ဘာသာခြားထိမ်းမြားခြင်း

မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးနှင့် တခြားဘာသာဝင်အမျိုးသား တရားဝင်ထိမ်းမြားလက်ထပ်စာချုပ်လုပ်ရန် ဘယ်လိုဆောင်ရွက်ရသလဲလို့ မေးမြန်းသူများအတွက်-


၁။ အမျိုးသား (ဘာသာခြား) သည် အသက်(၁၈)နှစ်ပြည့်ပြီးဖြစ်ရမည်။ 

၂။ ဗုဒ္ဓဘာသာဝင်အမျိုးသမီးသည် အသက်(၂၀)ပြည့်ပြီးဖြစ်ရမည်။ အသက်(၁၈)နှစ်ဆိုလျှင် မိဘ (သို့မဟုတ်) အုပ်ထိန်းသူများမှ သဘောတူညီချက်ရရှိ (အသိသက်သေအဖြစ်လက်မှတ်ထိုး) ရမည်။ 

၃။ မှတ်ပုံတင်၊ သန်းခေါင်စာရင်း မူရင်းနှင့်မိတ္ကူလိုအပ်သည်။

၄။ သန်းခေါင်စာရင်းရှိ ရပ်ကွက်တွင် နေထိုင်ခြင်းမရှိပါက လက်ရှိနေထိုင်ရာ ရပ်ကွက်၏ နေထိုင်ကြောင်း ထောက်ခံစာမူရင်းလိုအပ်သည်။

၅။ အသက်(၁၈)နှစ်ပြည့်ပြီးသူ အသိသက်သေနှစ်ဦး၏ မှတ်ပုံတင်မူရင်းနှင့်မိတ္တူများ လိုအပ်သည်။

၆။ သတို့သားနှင့် သတို့သမီးတစ်ဦးဦးမှ နေထိုင်ရာမြို့နယ်၏ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ မှတ်ပုံတင်အရာရှိ (အုပ်ချုပ်ရေးမှူး)ထံသို့သွားရောက်၍ ၎င်းတို့တစ်ဦးဦးမှ သတ်မှတ်ထားသည့်ပုံစံအတိုင်း လက်ထပ်မှတ်ပုံတင်ပေးရန် လျှောက်ထားရမည်။ 

၇။ လျှောက်လွှာနှင့်အတူ ဥပဒေအရသတ်မှတ်ထားသည့် ဝန်ခံချက်ပါရှိသည့် ကျမ်းကျိန်လွှာပါ ပူးတွဲ တင်ပြရမည်။ မှတ်ပုံတင်အရာရှိနှင့် အသိသက်သေများက လက်မှတ်ထိုးရမည်။

၈။ အဆိုပါလျှောက်လွှာအား ထွေအုပ်ရုံး၊ သန်းခေါင်စာရင်းပါ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရေးမှူးရုံး၊ လက်ရှိနေထိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရေးမှူးရုံး၊ အသက်(၂၀)မပြည့်သေးသည့် သတို့သမီးမိဘ (သို့မဟုတ်) အုပ်ထိန်းသူများ၊ သတို့သမီး၏ ခင်ပွန်းဟောင်း(ရှိခဲ့လျှင်)၊ သတို့သား၏ ဇနီးဟောင်း (ရှိခဲ့လျှင်) ပေးပို့မည်။

၉။ ပေးပို့ပြီး (၁၄)ရက်ကြာသည့်တိုင် ကန့်ကွက်သူမရှိပါက မှတ်ပုံတင်အရာရှိက သတို့သားနှင့် သတို့သမီးတို့အား ထိမ်းမြားကြောင်း သက်သေခံ မှတ်ပုံတင်စာအုပ်တွင် မှတ်ပုံတင်ပြီး ထိမ်းမြားလက်ထပ်ပေးပါသည်။

သို့မှသာ တရားဝင်ထိမ်းမြားမှု အထမြောက်အောင်မြင်ပါသည်။

၁၀။ ကန့်ကွက်သူရှိခဲ့ပါက မှတ်ပုံတင်အရာရှိသည် ကန့်ကွက်သူအား စီရင်ပိုင်ခွင့်အာဏာရတရားရုံးသို့ လျှောက်ထားရန် ပြောကြားပြီး တရားရုံး၏အမိန့်ရသည်အထိ ထိမ်းမြားမှုကို ရွေ့ဆိုင်းထားပါသည်။

၁၁။ အဆိုပါအမှုကို တရားရုံးက အကျဉ်းနည်းဖြင့်စစ်ဆေးပြီး ထိမ်းမြားနိုင်ခွင့်ရှိမရှိ အမိန့်ချမှတ်ပါသည်။

Comments