သားသမီးမွေးပြီးမှလက်ထပ်စာချုပ်ပြုလုပ်ခြင်း
ဗုဒ္ဓဘာသာဝင်များအနေဖြင့် လက်ထပ်စာချုပ်ချုပ်ဆိုခြင်း၊ တရားရုံးတက်လက်မှတ်ထိုးခြင်းများပြုလုပ်ခြင်းမရှိခဲ့ဘဲ မြန်မာ့ဓလေ့ထုံးတမ်းအရ မင်္ဂလာပွဲပြုလုပ်လက်ထပ်ပေါင်းသင်းခြင်း၊ရဟန်းသံဃာများအားပင့်ဖိတ်ဆွမ်းကပ်ပြီး လက်ထပ်ပေါင်းသင်းကြခြင်း၊ ရိုသေလေးစားရသောလူကြီးမိဘများကို သက်သေထား၍လက်ထပ်ပေါင်းသင်းကြခြင်း၊ အရွယ်ရောက်ပြီးသူများနှစ်ဦးသဘောတူ အခမ်းအနားတစ်စုံတစ်ရာမပြုလုပ်ဘဲတရားဝင်လင်မယားအဖြစ်နေထိုင်ပေါင်းသင်းကြခြင်းများ ပြုလုပ်ပြီး အိမ်ထောင်တစ်ခုကိုထူထောင်လေ့ရှိကြတာများပါသည်။မည်သို့သောလက်ထပ်ပေါင်းသင်းခြင်းဖြစ်ပါစေ လင်မယားအဖြစ်လူသိရှင်ကြား တရားဝင်လင်မယားအဖြစ်နေထိုင်ပေါင်းသင်းကြခြင်းဖြစ်ပါက တရားဝင်အကြင်လင်မယားအရာမြောက်ပါသည်။
လက်ထပ်စာချုပ်ပြုလုပ်ချုပ်ဆိုထားခြင်းမရှိသောတချို့လင်မယားစုံတွဲများအနေဖြင့် ကလေးမွေးဖွားပြီးနောက် အလုပ်အတွက်လိုအပ်ချက်အရ
ဖြစ်စေ၊ မိမိတို့လက်ထပ်ပေါင်းသင်းခြင်းသည်တရားဝင်လင်မယားအရာမြောက်မှု့ ပိုခိုင်မာစေရန်အတွက် လက်ထပ်စာချုပ် ပြန်လည်ပြုလုပ်ချုပ်ဆိုခြင်းကို လုပ်ဆောင်ချင်လာကြလေ့ရှိပါသည်။
ပေါင်းသင်းနေထိုင်လာကြပြီးကလေးရရှိပြီးမှလက်ထပ်စာချုပ်ပြုလုပ်ချုပ်ဆိုခြင်းရဲ့ အကျိုးဆက်ကိုသိရှိနိုင်စေရန်အတွက်ရည်ရွယ်ရေးသားဖော်ပြပါသည်။
၁။တရားရုံးများတွင်လက်ထပ်စာချုပ်ကိုပြုလုပ်ချုပ်ဆိုနိုင်သော်လည်းBackdate နဲ့ပြုလုပ်လို့မရသည့်အတွက်ယနေ့လက်ထပ်စာချုပ်ပြုလုပ်လျှင် ယနေ့ရက်စွဲဖြင့်သာရရှိပါမည်။ထိုသို့လက်ရှိ နေ့ရက်ဖြင့်ပြုလုပ်ရသောကြောင့် မိမိတို့ရင်သွေး သားဦးကလေးသည် လက်ထပ်စာချုပ်ရဲ့ရက်စွဲထက်ရှေ့ရောက်နေသောကလေးအဖြစ်ရောက်ရှိသွားမည်ဖြစ်တဲ့အတွက် တရားဝင်သားသမီးအရာရှိရန်ခက်ခဲသွားသောကြောင့် ကလေးကိုမွေးစားသည့်အနေ
ဖြင့်မွေးစားစာချုပ်ထပ်မံချုပ်ဆိုရပါမည်။
အကယ်၍လက်ထပ်စာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းတွင် ကလေးထပ်မံမွေးဖွားလာပါကမိမိတို့ရင်သွေးရင်းများပင်ဖြစ်သော်လည်း နောင်တစ်ချိန်ရ ရှိလာမည့်ဥပဒေပါအခွင့်အရေးများကိုရရှိခြင်းမတူညီနိုင်ကြ တော့ပါ။လက်ထပ်စာချုပ်မတိုင်ခင်မွေးဖွားသောသားသမီးဦးသည်မွေးစားသားသမီးအဖြစ်ရောက်ရှိသွားပြီးလက်ထပ်စာချုပ်နောက်ပိုင်းမွေးလာသောကလေးသည်သားသမီးအရင်းပုံစံအဖြစ်ရောက်ရှိသွားကြပေမည်။
ကိတ္ထိမသားသမီးများသည် သြရသအဖြစ်ကိုမရရှိနိုင်ကြပေ။
၂။အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းလက်ထပ်စာချုပ်ပြုလုပ်မည်ဆိုပါကနောင်တချိန်တွင်မိသားစုများအကြားပြသနာများစွာရှိလာနိုင်ပေသည်။ထို့ကြောင့် လက်ထပ်စာချုပ်ပြုလုပ်ချုပ်ဆိုကြခြင်းထက် မည်သည့် ခုနှစ်လရက်တွင်လက်ထပ်ပေါင်းသင်းကြပြီးနောက်မည်သည့်ခုနှစ်လရက်တွင် ကလေးမွေးဖွားခဲ့ကြောင်းကျမ်းကျိန်လွှာပြုလုပ်ခြင်းကပိုမိုကောင်းမွန်သောနည်းလမ်းဖြစ်သည့်အတွက်မိမိသားသမီးအရင်းသည်လည်းတရားဝင်သားသမီးအရာမှ အရာမယွင်းတော့ပေ။ နောက်မွေးဖွားလာမည့်သားသမီးအတွက်လဲပြသနာတစ်စုံတစ်ရာမရှိနိုင်တော့ချေ။အကယ်၍နည်းလမ်းနှစ်မျိုးလုံးအဆင်မပြေအခက်ခဲရှိပါကမည်သည့်စာချုပ်မှမပြုလုပ်ဘဲလက်ရှိပေါင်းသင်းနေထိုင်နေသည့်အတိုင်းဆက်လက်နေထိုင်သွားပါကလည်း လင်မယားနှစ်ဦးသည် ဗုဒ္ဓဘာသာဝင်များဖြစ်သညိ့အတွက်မြန်မာ့ဓလေလ့ထုံးတမ်းဥပဒေအရ တရားဝင်လင်မယားအရာမြောက်ပြီးဖြစ်ပါသည်။အကယ်၍လက်ထပ်စာချုပ်ပြုလုပ်မည်ဟုစိတ်ကူးရှိပါကလက်ထပ်ပြီးပြီးချင်း ၊လက်ထပ်ပြီးကလေးမမွေးဖွားခင်အချိန်မှာပြုလုပ်သင့်ပါသည်။
၃။ကျမ်းကျိန်လွှာသည်လည်းလက်ထပ်စာချုပ်ကဲ့သို့တရားဝင်အသုံးပြုနိုင်သောကြောင့် အလုပ်အတွက်တင်ပြရန်လိုအပ်လာပါက ကျမ်းကျိန်လွှာကိုနိုတြီပြုလုပ်ဘာသာပြန်ပြီး Certificate of Marriage အနေဖြင့်နိုင်ငံတကာမှာပါတရားဝင်အသုံးပြုနိုင်ပါကြောင်း လေ့လာမိသမျှရေးသားမျှဝေလိုက်ရပါသည်။
Comments
Post a Comment