ရဲတရားရုံးနှင့် တရားခံဘက်အကျိုးဆောင်

ရဲတရားရုံးနှင့်တရားခံဘက်အကျိုးဆောင်ရဲအရာရှိ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရဲတရားရုံးဟူသည်ကား မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်း

ကမ်းထိန်းသိမ်းရေးဥပဒေပါတားမြစ်ချက်များကို

ဖောက်ဖျက်ကျူးလွန်သည့် ရဲတပ်ဖွဲ့များအား စစ်

ဆေးစီရင်သော တရားရုံးကိုခေါ်သည်။ရဲတရားရုံး

တွင် ဥက္ကဌနှင့်အဖွဲ့ဝင်(၃)ဦးပါဝင်ပြီး ဥက္ကဌ၏အ

နိမ့်ဆုံးရာထူးအဆင့်မှာ ရဲမှူးအဆင့်ဖြစ်သည်။အဖွဲ့

ဝင်(၂)ဦး၏ ရာထူးအဆင့်မှာ ဒုရဲမှူးများဖြစ်ကြ

သည်။သို့ရာတွင် စစ်ဆေးစီရင်ခြင်းခံရမည့် တပ်

ဖွဲ့ဝင်၏ ရာထူးအဆင့်ပေါ်တွင် အခြေခံ၍ ဥက္ကဌ

နှင့်

အဖွဲ့ဝင်များ၏ ရာထူးအဆင့်များကို သတ်မှတ်လေ

သည်။ရဲတရားရုံးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ

ဖွဲ့စည်းပေးပြီးရဲတရားရုံး၏အမိန့်ကိုလည်း ရဲချုပ်

မှ အတည်ပြုမှာသာ အတည်ဖြစ်လေသည်။


ရဲတပ်ဖွဲ့ဝင်တို့သည် ရဲစည်းကမ်းထိန်းသိမ်းရေးဥပ

ဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်

ပါက စုံစမ်းစစ်ဆေးရေးခုံရုံး(စုံ/ခုံ)ဖွဲ့၍စစ်ဆေး

ခံရပြီး စုံ/ခုံတွင် ပေါ်ပေါက်ပါက သက်သေခံအ

ကျဉ်းချုပ်ရေးမှတ်ယူရသည်။ပေါ်လွင်ထင်ရှား

သည့် အချို့အကြောင်းအရာများတွင် စုံ/ခုံ မလုပ်

ဘဲ သက်/ချုပ်ရေးမှတ်ယူခြင်းများလည်းရှိကြပေ

သည်။သက်/ချုပ်ကို သက်သေခံအကျဉ်းချုပ်ရေး

မှတ်ရန် တာဝန်ပေးသည့် အရာရှိတစ်ဦးတည်းသာ

ရေးမှတ်ယူရသည်။ထူးခြားသည်ကား သက်/ချုပ်

ရေးမှတ်ယူသည့်အရာရှိသည့် သက်သေများကို စွပ်

စွဲခံရသူ၏ရှေ့မှောက်တွင်သာ စစ်ဆေးရပြီး စွပ်

စွဲခံရသူမှပြန်လှန်မေးခွန်း(cross-examination)

ခွင့်ပေးရသည်။သက်/ချုပ်ရေးမှတ်ပြီး စွပ်စွဲခံရ

သူကျူးလွန်သည့်ပြစ်မှုမှာ "ပလပ် "၍လည်းမရ၊

ရဲတရားရုံးဖြင့်စစ်ဆေးရလောက်အောင်လည်း

မဟုတ်လျှင် အကျဉ်းနည်းဖြင့်စစ်ဆေးရသည်။

အကျဉ်းနည်းဖြင့်စစ်ဆေးပါက ရဲစည်းကမ်းထိန်း

သိမ်းရေးဥပဒေပုဒ်မ ၂၈ အရ ပြစ်ဒဏ်(၁၄)မျိုး

ကို ချမှတ်နိုင်သည်။ရဲတရားရုံးဖြင့်စစ်ဆေးပါက

ပြစ်မှုထင်ရှားလျှင် ရဲစည်းကမ်းထိန်းသိမ်းရေး

ဥပဒေပုဒ်မ ၃၃ အရ အပြစ်ဒဏ်(၅)မျိုးကိုချမှတ်

နိုင်သည်။ထိုပြစ်ဒဏ်(၅)မျိုးမှာ သုံးနှစ်မပို၊ထုတ်

ပယ်လို၊ရာလျှော့၊သက်လျှော့၊လစာလျော် ဟူ၍

အကျဉ်းချုံးမှတ်သားရပေမည်။


ရဲတရားရုံးဖြင့်စစ်ဆေးရာတွင် ရဲတရားရုံးဖြင့်

မစစ်ဆေးမီ ၂၄ နာရီအတွင်း စွဲချက်လွှာမိတ္တူ(၁)

စောင်နှင့်သက်/ချုပ်မိတ္တူ(၁)စောင်အား စွပ်စွဲခံရ

သူထံသို့ သက်ဆိုင်ရာတပ်ရင်းမှူး သို့မဟုတ် တပ်ဖွဲ့

ကပေးအပ်ရမည်ဟု ရဲစည်းကမ်းထိန်းသိမ်းရေးဥ

ပဒေပုဒ်မ ၂၆(က)တွင် ပြဌာန်းထားသည်။ရဲတရား

ရုံးသည် ပြစ်မှုဆိုင်ရာ တရားရုံးများကဲ့သို့ပင် သက်

သေများအား စွပ်စွဲခံရသူရှေ့မှောက်တွင်စစ်ဆေးရ

ပြီး ပြန်လှန်မေးခွင့်လည်းရရှိသည်။ရဲစည်းကမ်း

ထိန်းသိမ်းရေးဥပဒေပုဒ်မ ၄၃ အရ ရဲစည်းကမ်း

 ထိန်းသိမ်းရေးဥပဒေပါပြဌာန်းချက်များသည် 

သက်သေခံအက်ဥပဒေပါပြဌာန်းချက်များနှင့်

မဆန့်ကျင်လျှင် ရဲတရားရုံးသည် သက်သေခံအက်

ဥပဒေကိုလိုက်နာရမည်ဟုပြဌာန်းထားသည်။

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေတွင် ပြန်လှန်မေး

ခွင့်နှင့်ပတ်သက်၍ တစ်စုံတစ်ရာပြဌာန်းထားမှုမရှိ

သဖြင့် သက်သေခံအက်ဥပဒေပုဒ်မ ၁၄၃ ကို လိုက်

နာရမည်ဖြစ်သည်။ထို့ကြောင့် စွပ်စွဲခံရသူမှသက်

သေအား နိမိတ်ပြမေးခွန်း(Leading Question)

များလည်း မေးမြန်းနိုင်ပေသည်။


ရဲတရားရုံး အခင်းအကျင်းတွင် တရားလိုဘက်အ

ကျိုးဆောင်အရာရှိအဖြစ် သက်/ချုပ် ရေးမှတ်ခဲ့

သည့်အရာရှိမှ ဆောင်ရွက်ရပြီး ရဲတရားရုံးဥက္ကဌ

၏ ညာဘက်တွင် နေရာယူရကာ တရားခံအကျိုး

ဆောင်အဖြစ်ဆောင်ရွက်မည့် ရဲအရာရှိအား စွပ်စွဲ

ခံရသူမှ ရွေးချယ်သော အရာရှိဖြစ်ပြီး ရဲတရားရုံး

ဥက္ကဌ၏ ဘယ်ဘက်တွင် နေရာယူရသည်။တရား

လိုဘက် အကျိုးဆောင်သည် စွပ်စွဲခံရသူ၏ သ

ဘောထားနှင့်အညီဆောင်ရွက်ရသည်။စွပ်စွဲခံရသူ

မှ အပြစ်ရှိကြောင်း ဝန်ခံပါက စွပ်စွဲခံရသူ သက်

သာခွင့် ရရှိရေး ဥပဒေဘောင်အတွင်းမှ တင်ပြ

ဆောင်ရွက်ပေးရန် တာဝန်ရှိပြီး စွပ်စွဲခံရသူမှ အ

ပြစ်မရှိကြောင်း ငြင်းဆိုပါက ဥပဒေနှင့်အညီခုခံ

ရေးလမ်းကြောင်း(defence line)ကို ရွေးချယ်

ပေးရသည်။မူလစစ်မေးခြင်း(in-chief)၊ပြန်လှန်

စစ်မေးခြင်း(cross exmination)နှင့် ပြန်လည်

စစ်မေးခြင်း(Re -exmination)တို့ကို သက်သေခံ

အက်ဥပဒေနှင့်အညီဆောင်ရွက်ပေးရန်တာဝန်ရှိ

သည်။ရဲစည်းကမ်းထိတ်းသိမ်းရေးနည်းဥပဒေ

ပုဒ်မ ၇၅ တွင် ဤဥပဒေပါပြဌာန်းချက်များနှင့်

မဆန့်ကျင်ပါက ရာဇဝတ်ကျင့်ထုံးဥပဒေကို တတ်

နိုင်သမျှ လိုက်နာရမည်ဟု ပြဌာန်းထားသဖြင့်

တရားခံဘက် အကျိုးဆောင်အရာရှိသည် ရာဇဝတ်

ကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များကိုလည်း

​အသုံးချခွင့်၊အသုံးပြုခွင့်ရရှိပေသည်။ထို့ကြောင့်

စွပ်စွဲခံရသူဘက်မှ အကျိုးဆောင်အရာရှိအဖြစ်

လိုက်ပါသော ရဲအရာရှိများအပါအဝင် ရဲအရာရှိ

အားလုံးတို့သည် ပြစ်မှုဆိုင်ရာတရားရုံးများတွင်

တရားခံဘက်ရှေ့နေများ၏ ခုခံချေပချက်များကို

နားလည်သဘောပေါက်အောင် လေ့လာထားကြရန်

လိုအပ်ပါသည်။ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ

နှင့်နည်းဥပဒေတို့အရ ရဲတရားရုံးတရားခွင်တွင်

ပြရုပ်တစ်ခုအဖြစ် ဆောင်ရွက်ကြသည် ပိုမိုလေး

နက်သော အနှစ်သာရတစ်ခုကို ဖော်ဆောင်သင့်

ပါသည်။


ရဲတရားရုံးသည် အနိမ့်ဆုံး ရဲမှူးရာထူးအဆင့်ရှိ

သည့် အရာရှိမှ ဦးဆောင်ကာ ပြန်တမ်းဝင်အရာရှိ

များဖြင့် ဖွဲ့စည်းထားသဖြင့် ရဲတရားရုံးများ၏

စစ်ဆေးစီရင်ဆုံးဖြတ်ချက်များအားလုံး မှန်ကန်

မျှတကြပါသည်။စွပ်စွဲခံရသူ ရဲတပ်ဖွဲ့ဝင်များ၏

ရသင့်၊ရထိုက်သောအခွင့်အရေးနှင့်ခုခံကာကွယ်

ပိုင်ခွင့်များကို အပြည့်အဝ ရရှိစေရန်အတွက် 

အရည်အချင်းရှိသော စွပ်စွဲခံရသူဘက်မှလိုက်ပါ

အကျိုးဆောင်ပေးမည့် ရဲအရာရှိကောင်းများလို

အပ်လျှက်ရှိပါသည်။ထို့အပြင် ထိုတာဝန်ကို ဖြစ်

မြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ရန် လုပ်

ငန်းနှီးနှောဖလှယ်မည့် အဖွဲ့အစည်း(Team)တစ်

ရပ်လည်းလိုအပ်ပါသည်။ထိုကဲ့သို့ အဖွဲ့အစည်း

တစ်ရပ် ဖွဲ့စည်းမည်ဆိုပါက ရဲတပ်ဖွဲ့မှနှုတ်ထွက်

ခွင့်ရရှိသွားမည်ဆိုပါလျှင်ပင် ကျရာနေရာကပူး

ပေါင်းပါဝင် ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်

ပါကြောင်းနှင့်ထိုအသင်းအဖွဲ့တစ်ခု လျှင်မြန်စွာ

ပေါ်ထွက်လာစေရေးအတွက် စွပ်စွဲခံရသူဘက်မှ

အကျိုးဆောင်အရာရှိအဖြစ် လိုက်ပါကူညီဆောင်

ရွက်ပေးရန်ဆန္ဒရှိသည့် ရဲအရာရှိများမှ အထူး အ

လေးထားစဉ်းစားပေးကြပါရန် ရေးသားတင်ဆက်

လိုက်ရပေသည်။

Comments