မူလရုံးက သက်သေခံလက်မခံကြောင်းအမိန့်

မူလရုံးမှာတင်ပြခဲ့သော သက်သေခံကို လက်မခံကြောင်းချမှတ်တဲ့အမိန့်ကို (ပြင်ဆင်မှု)တင်သွင်းခြင်းမရှိခဲ့ရင်(အယူခံရုံး)က...လက်ခံခွင့်ကိုပိတ်ပင်ခြင်းရှိ/မရှိ..


~~~သက်သေခံအဖြစ်လက်ခံနိုင်တဲ့ အထောက်အထားကို မူလရုံးက ပယ်ခဲ့လျှင် အယူခံရုံးက လက်ခံနိုင်တယ်လို့ တရားမကျင့်ထုံအမိန့်. ၄၁၊ နည်.၂၇(၁)(က)မှာပြဌာန်းထားသည်ကိုသိရှိပြီးဖြစ်ကြမှာပါ။ သို့သော်လည်း မူလရုံးမှာတင်ပြခဲ့သော သက်သေခံကို လက်မခံကြောင်ချမှတ်တဲ့အမိန့်ကို (ပြင်ဆင်မှု) တင်သွင်းခြင်းမရှိခဲ့ရင် (အယူခံရုံး)က လက်ခံခွင့်ရှိနိုင်ပါဦးမလား?စဥ်းစားစရာပါ။

~~~[ဟာဂျီနူးအာမကပါ.၂ နှင့် ဒေါ်ဇိုမီလာခါတွန်း၊1959 B.L.R.(H.C).7]အမှုမှာ "အောက်ရုံးက သက်သေခံဝင်မဝင် မှားယွင်းဆုံးဖြတ်ထားတဲ့ အမိန့်ကို ပြင်ဆင်မှုတင်သွင်းခွင့် မရှိပါ"လို့ဆုံးဖြတ်ထားတဲ့အတွက် ပြင်ဆင်မှုတင်သွင်းဖို့ ပျက်ကွက်ခဲ့ခြင်းကြောင့် အယူခံရုံးရဲ့အခွင့်အာဏာကို ပိတ်ပင်နိုင်မည်မဟုတ်ပါ။ တကယ်လို့ သက်သေခံချက်ဟာ အမှုအနိုင်အရှုံးအတွက်အရေးပါမယ်ဆိုရင် ပုဒ်မ.၁၀၅(၁)အရ သက်သေခံအဖြစ်လက်မခံတဲ့အမိန့်မှားယွင်းကြောင်း အယူခံအကြောင်းပြချက်တစ်ရပ်အနေဖြင့် တင်သွင်းခွင့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားရုံးဆိုတာက သက်သေခံချက်အရမှုခင်းတွေကိုဆုံးဖြတ်ရတာဖြစ်သလို သက်သေခံဝင်မဝင်ပြဿနာကိုလည်း အယူခံရုံးအပါအဝင် အဆင့်ဆင့်သော တရားရုံးက ဆုံးဖြတ်ခွင့်ရှိရမယ်ဆိုတာ မြင်သာပါတယ်။

~~~ဒါကြောင့်လည်း အမိန့်.၄၁၊ နည်း.၂၇(၁)(က)မှာအတိအလင်း တစ်သီးတစ်ခြား အခွင့်အာဏာပေးထားခြင်ဖြစ်သည်

Comments