ပဋိညာဉ်

ဥပဒေပုဒ်မ ၂၃ အရ ပျက်ပြယ်ပါသည်။ ဥပဒေကြောင်း 

အရအတည်မဖြစ်ပေ။


တစ်ချို့က ပုံစံ၁၀၅ ရှိနေတာဘဲဟု စောဒကတက်ချင်

ကြသည်။ ပုံစံ ၁၀၅ (မြေပုံ)သည် တည်နေရာက်ု

ညွှန်ပြသည့် အထောက်အထားတစ်ခုသာဖြစ်ပေသည်။

ပိုင်ဆိုင်မှုစာချုပ်စာတမ်း(Title deed)မဟုတ်သဖြင့်

ဤပုံစံဖြင့် ရောင်းချခြင်း ပြုလုပ်နိုင်မည်မဟုတ်ပါ။

ပုစံ၁၀၅ ၏ သက်သေခံတ်န်ဘိုးကို


 ဦးအောင်သိန်းပါ ၂နှင့် ဒေါ်အမပါ၂ ၁၉၇၂ မတစ စာ၇၃ ။

 ဦးဘိုးငယ်နှင့် ဗွီရပါးချစ်တီးယား ၁၉၅၂ မတစ စာ၁၀၈ ။ 

တွင်ပြဆိုထားသဖြင့်လေ့လာသင့်ပေသည်။


ထိုသို့ဆိုလျှင် လယ်ယာမြေကို မည်သည့်ပုံစံဖြင့်

ရောင်းချနိုင်သနည်း ဆက်လက်လေ့လာရန် လိုအပ်

ပေသည်။ ၂၀၁၂ လယ်ယာမြေဥပဒေပုဒ်မ၃(ဃ)

အရ  လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ၇)ကို

ဥပဒေနှင့်အည်ီ လုပ်ပိုင်ခွင့်ရသူက ရောင်းချခွင့်ရှိပါသည်။

သို့ရာတွင် ဝယ်သူအနေဖြင့် အဆိုပါမြေသည်အစိုးရမြေ

ဖြစ်သည့်အတွက်ပိုင်ဆိုင်ခွင့်မရပါ။ လယ်ယာမြေလုပ်

ပိုင်ခွင့်လက်မှတ်(ပုံစံ ၇)တွင် သတ်မှတ်ပေးထားသော

သီးနှံများကို ဆက်လက်လုပ်ကိုင်ခွင့်ရှိပေသည်။

တနည်းအားဖြင့် လယ်ယာမြေကိုလက်ရှိထားစိုက်ပျိုးခွင့်

(possessory title)ရရှိပေမည်။


ပုံစံ ၇ ကို အရောင်းအဝယ်ပြုလုပ်ရာတွင်လည်း

ရောင်းသူဝယ်သူကြည်ဖြူပြီး နှစ်ဦးသဘောတူအရပ်

ကတိစာချုပ်ချုပ်ဆိုယုံဖြင့် မလုံလောက်။ လယ်ယာမြေ

ဥပဒေပါနည်းလမ်းများအတိုင်းဆောင်ရွက်မှတရားဝင်

ပြီးအမည်ပြောင်းလဲခွင့်ရရှိပေမည်။ လယ်ယာမြေဥပဒေ

ပုဒ်မ ၁၈နှင့် နည်းဥပဒေ ၂၄(က)နှင့်(ခ)အရ လယ်ယာမြေ

အရောင်းအဝယ်ပြုလုပ်ရာတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု

လယ်ယာမြေစီမံခန့်ခွဲမှအဖွဲ့ရှေ့မှောက်တွင် သတ်မှတ်သည့်

မြေတန်ဘိုအတိုင်းတံဆိပ်ခေါင်းကပ်၍ စာချုပ်ချုပ်ဆိုရသည်။

စာချုပ်ချုပ်ဆိုသည့်နေ့မှစ၍ရက်ပေါင်း(၁၂၀)အတွင်း

မြိုနယ်မြေစာရင်းဦးစီးဌာနတွင်မှတ်ပုံတင်မှသာဥပဒေနှင့်

အညီတရားဝင်လွှဲပြောင်းခွင့်ရရှိမည်ဖြစ်ပါသည်။


ပုံစံ၇ တရားဝင်ဝယ်ယူလွဲပြောင်းခွင့်ရရှိထားသည်

ထိုလယ်ယာမြေကို ပိုင်ဆိုင်ခွင့်(legal title)မရပါ။

သို့ရာတွင် လက်ရှိထားစိုက်ပျိုးလုပ်ကိုက်ခွင့်(possessory

title)ရရှိပါမည်။ ထိုမြေပေါ်တွင် ပုံစံ၇ပါ သတ်မှတ်

ထားသည်းနည်းလမ်းပါသီးနှံက်ု စိုက်ပျိုးခွင့်ရှိပါသည်။

နည်းလမ်းပြောင်းစိုက်ပ်ျုးခွင့်မရှိပါ။ လယ်မြေပေါ်တွင်

အိမ်ဆောက်ခြင်း ဓါတ်ဆီဆိုင်ဖွင့်ခြင်း စားသောက်ဆိုင်

ဖွင့်ခြင်း စသည့်အခြားနည်းလမ်းများအသုံးပြုခွင့်မရှိပေ။

အခြားနည်းအသုံးပြုပါကလယ်ယာမြေဥပဒေပုဒ်မ

၁၂(ဆ)ပါစည်းကမ်းကိုဖေါက်ဖျက်ရာကျသဖြင့်

ယင်းဥပဒေပုဒ်မ ၁၉ ပါစီမံခန့်ခွဲရေးပြစ်ဒက်များ

ပုဒ်မ၃၅ ပါတရားရုံးပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ပါသည်။


ပုံစံ(၇)ရရှိသူတစ်ဥိးသည် လယ်ယာမလုပ်ခြင်တော့ဘဲ

လယ်မြေပေါ်တွင် အခြားနည်းသုံးစွဲလိုပါက 

ပုံစံ(၇)ရရှီသူသည်သက်သေခံမြေပုံ(၂)ပုံကူးယူ၍

လယ်ယာမြေဥပဒေပါ ပုံစံ(၁၄)ဖြင့်မြိုနယ်မြေစာရင်း

ဦးစီးဌာနသို့လျှောက်ထားရပါသည်။ အထက်အဖွဲ့အစည်း

အဆင့်ဆင့်တင်ပြစီစစ်ပြီးနောက် အခြားနည်းသုံးစွဲခွင့်အမိန့်

ကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုဖြစ်လျှင်ပုံစံ(၁၅)ဖြင့်

လည်းကောင်း  တိုင်းဒေသကြီး/ပြည်နယ်အစိုရအဖွဲ့

ဖြစ်လျှင် ပုံစံ(၁၅-က)ဖြင့်ခွင့်ပြုမိန့်ထုတ်ပေးပါသည်။

ထိုပုံစံများသည် လက်ရှိထားလုပ်ကိုခွင့်အမိန့်များသာ

ဖြစ်သည့်အတွက် မြေပိုင်ဆိုင်ခွင့်( title deed)မဟုတ်

သေးပါ။ ထိုမြေပေါ်တွင် လယ်ယာမြေမှတစ်ပါး သတ်မှတ်

ပေးသည့် အခြားနည်းလုပ်ကိုင်ခွင့်သာဖြစ်ပါသည်။

ပုံစံ(၁၅)ပုံစံ၁၅(က)ဖြင့် ဂရန်ဆက်လက်လျှောက်ထားရ

ပါသည်။ ထို့နောက်  ခရိုင်အုပ်ချုပ်ရေးမှူး(ကော်လိတ္တော်

အရာရှိ)များမှ လယ်မြေအခြေခံဖြစ်၍  စက်မှု/စီးပွါး

ဂရန်(မြေငှားစာချုပ်)များဖြင့်ချပေးလေ့ရှိပါသည်။

မြိုမြေမဟုတ်သဖြင့် လူနေအိမ်ယာဂရန်များ ချထားပေး

ခြင်းမျီုးတော့မတွေ့ရှိသေးပါ။ စက်မှု/စီးပွါးဂရန်များ

ရရှိပါက မြေပိုင်ဆိုင်မှု (title deed)ဖြစ်လာကြောင်း

တွေ့ရှိရပါသည်။


လယ်ယာမြေဥပဒေပုဒ်မ ၁၉(သ်ု)၃၅ ပြစ်ဒဏ်သည်

လယ်ယာမြေလုပ်ပိုင်ခွင့်(ပုံစံ၇)ရရှိသူ အပေါ်သာ

ချမှတ်ခွင့်ရှိပြီး  ပုံစ(ံ၇)မရရှိသူအပေါ် အမိန့်

ချမှတ်ထားပါက ဥပဒေနှင့်မညီသဖြင့်ပြည်ထောင်စုတရား

လွှတ်တ်ေချုပ်သို့စာချွန်တော်လျှောက်ထားရာ ထိုအမိန့်

ပယ်ဖျက်ခဲ့ကြောင်း


 ဒေါ်ခင်စန်းလွင် နှင့် ဥက္ကဌ ပြည်နယ်လယ်ယာစီမံခန့်ခွဲမှုအဖွဲ့

 (မွန်ပြည်နယ်) ပါ ၄ 

၂၀၁၆ မတစ စာ၅၅

တွင်လေ့လာနိုင်ပါသည်


သို့ဖြစ်၍ လယ်ယာမြေကို ဥပဒေနှင့်မညီမဟုတ်ဘဲ ဝယ်ယူ

အိမ်ဆောက်သူများသည်  မြေနှင့်အိမ်ကို သ်မ်းဆည်း

ခံနိုင်ရဖွယ်ရှိခြင်း  ဖယ်ရှားခံနိုင်ရဖွယ်ရှိခြင်း တို့ပြင်

တည်ဆဲဥပဒေတစ်ရပ်ရပ်အရ  အရေးယူခံနိုင်ရခြင်း

တို့ကြောင့်  သေချာလေ့လာစိစစ်ဝယ်ယူသင့်ပါကြောင်း

တင်ပြပေးလိုက်ရပါသည်။

Comments