အမွေမမီမြေး

အမွေမမီမြေး

=========


“အမွေမမီမြေး” တို့၏ အခွင့်အရေးမှာ “အမွေမီမြေး” များကဲ့သို့ မဟုတ်ပေ။

“အမွေမမီမြေး”တို့သည် မိဘများ ရရှိသင့်သည့် အခွင့်အရေးအလျောက် အခွင့်အရေးအလျောက်မိဘကိုယ်စား အမွေဆက်ခံရရှိခြင်း မဟုတ်ပေ။ 

မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးများအဖြစ် တစ်ဦးချင်းအနေနှင့် အမွေဆက်ခံခြင်းဖြစ်ပေသည်။


 မိဘများသည် ဘိုးဘွားများအရင် သေဆုံးကြပြီးသော အမွေမမီမြေး တို့အချင်းချင်း အမွေခွဲဝေရာတွင် အားလုံး သော မြေးများအညီအမျှရရှိကြသည်။ ထို့ကြောင့် အမွေခွဲဝေရာတွင် မြေဦးရေအတွက်လိုက်အမွေပုံကို အညီ အမျှခွဲဝေကြရသည်။ 


မောက်ဘဂုဏ်နှင့် မဖွားသစ် ( ၅ ရန်ကုန် ၇၄၇)။


“အမွေမီမြေး “များသည် ဘိုးဘွားများ၏ အမွေကို မြေးများအဖြစ်ဖြင့် အမွေဆက်ခံခွင့်မရှိချေ။ 

၎င်းတို့၏ မိဘ အမွေကိုသာ ဆက်ခံခြင်းဖြစ်သည်။ သို့ရာတွင် အမွေမမီမြေး များသည် ဘိုးဘွားတို့၏အမွေကို အမွေမမီမြေး များ အဖြစ် ဆက်ခံခွင့်ရှိကြသည်။ 


မောင်စောကျော်နိုင် နှင့် ဒေါ်စောသိင်္ဂ 

၁၉၈၄ ၊ မ တ စ ၊ ၁၃၅


မိဘနှစ်ပါး ကွားရှင်းပြတ်စဲချိန်တွင် ကလေးသည် မိဘနှစ်ပါးအနက်တစ်ဦးနှင့်သာ အတူဆက်လက် နေထိုင် သည်။ အခြားတစ်ဦးနှင့် မူ အဆက်အသွယ်လည်း မရှိ ၊ သားသမီးတို့ပြုဖွယ်သော ဝတ္တရားများကိုလည်း ပြုစု ခြင်း မရှိပေ။ သို့ရာတွင် ထိုကလေးသည် ၎င်းနှင့်အတူမနေသည့် ဘိုးဘွားများ၏ အမွေကို ဆက်ခံပိုင်ခွင့် ရှိ သည်။ ထိုကလေးသည် ၎င်း၏ ဘိုးဘွားအမွေကို ရရှိရန်အတွက် အတူမနေသည့် မိဘနှင့်ပြန်လည် ဆက်သွယ် ပြီး သားသမီးတို့၏ ပြုဖွယ်သော ဝတ္တရားများကိုလည်း ပြုစုရန်မလိုပေ။ 


မသိန်းနု နှင့် မဖွားသစ် 

၁၉၄၈ ၊ မ တ စ ၊ ၁၂၆ ( စုံညီခုံ )


လူတစ်ယောက် ကွယ်လွန်သည့်အခါတွင် ဖခင်ဘက်မှ တော်စပ်သည့် ကွယ်လွန်သူ အရီးလေး၏ သားတစ်ယောက် မိခင်ဘက်မှ တော်စပ်သည့် ကွယ်လွန်သူ ဦးလေး၏ ကလေးနှစ်ယောက်နှင့် မိခင်ဘက်မှ တော်စပ် သည့် အခြားကွယ်လွန်သူ ဦးလေးတစ်ယောက်၏ ကလေးခြောက်ယောက် ပေါင်း မြေးကိုးယောက်တို့ အမွေခံ အမွေစားအဖြစ် ကျန်ရစ်သည်။ အဆိုပါ မြေးကိုးဦးသည် ၎င်းတို့အဘိုးအမွေတွင် ကိုးပုံတစ်ပုံစီအညီအမျှ ရထိုက်သည်။ 


မောင်ဘဂုဏ် နှင့် မဖွားသစ် ( ၅ ရန်ကုန် ၇၄၇)


စီရင်ထုံးတစ်ခုတွင် မောင်ဖိုးမောင်ဆိုသူတွင် မယားသုံးယောက်ရှိသည် ။ နောက်ဆုံး တတိယမယား

မမှန် လက်ထက်တွင် ဦးဖိုးမောင်ကွယ်လွန်သည်။

 မငွေဆင်က ၎င်း၏ဖခင် ဦးမြသည် ကွယ်လွန်သူ ဦးဖိုးမောင်၏ ပထမ မယားမှ မွေးဖွားသည့် သားဖြစ်၍ ၎င်းသည် ဦးဖိုးမောင်၏ မြေးအဖြစ် အမွေစုရလိုကြောင်း တရားစွဲဆိုရာ တတိယမယား မမှန်က ၎င်း၏ ယောက်ျားတွင် ပထမ နှင့် ဒုတိယမယားရှိသည်ကို မသိကြောင်းငြင်းဆိုသည်။ အဆိုပါအမှုတွင် ဆွေစဉ်မျိုးဆက်နှင့်ပက်သက်ပြီး သက်သေခံရန် အခြားသော သွေးရင်းဆွေမျိုးများမရှိသော ကြောင့် ရပ်ရွာတွင် ကျော်စေထင်ရှားမှု သတင်းသက်သေခံချက်သည် အရေးကြီးလှ ပေသည်ဟု ဆုံးဖြတ်ပြီး ထိုအမှုတွင် မငွေသင်သည် မြေးအဖြစ် အမွေရထိုက်သည်ဟု ဆုံးးဖြတ်သည်။


 အမှန် နှင့် မငွေသင် ( ၁ ရန်ကုန် ၃၄ )


အမွေမမီမြေး တို့၏ အခွင့်အရေးမှာ အမွေမီမြေး များကဲ့သို့ မဟုတ်ပေ။ အမွေမမီမြေး တို့သည် မိဘမှားရရှိ သင့် သည့် အခွင့်အရေးအလျောက် မိဘကိုယ်စားအမွေဆက်ရရှိခြင်း မဟုတ်ပေ။ မိမိတို့၏ ကိုယ်ပိုင်အခွင့် အရေး များအဖြစ် တစ်ဦးချင်းအနေနှင့် အမွေဆက်ခံခြင်းဖြစ်ပေသည်။ 


ဦးမြင့်သော် ပါ ၇ နှင့် မောင်ဇင်လင်း ပါ ၃ 

၁၉၉၈ ၊ မ တ စ ၊၂၂၇


အိမ်ထောင်ကြီးယောက်ျားနှင့် အိမ်ထောင်ကြီးမိန်းမတို့ လက်ထပ်ရာ သားသမီးများရရှိသည်။ ၎င်းတို့ သေဆုံး ရာ နှစ်ဖက်မှ အထက်အမွေမမီမြေးများ၊ အောက်သားသမီးများနှင့် အောက်အမွေမမီမြေများ ကျန်ရစ်သည်။ နောက်ဆုံးပေါင်းသင်းချိန်တွင် ရရှိသည့် လက်ထက်ပွားပစ္စည်းသာ ကျန်ရစ်သည်။ အခြားပစ္စည်းများမကျန်။ လင်၏ အထက်အမွေမမီမြေးများက ၅ ပုံ ၁ ပုံ၊ မယား၏ အထက်အမွေမမီမြေများက ၅ ပုံ ၁ ပုံ ၊ အောက်သား သမီးများနှင့် အောက်အမွေမမီမြေးတို့က စုပေါင်း ၍ ၅ ပုံ ၃ ပုံ ရရှိသည်။ 


မောင်အောင်သင်း နှင့် မငွေဦး ( ၆ ရန်ကုန် ၃၅၅)။


[ ဦးမြစိန်၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ အခြေခံမူများ ( ပထမအကြိမ်၊ ၂၀၁၁)၊ စာ ၁၃၄ ]

Comments