လင်မယားပြန်ပေါင်းခြင်း

ကွာရှင်းပြတ်စဲထားကြတဲ့ လင်မယား ပြန်ပေါင်းသင်းလျှင် ထင်ရှားအောင်ပြသရန် လို/မလို


လင်နှင့် မယားတရား၀င်ပေါင်းသင်းနေထိုင်ခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့်ကွာရှင်း ပြတ်စဲသည်များရှိတက်ပါသည်။ထိုနည်းတူစွာပဲ ပြတ်စဲပြီးနောက်တွင်မှ ပြန်လည် ပေါင်းသင်းလေ့ရှိတက်ပါသည်။ ထိုသို့ ကွာရှင်းပြီးနောက် ပြန်လည် ပေါင်းသင်းသည့်အခါ ထိမ်းမြားခြင်းကို ထင်ရှားအောင် ပြသဖို့ လိုအပ်သကဲ့သို့ လင်မယားအဖြစ် ပြန်လည် ပေါင်းသင်းကြောင်းကို အထူးထင်ရှားအောင် ပြသဖို့ လိုအပ်ပါသည်။


မခင်လေးမြင့် နှင့် ဒေါ်စိန်းရင် ၁၉၅၆  မတစ လွှတ်တော် ၇၁


မောင်လူကြီး နှင့် မဥာဏ်၊ ၂ ယူဘီအာ (၁၉၈၂-၉၆) ၂၀၂ 


အကြောင်းအကြောင်းတွေကြောင့် ကွာရှင်းပြတ်စဲပြီးသော လင်နှင့်မယား တို့သည် အဆင်သင့်သလို ကြုံတွေ့ပြီး စပ်ယှက်မှုပြုခဲ့ကြရုံဖြင့် ပြတ်စဲပြီးသည့် ထိမ်းမြားမှုကို ပြန်လည်၍ အခိုင်အမာ မဖြစ်နိုင်ပေ။ ပြန်လည်၍ ပေါင်းသင်းကြခြင်းသည် လူသိထင်ရှားဖြစ်ရမည်။ သာမန်စပ်ယှက်ရုံမျှဖြင့် ပြန်လည်ပေါင်းသင်းမှု မထင်းရှားပေ 


မောင်ဖိုးလတ် နှင့် မငွေမ ၊၃ ယူဘီအာ (၁၉၇၁)၁၈၂  


  မြန်မာဗုဒ္ဓဘာသာ ဥပဒေအရ နှစ်ဦးသဘောတူ လင်မယားကွာရှင်းပြတ်စဲခဲ့လျှင် ပြန်လည်ပေါင်းသင်းခြင်းကို ထင်ရှားအောင်ပြရန်များစွာ လိုအပ်လှပေသည်။ တည်မြဲခိုင်မာသည့် ထိမ်းမြား လက်ထပ်မှု တစ်ရပ်ဖြစ်ကြောင်းကို ထင်ရှားအောင် ပြသကဲ့သို့ ပြရပေမည်။

 လင်နှင့်မယား အဖြစ် ပြန်လည်ပေါင်းသင်းခြင်းကို သက်သေပြရန်တာ၀န်မှာ ထိုသို့ပြောဆိုသူ၏ အပေါ်၌သာ ကြီးလေးစွာ တာ၀န်ကျရောက်ပေသည်။

 ယောင်္ကျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့သည် ထိမ်းမြားလက်ထပ်ခြင်း ပြုမပြုဆိုသည့် ပြဿ နာပေါ်ပေါက်လျှင် အထင်အရှား သက်သေပြရန် လိုအပ်သည့်နည်းတူ ကွာရှင်းပြတ်စဲပြီးနောက် ပြန်လည် ပေါင်းသင်းသည့်ကိစ္စတွင် လင် နှင့် မယား အဖြစ်သို့ ပြန်လည်ရောက်ရှိရန် သက်သေပြရန်လိုသည်


မခင်လေးမြင့် နှင့် ဒေါ်စိန်းရင် ၊ ၁၉၅၆ မတစ လွှတ်တော် ၇၁

Comments