ချေးငွေရလိုမှုနှင့် ကာလစည်းကမ်းသတ်
(ချေးငွေရလိုမှု) မှ...ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ. ၁၃........
(ချေးငွေရလိုမှု)နှင့်ပတ်သက်၍ ချေးယူသည့်အခါကစ၍(၃)နှစ်အတွင်း (ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ. ၅၇)အရတရားစွဲဆိုရမည်ကိုသိရှိပြီးဖြစ်ကြမှာပါ။
သို့သော်လည်း...(၃)နှစ်ကျော်နေသောချေးငွေများကို ဝန်ခံချက်အသစ်ပြုလုပ်ပြီး
ထိုဝန်ခံချက်ပြုလုပ်သည့်အခါကစ၍ ကာလစည်းကမ်းသတ်ရေတွက်ကာ တရားစွဲဆို၍ရကြောင်ကို[ဦးရမ်ဂျာရီ နှင့် မခမ်းစိန်(ခ)လီကျင်ရှန်း၊ ၂၀၀၀၊ မတစ၊ စာ.၂၂၁] တွင်လမ်းညွှန်ထုံးပြုခဲသည်ကိုလည်းလေ့လာဖတ်ရှုနိုင်ပါတယ်။
~~~စည်းကမ်းသတ်ကာလရေတွက်ခြင်းနှင့်ပတ်သက်၍ ထုတ်ပယ်နိုင်သည့်အချက်များကိုလည်းသိရှိထားဖို့လိုအပ်ပါသေး
သည်။
၁။ စည်းကမ်းသတ်ကာလ စသည့်နေ့ [ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ. ၁၂(၁)]
၂။ တရားပြိုင်သည် ပြည်ထောင်စုမြန်မာနိုင်ငံပြင်ပတွင်ရောက်ရှိနေသည့်နေရက်များ [ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ. ၁၃]
၃။ သဘောရိုးဖြင့် မှားယွင်းကာ တရားမှုခင်း စွဲဆိုမိသောနေ့ရက်များ [ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ. ၁၄]
~~~တရားလိုနှင့် တရားပြိုင်တို့သည် ဂျပန်နိုင်ငံတွင်ရှိနေကြစဥ် တရားလိုထံမှ တရားပြိုင်က.ဂျပန်ယန်း.၆၀၆၀၀၀၀/.ကိုချေးယူခဲ့သည်ဟုအဆိုပြုပြီး စည်းကမ်းသတ်ကာလရေတွက်ရာတွင် တရားပြိုင်ဂျပန်နိုင်ငံတွင်ရောက်ရှိနေသည့်အချိန်ကာလကို နုတ်ပယ်၍ ကာလစည်းကမ်းသတ်ရေတွက်ပြီးတရားစွဲဆိုထားရာ (ကာလစည်းကမ်းသတ်.၃နှစ်ကျော်နေသည့်အတွက်) ကာလစည်းကမ်းသတ်ကျော်လွန်ပြီးမှတရားစွဲဆိုသည်ဟုအငြင်းပွားသောအမှုဖြစ်ပါသည်။ ထိုအမှုနှင့်ပတ်သက်ပြီး ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ. ၁၃ ပါပြဌာန်းချက်အရ ဂျပန်နိုင်ငံတွင် တရားပြိုင်ရှိနေသည့် အချိန်ကာလကို နုတ်ပယ်ရေတွက်နိုင်သဖြင့် ကာလစည်းကမ်းသတ်မကျော်ကြောင်းဆုံးဖြတ်ထားသောအမှုဖြစ်ပါသည်။
[ဦးမြင့်လွင်ဦး နှင့် ဦးကျော်နိုင်၊ ၂၀၀၇ ခုနှစ်၊ အထူးအယူခံမှု.၄(၆.၈.၂၀၀၇-ရန်ကုန်)]
အထက်ပါစီရင်ချက်အရ ချေးငွေရလိုမှုများတွင် ကာလစည်းကမ်းသတ်.၃ နှစ်အတွင်တရားစွဲဆိုရမည်ဟု တရားသေမမှတ်ထားသင့်ကြောင်းနှင့် အမှုဖြစ်စဥ်အကြောင်းချင်းရာအရကာလစည်းကမ်း သတ်ဥပဒေပုဒ်မ. ၁၃ အားအသုံးပြု၍ရနိုင်မှုကို သိရှိနိုင်ကြစေရန်စေသနာဖြင့်ရေးသားတင်ပြလိုက်ရပါသည်။
Comments
Post a Comment