တရားသူကြီး ၂ ဦးပေါ်စာချွန်တော်

တရားသူကြီး နှစ်ဦးအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို စာချွန်တော်နှစ်မှုလျှောက်ထားခဲ့ရတဲ့အကြောင်း ဝေမျှချင်ပါတယ်

          အဲဒီလို လျှောက်ထားရာမှာ ​လျှောက်ထားခံရတဲ့ တရားသူကြီးတွေနဲ့ကျွန်တော် မသင့်မမြတ်မရှိပါဘူး သူတို့အပေါ် အာဃာတလည်းမရှိပါဘူး သူတို့ကလည်း ခေတ်ကာလအခြေအနေအရ လုပ်ကိုင်ဆောင်ရွက်ရတာလို့ဘဲ ကျွန်တော်နားလည်ခဲ့ပါတယ် ဒါပေမဲ့ ကျွန်တော့အမှုသည်ရဲ့ အခွင့်အရေးအတွက် ​လျှောက်ထားခဲ့ရတာ ဖြစ်ပါတယ်

         အဲဲဒါတွေကို ဝေမျှတာက ရှေ့နေဆိုတာအမှုသည်ရဲ့ အကျိုးစီးပွားကို ပြဌာန်းထားတဲ့ ဥပဒေဘောင်ထဲက တွေးတောကြံဆ ရှာဖွေရတယ်ဆိုတာ သိစေဖို့ပါ

        အတော်အတန် ပြည့်ပြည့်စုံစုံသိနိုင်ဖို့ သက်ဆိုင်ရာအမှုတွဲမှာပါတဲ့ဖြစ်ရပ်သက်သက်ကိုဘဲ ပြောပါ့မယ်ပြင်ပြ ပယောဂအခြေအနေကတော့ ကိုယ်တိုင်သိမဟုတ်တာရယ် မပြောသင့်ဘူးထင်တာရယ်ကြောင့် ချန်လှပ်ထားပါတယ်


        န-ဝ-တ အစိုးရကာလမှာ တ-ဝ-တ က မြေကွက် အတော်များများကို ဂရန်ချထားပေးပါတယ်

          ဂရန်စာချုပ် အပေါ်ပိုင်းမှာ အမျိုးသမီးတဦးရဲ့အမည် ဖော်ပြ

စာချုပ်အောက်ပိုင်းမှာတော့ သာ​ရေးနာရေးအသင်းအဖွဲ့တခုအမည်ဖော်ပြပြီး အဲဒီအသင်းအဖွဲ့အသုံးပြုရန်လို့ ဖော်ပြထားပါတယ် (ပုဂ္ဂိုလ်အမည်နဲ့ အသင်းအဖွဲ့အမည်ကိုတော့ မဖော်ပြသင့်ဘူးထင်တာကြောင့် ချန်လှပ်ထားပါတယ်) အဲဒီနောက် အသင်းအဖွဲ့က ကော်မတီလူကြီးတွေ ပြောင်းလဲသွားပါတယ်

           အဲဒီနောက် အဲဒီမြေကွက်တွေအတွင်းမှာ သာရေးနာရေးအသင်းအဖွဲ့ကလည်း အဆောက်အဦဆောက်ပါတယ် ဂရန်စာချုပ်အပေါ်ပိုင်းမှာ အမည်ပါတဲ့ အမျိုးသမီးက ဂရန်တကွက်ကို အခြားသူရောင်းပြီး ဂရန်တကွက်ပေါ်မှာ သူပိုင်အဆောက်အဦဆောက်လုပ်ဖို့ ပြင်ဆင်ပါတယ်

         အဲဒီတော့ ဂရန်စာချုပ်အပေါ်ပိုင်းအမည်ပါ အမျိုးသမီးနဲ့ ဂရန်စာချုပ်အောက်ပိုင်း အမည်ပါ သာရေးနာရေးအသင်းတို့ဟာ ဂရန်မြေတွေကို သူပိုင်ကိုယ်ပိုင် အငြင်းပွားကြပြီး တိုင်းအဆင့်စီမံခန့်ခွဲရေးအာဏာပိုင်ဖြစ်တဲ့ တ-ဝ-တ ကို အပြန်အလှန်တိုင်ကြားကြပါတယ်

       တ-ဝ-တ က နှစ်ဘက်စုံစမ်းစစ်ဆေးပြီးတဲ့နောက် အဲဒီဂရန်မြေတွေကိစ္စအတွက် တရားရုံးကိုတရားစွဲပြီး တရားရုံးအဆုံးအဖြတ်အတိုင်း ဖြစ်စေဖို့ နှစ်ဘက်ကိုညွှန်ကြားပြီး သက်ဆိုင်ရာမြေယာဌာနကိုလည်း တရားရုံးက အဆုံးအဖြတ်မပြုမီအတွင်း ဂရန်အမည်ပြောင်းတာ အဆောက်အဦဆောက်လုပ်တာ မပြုစေဖို့ ညွှန်ကြားပါတယ်

         အဲဒီနောက် အသင်းအဖွဲ့က အဲဒီအမျိုးသမီးနဲ့အဲဒီအမျိုးသမီးဆီက မြေတကွက် ဝယ်ယူထားသူအပေါ် တိုင်းတရားရုံးမှာ အမှုစွဲပါတယ် 

          စွဲတဲ့အမှုအမျိုးအစားကတော့ ဂရန်မြေကွက်တွေကို အသင်းအဖွဲ့ကဘဲ အသုံးပြုခွင့်ရှိကြောင်း မြွက်ဟကြေညာပေးဖို့နဲ့ တရားပြိုင်နှစ်ဦး ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေဖျက်သိမ်းဖယ်ရှားပေးဖို့ ဖြစ်ပါတယ်

         ဂရန်စာချုပ်အပေါ်ပိုင်းမှာ အမည်ဖော်ပြပါရှိတဲ့ အမျိုးသမီးကလည်း မြေတွေဟာ သူ့ကိုဂရန်ချထားတာဖြစ်ပြီး အသင်းအဖွဲ့ဟာ သူ့ခွင့်ပြုချက်နဲ့ အဆောက်အဦဆောက်လုပ်တာဖြစ်ကြောင်း ခွင့်ပြုတဲ့နေရာထက် ပိုမိုဆောက်လုပ်ခွင့်မရှိကြောင်း မြွက်ဟဒီကရီချမှတ်ပေးဖို့ အသင်းအဖွဲ့အပေါ် တိုင်းတရားရုံးမှာဘဲ တရားစွဲပါတယ်

         အသင်းအဖွဲ့က တရားစွဲဆိုတဲ့အမှုမှာ တရားစွဲဆိုဖို့ အချင်းဖြစ်အကြောင်းအရာ မပေါ်ပေါက်ကြောင်း ပဏာမငြင်းချက်ကို ဖြေဆိုပြီး အမှုကို ပလပ်ပါတယ်

          အသင်းအဖွဲ့အတွက် အခြားရှေ့နေလိုက်ပါခဲ့ရာက အဲဒီပလပ်ဖို့ဒီကရီအပေါ် တရားရုံးချုပ်ကို အယူခံတက်ရောက်ဖို့အတွက် အသင်းအဖွဲ့က ဆရာဦးကျော်ကျော်ဝင်းကို ပြောင်းလဲငှားရမ်းပါတယ်

           တရားရုံးချုပ်က တရားစွဲဆိုဖို့အချင်းဖြစ်အကြောင်းအရာပေါ်ပေါက်ကြောင်း အဆုံးအဖြတ်ပြုပြီးတဲ့နောက် တိုင်းတရားရုံးမှာ စစ်ဆေးဖို့အချိန်မှာတော့ အသင်းအဖွဲ့က တရားလိုအဖြစ် တရားစွဲဆိုတဲ့အမှုရော တရားပြိုင်အဖြစ် ခုခံရတဲ့အမှုမှာရော ဆရာဦးကျော်ကျော်ဝင်းက အသင်းအဖွဲ့အတွက် ရှေ့နေလိုက်ပါရပါတယ်

        အဲဒီအမှုတွေမှာ အချင်းဖြစ်တဲ့မြေတွေအားလုံးကို ဂရန်ချထားပေးတဲ့ အရာရှိက အသင်းအဖွဲ့က တင်ပြတဲ့သက်သေအဖြစ် ထွက်ဆိုရာမှာ မြေကွက်တွေကို အသင်းအဖွဲ့က အသုံးပြုဖို့ ဂရန်ချထားပေးတာဖြစ်ကြောင်း ဂရန်စာချုပ်ရဲ့အပေါ်ပိုင်းမှာ အမျိုးသမီးရဲ့အမည်ပါရှိတဲ့

အကြောင်းကတော့ အဲဒီအချိန်က အသင်းအဖွဲ့အတွက် အဲဒီအမျိုးသမီးက ကမကထပြုလုပ်ဆောင်ရွက်တာဖြစ်လို့ သူ့အမည်ပါရှိတာဖြစ်ကြောင်း ထွက်ဆိုပါတယ်

         အဲဒီတော့ အသင်းအဖွဲ့က စွဲဆိုတဲ့အမှုမှာ အချင်းဖြစ်မြေတွေဟာ အသင်းအဖွဲ့ကသာ အသုံးပြုခွင့်ရှိကြောင်း မြွက်ဟကြေညာပြီး တရားပြိုင်နှစ်ဦးဆောက်လုပ်ထားတဲ့ အဆောက်အဦတွေ ဖျက်သိမ်းဖယ်ရှားပြီး မြေကို လက်ရောက်ပေးစေဖို့ စီရင်ချက်နဲ့ဒီကရီချမှတ်ပေးသလို ဂရန်စာချုပ်အပေါ်ပိုင်းမှာ အမည်ပါရှိတဲ့ အမျိုးသမီးက အသင်းအဖွဲ့အပေါ် တရားစွဲဆိုတဲ့အမှုကို ပလပ်တဲ့စီရင်ချက်နဲ့ဒီကရီချမှတ်ပါတယ်

         အဲဒီလို ဒီကရီချမှတ်ပြီးပြီးချင်းမှာဘဲ အသင်းအဖွဲ့က အဲဒီအမျိုးသမီးအပါအဝင်နှစ်ဦးအပေါ် တိုင်းတရားရုံးမှာ ဇာရီမှုဖွင့်လှစ်ပါတယ်

         ဇာရီမှုမှာ တရားရှုံးကိုဆင့်ခေါ်ပြီးတဲ့နောက် အပ်ဝရမ်းထုတ်ဖို့ အမိန့်ချမှတ်ပြီး အတည်ပြုဖို့ရာအတွက် လုံခြုံရေးတောင်းဆိုပြီး ချိန်းဆိုလိုက် မူလရုံးဒီကရီကို အမျိုးသမီးနဲ့အခြားတဦးက တရားရုံးချုပ်ကို အယူခံဝင် နှစ်ဘက်ကြားနာ မူလရုံးဒီကရီနှစ်ရပ်ကို အတည်ပြုပြီး အယူခံမှုတွေကို ပလပ်

         ပလပ်တော့ တရားမအထူးအယူခံ ဝင်ရောက်ဖို့လျှောက်ထား ကြားနာပြီးပလပ် ပါတယ်

        အဲဒီနောက် တရားရုံးချုပ် က ၂၀၁၀ ပြည့်နှစ်၊ ပြညထောင်စုတရားစီရင်ရေးဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ် မကူးမီကာလလေးမှာ တရားသူကြီးချုပ်ရဲ့အခွင့်အာဏာအရ အဲဒီနှစ်မှုကို တရားမအထူးအယူခံဝင်ခွင့်ပြုပါတယ်

          ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားမအထူးအယူခံမှု နှစ်မှုအတွက် အယူခံတရားပြိုင်ဖြစ်တဲ့ အသင်းအဖွဲ့ဥက္ကဌကို ဆင့်ခေါ်တော့ ဆရာဦးကျော်ကျော်ဝင်းက ကျန်းမာရေးအခြေအနေ မကောင်းပါဘူး

        အဲဒီတော့ ဆရာက ကျွန်တော့ကိုခေါ်ပြီး ရှေ့နေပါဝါမှာတော့ လက်မှတ်ထိုးပေးမှာဖြစ်ကြောင်း ကျွန်တော်က ပူးတွဲလက်မှတ်ရေးထိုးပြီး အထူးအယူခံနှစ်မှုအတွက် လိုက်ပါပေးစေလိုကြောင်း ပြောပါတယ်

          အဲဒီကျမှ အထက်က ကျွန်တော်ပြောခဲ့တဲ့ အမှုအကြောင်းအရာကို ကျွန်တော်သိရတာဖြစ်ပါတယ်

  

Comments