၃၀၂ အကြောင်း

ပုဒ်မ ၃၀၂ အကြောင်း  သိကောင်းစရာ

~~~~~~~~~~~~~~~~~~~~~~~

ရာဇသတ်ကြီး ဥပဒေမှာ (လူသတ်မှု့) Murder

အကြောင်းပြဌာန်းထားတယ်။ 

အရပ်ထဲက လူတွေ သိထားတဲ့ အတိုင်းလူသားက လူသားကို 

သေအောင်ပြုရင် လူသတ်မှု့မြောက်တယ်။ ဥပဒေမှာ လူသတ်မှု့ဆိုတာရယ် 

လူသေမှု့ရယ် ခွဲခြားပြီး ပြဌာန်းထားတယ်။ 


လူတစ်ယောက်အသတ်ခံရရင် 

(၁)လူသတ်မှု့ မြောက်တယ်။ 

(၂) လူသေမှု့ လည်းမြောက်နိုင်တယ်။ ကနေ့တော့ လူသတ်မှု့အကြောင်းပြောပြပါမယ်။


(၁) ပြုလုပ်မှု့ /ပျက်ကွက်မှု့ ကြောင့် လူကို သေစေခြင်း။

A က Bကို 

( တုတ်၊ ဓါး၊ လှံ၊ သေနတ်နဲ့)ပစ်ခတ်ခြင်း၊ ထိုးခုတ်ခြင်း၊ ခုတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ အဆိပ်ကျွေးခြင်း၊ ရေထဲတွန်းချ၍ ရေနစ်စေခြင်း။ မီးရှို့ခြင်း၊ အငတ်ထားခြင်း စသည်ပြုလုပ်မှု့တို့ အကျုံး၀င်တယ်။


အကျဉ်းသားကို အစာရေစာကျွေးရန် 

တာ၀န်ရှိတဲ့ အချုပ်ကြပ်၊ ထောင်မှူးက အစာနဲ့ရေမပေးလို့ အချုပ်သား

သေစေခြင်းဟာ ပျက်ကွက်မှု့ကြောင့် လူကို(ဥပဒေနဲ့မညီ)သေစေရာ ရောက်တယ်။ 


လမ်းပေါ်က အစာရေစာငတ်ပြတ်ပြီး သေလုမျောပါးဖြစ်နေတဲ့ သူတောင်းစားကို မြင်တွေ့သူက အစာမကျွေးပျက်ကွက်လို့ 

သေတဲ့ အမှု့ဟာ ဥပဒေနဲ့မငြိစွန်းဘူး။


(၂) သေစေရန် အကြံနဲ့ ပြုခြင်း

လူတစ်ယောက်က လူတစ်ယောက်ကို တစ်စုံတစ်ရာပြုလုပ်ရာမှာ ပြုသူစိတ်ထဲမှာ ဘာအကြံအစည်နဲ့ ပြုသလဲ ဆိုတာကို 

ဘယ်သူမှ မသိနိုင်ဘူး။ 


ပြုလုပ်ပုံနည်းလမ်းနဲ့ အကျိုးတရား 

ပတ်၀န်းကျင် အခြေအနေကို ကြည့်ပြီး ကောက်ယူဆုံးဖြတ်ရတယ်။


ဥပမာ (က) A က B ရဲ့ 

ခြေထောက်ကို ကြိမ်လုံးနဲ့ ရိုက်တယ်။

ဒါဟာ နာစေရန် အကြံရှိတယ်လို့ ကောက်ယူတယ်။


(ခ) A က B ရဲ့ လည်ပင်းပြတ်သွားအောင် 

ဓါးနဲ့ ခုတ်တယ်။ သေစေရန် အကြံနဲ့ ပြုရာ ရောက်တယ်လို့ ကောက်ယူတယ်။


(ဂ) A က B ရဲ့ ခေါင်းကို သေနတ်နဲ့ 

တေ့ပြီး ပစ်တယ်။ ဦးနှောက်ပွင့်ပြီး ချက်ချင်းသေတယ်။ A မှာ B ကို မုချသေစေရန်အကြံရှိတယ်လို့ ကောက်ယူရတယ်။


လူသတ်မှု့အတွက် ပြစ်ဒဏ်…………


၃၀၂(၁) (က) တစ်သက်တစ်ကျွန်း

ကျနေစဉ် လူကိုသတ်ရင်။

(ခ) တင်ကူးကြံရွယ်ချက်နဲ့ လူကို သတ်ရင်

(ဂ) ထောင်(၇)နှစ်ကျနိုင်တဲ့ အမှု့ကျူးလွန်နေစဉ် လူကို သတ်ရင် (သေဒဏ်) ချ မှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်။


၃၀၂(၂) အခြားအချက်မျိုးမှာ လူသတ်မှု့ကျူးလွန်ရင် တစ်သက်ကျွန်းဒဏ်၊ 

၁၀ နှစ်ထိ ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်တယ်။


ဒါကြောင့် လူသတ်မှု့ဆိုတာ (၄)မျိုးရှိပြီး ၃၀၂(၁)(က)(ခ)(ဂ)ကိုကျူးလွန်ရင် 

မုချသေ ဒဏ်ပေးရတယ်။


တင်ကူးကြံရွယ်ချက်အကြောင်း (Premeditation)

ပြုလုပ်မှုတစ်ခုကို တင်ကူးကြံရွယ်ချက်နဲ့ ပြုလုပ်ခြင်း၊ ဟုတ်/မဟုတ် ဆိုတာ အမှု့မှာ ပေါ်ပေါက်တဲ့အကြောင်းခြင်းရာ အပေါ် တည်တယ်။ 


တင်ကူးကြံရွယ်ချက်မှာ 

အဆင့်တွေအများကြီး 

ပြုလုပ်ကျော်ဖြတ်ရတယ်။ 

တရားခံက လူတစ်ဦးကို သတ်သင့်/မသင့် အချိန်ယူစဉ်းစားတယ်။ သတ်မယ်လို့ ဆုံးဖြတ်တယ်။ ဒီဆုံးဖြတ်ချက်အတိုင်း (အစီအစဉ်ချပြီး) သတ်ခဲ့ရင် တင်ကူးကြံရွယ်ချက်နဲ့ လူသတ်မှု့ ကျူးလွန်ရာရောက်တယ်။


ဒီလိုအမှု့မျိုးဟာစဉ်းစားပြီးနောက်၊ ဆုံးဖြတ်ချက်ချပြီး သက်တဲ့အမှု့ဖြစ်လို့ 

(မသတ်မီ အချိန်ကာလ/ သတ်စဉ်နဲ့သတ်ပြီး များမကြာမီ အချိန်ကာလ များမှာ) တရားခံရဲ့ အပြုအမှု၊ လှုပ်ရှားသွားလာပုံကို ထည့်သွင်းစဉ်းစားရတယ်။ 

(Planned in advance)နဲ့ 

(murder was carried out will-fully)

လိုတယ်။ (ဥပမာ) Bကို သတ်မယ် ဆုံးဖြတ်ထားတယ်ဆိုပါစို့။ B နေ့တိုင်း၊ သွားလာတဲ့နေရာတွေလေ့လာရတယ်။ 

ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်ပုံဘယ်နည်းနဲ့ သတ်မယ်၊ သတ်ပြီးရင် ဘယ်ပြေးလမ်းကြောင်းက ဘယ်လို နည်းနဲ့ ပြေးမယ်ဆိုတဲ့ အစီအစဉ်ရေးဆွဲတယ်။ 


ဒါကို (Planned in advance) 

ကြိုတင်ပြင်ဆင် ထားခြင်းခေါ်တယ်။

(ပစ်မှတ်) B ရဲ့ သွားလာလှုပ်ရှားမှု့၊ 

ရောက်ရှိတဲ့ နေရာရဲ့ သတင်းအချက်အလက်ကိုလည်း 

ရရှိအောင် ကြိုတင်စီစဉ်ထားတယ်။ 


အသုံးပြုမဲ့ လက်နက်ကိရိယာလည်း အဆင်သင့်ယူဆောင်လာတယ်။ 

ပစ်မှတ်(B)ကို တွေ့ပြီ၊ သူထံကို ချဉ်းကပ်သွားတယ်။ မုချသေရမဲ့ နေရာ(ဦးခေါင်း)ကို အနီးကပ်ချိန်ရွယ်တယ်။ ပစ်လိုက်တယ်။ (Carried out will-fully)အကောင်အထည်ဖော်လိုက်တယ်။ လဲကျသေဆုံးသွားတယ်။

 စီစဉ်ထားတဲ့ ပြေးလမ်းကြောင်းအတိုင်း ရှောင်တိမ်းသွားတယ်။ ဒါတွေကြောင့် တင်ကူးကြံရွယ်ချက်နဲ့ လူသတ်မှု့ (Premeditated murder) ပုဒ်မ ၃၀၂(၁)(က)မြောက်တယ်တဲ့။


ဒီဖြစ်စဉ်မျိုးဟာ ရုတ်တရက်ဒေါသထွက်လို့ သတ်တာမျိုး၊ မရှောင်သာလို့ ပစ်သတ်တာမျိုး မဟုတ်ဘူး။ 

စိုးရိမ်စိတ်ကြောင့် စိတ်လိုက်မာန်ပါ

ပြုလုပ်လိုက်တာမျိုးလည်း မဟုတ်ဘူး။ 


ဥပမာ သူခိုးဟာ အိမ်ထဲ၀င်ခိုးနေစဉ်မှာ အိမ်ရှင်နိုးသွားလုိ့ အိမ်ရှင်ကို သတ်လိုက်တာမျိုးမဟုတ်ဘူး။ 

ဓါးပြတိုက်ရင်း၊ လုယက်ရင်း၊ 

လူသတ်မိတာ မျိုးမဟုတ်ဘူး။ 

မုဒိမ်းကျင့်ရင်း မိန်းကလေးကို

သတ်ပစ်တာမျိုး မဟုတ်ဘူး။ 

အဲဒါမျိုးက ပုဒ်မ ၃၀၂ (၁)(ဂ) သာဖြစ်တယ်။


တင်ကူးကြံရွယ်ချက် ရှိ/မရှိ 

ပတ်၀န်းကျင် အထောက်အထားများ

ဒီလိုအမှု့မျိုးမှာအောက်ပါပုဂ္ဂိုလ်များ

ပါ၀င်ပတ်သက်တတ်ပါတယ်။


(၁)B ကို သတ်ရန် စေခိုင်းသူ (ဆုံးဖြတ်ချက်ချသူ)

(၂) B ကို သတ်မဲ့အချိန်၊ နေရာ၊ နည်းလမ်း၊ 

     (Plan) ရေးဆွဲသူ။

(၃) A ကို ငှားရမ်းသူ /ငွေပေးသူ/ 

         သွေးဆောင်တိုက်တွန်းသူ။

(၄) A ကို သေနတ်ထုတ်ပေးသူ /

       လေ့ကျင့် ပေးသူ။

(၅) B ရဲ့ သတင်းအချက်အလက်ကို အချိန်နဲ့

       တပြေးညီ A ထံပေးပို့ ညွှန်ကြားနေသူ။

(၆) A ရဲ့ ပြေးလမ်းကြောင်းမှာ ကူညီမဲ့လူ။

(၇) A ကို နှုတ်ပိတ် လုပ်ကြံရန်

        အဆင့်သင့်ရှိနေသူ။

(၈) မမှန်သတင်းအချက်အလက်များ 

        ဖြန့်ဖြူးရန် စီစဉ်သူ။


ဒီလိုအမှု့မျိုး မှာ သာမန်အားဖြင့် ကိုယ်တိုင်ကျူးလွန်သူ၊ အားပေးကူညီသူ၊ အကြံတူတစ်ခု အောင်မြင်ထမြောက်စေရန် ပူးပေါင်းကြံစည်သူဆိုတာတွေ ပါလာတတ်တယ်။

အားပေးကူညီသူ (Abettor) 

(လှုံ့ဆော်၊ ပူးကြံ၊ တမင်ကူပံ့သူ)

A- က B ကိုသတ်တဲ့ အမှု့မျိုးမှာ

A- (ကျူးလွန်အောင် သွေးဆောင်သူ၊ တိုက်တွန်းသူ၊ လှုံ့ဆော်သူ၊ အကြံပေးသူ) နဲ့ 

A နဲ့ အတူ(ပူးပေါင်း ကြံစည်သူ၊ ရဲရဲတင်းတင်းကျူးလွန်ရဲအောင် ပါ၀င်နေသူ)


A- လွယ်လွယ်ကူကူကျူးလွန်နိုင်အောင် သတင်းပေး၊ အချက်ပြခြင်းဖြင့် တမင်ကူပံ့သူများကို (အားပေးကူညီသူများ) Abettors လို့ခေါ်တယ်။ 

(ပုဒ်မ-၁၀၇) တစ်နည်း နည်းနဲ့ 

ပါ၀င်ပတ်သက်ပြီး အားပေးကူညီမှု့ပြုသူ (Abettors) များဟာ A ကျခံရမဲ့ပြစ်ဒဏ် (သေဒဏ်)အတိုင်းကျခံရတယ်။ 

(ပုဒ်မ ၁၀၉/၁၁၄)အကြံတူဖြင့်ပြုခြင်း။ 

(ပုဒ္မ-၃၄) Common Intention

တစ်ဦးထက်ပိုတဲ့ လူတွေက မိမိတို့ရဲ့ 

(B ကိုသတ်ရန်)အကြံတူတစ်ခု အထမြောက်စေရန် ရည်ရွယ်ပြီး 

ပြုလုပ်မှု့များ ပြုလုပ်ခဲ့ရင် (ပါ၀င်သူအားလုံးဟာ) ထိုပြစ်မှုကို တစ်ဦးတည်း ပြုလုပ်ဘိသကဲ့သို့ ထိုသူအသီးသီးမှာ တာ၀န်ရှိတယ်။


 (အကြံတူရှိခြင်း)+ 

(ပြုလုပ်မှု့တမျိုးမျိုးပြု လုပ်ခဲ့ခြင်း)

တင်ကူကြံရွယ်ချက်နဲ့ လူသတ်မှု့တွေမှာ

(က) ကိုယ်ထိလက်ရောက်သတ်သူ (A)

(ခ) လက်နက်တပ်ဆင်ပေးသူ (A-7)

(ဂ) လက်နက်လေ့ကျင့်ပေးသူ (A-6)

(ဃ) ငွေ၊ ပစ္စည်း၊ ယာဉ်ထောက်ပံ့သူ (A-5)

(င) တိုက်တွန်း သွေးဆောင်စည်းရုံးသူ (A-4)

(စ) အချိန်နေရာ၊ နည်းလမ်းသတင်း

      အချက်စုဆောင်းပေးသူ (A-3)

(ဆ) ကြိုတင်စီမံချက်ရေးဆွဲပေးသူ (A-2)

(ဇ) B ကို သေစေချင်သူ တစ်ဦး (သို့) အများ (A-1) စတာတွေ ရှိတတ်တယ်။

ကိုယ်တိုင် ကျူးလွန်သူ (A) နဲ့ အားပေးကူညီသူ Abettors(A1-7) တို့မှာ B ကိုသတ်ရန်ဆိုတဲ့ အကြံတူ (Common Intention) ရှိကြတယ်။ ဒီအကြံတူ ထမြောက်အောင်မြင်စေရန် မိမိကဏ္ဍအလျှောက် အသီးသီးသော 

ပြုလုပ်မှု့ကို ဝုိင်း၀န်းပြုလုပ်ကြတယ်။ 

ဒါဆိုရင် (B)ကို သတ်တဲ့အမှု့မှာ 

(A) နဲ့ (A1-7) တို့ အသီးသီးဟာ 

တစ်ဦးထဲက ပြုသကဲ့သို့ တာ၀န်ရှိတယ်။ 

၃၀၂ (၁)(ခ) အရ သေဒဏ်ထိုက်တဲ့ ပြစ်မှု့မြောက်တယ်တဲ့။

(အကြင်သူသည် တရားကို သတ်၏။

ထိုသူအား သေကြေပျက်စီးစေတတ်သော တရားသည် ပြန်၍သတ်လေ၏။)၃၀

Comments