တိုက်ခန်းဝယ်ရာတွက်မြေရှင်လက်မှတ်

ဆရာ တိုက်ခန်းဝယ်ယူတဲ့နေရာမှာ မြေရှင် လက်မှတ်ထိုးဖို့လိုတယ်ဆိုတဲ့ဥပဒေ မရှိဘူးလို့သိရပါတယ်။ 

တကယ်လို့မြေရှင်လက်မှတ်မထိုးပဲ ဝယ်ယူရင် မိမိအတွက် ဘာတွေဆိုးကျိုးရှိနိုင်ပါသလဲ သိပါရစေ။ 


(စျေးကွက်သတင်းစာကဆောင်းပါးတစ်ခုနဲ့ဖြေပေးလိုက်ပါမယ်)


တိုက်ခန်း၊ ကွန်ဒို ဝယ်ယူ မှုတွေမှာ မြေရှင်ရဲ့ အသိအမှတ်ပြုခြင်းက လည်းခိုင်မာမှုအတွက် အရေးကြီးတယ် လို့ သိရပါတယ်။


“မြေရှင်လက်မှတ်ထိုးခဆိုတာက မြေ ရှင်ကို အမည်ပြောင်းခအနေနဲ့ ပေးရတာ ပါ၊ ဒီပိုက်ဆံကို မပေးချင်လို့ ကျော်လိုက် မယ်ဆိုရင် တိုက်နဲ့ ပတ်သက်ပြီး တစ်စုံ တစ်ခုဖြစ်လာရင် ပြဿနာရှိနိုင်တယ်”လို့ ပြောကြပါတယ်။


မြေရှင်လက်မှတ်ဆိုတာက တိုက်ခန်း ဝယ်ယူရာမှာ အမည်ပြောင်းအဖြစ် မြေရှင် က အသိအမှတ်ပြုပေးတာ ဖြစ်ပါတယ်။ 


မြေရှင်အသိအမှတ်ပြုခြင်းက တိုက်ခန်း နေသူတွေအတွက် အရေးကြီးပြီး တိုက် ခန်းနေသူတွေ တိုက်ပြိုကျခြင်း၊ တိုက်ခန်း ပျက်စီးခြင်းဖြစ်ပေါ်ပါက မြေရှင် အသိ အမှတ်မပြုရင် တိုက်ခန်းပြန်ရဖို့ မလွယ်ကူ ဘူးလို့ သိရပါတယ်။


တိုက်ခန်း၊ကွန်ဒိုရောင်းဝယ်ရာမှာ မြေရှင် လက်မှတ်ထိုးခ (တစ်နည်း) အမည် ပြောင်းခ ပေးရပါတယ်။ 


နေရာဒေသ အ လိုက် အရောင်းတန်ဖိုး တစ်ရာခိုင်နှုန်းက နေ သုံးရာခိုင်နှုန်းအထိ ပေးရပါတယ်။ 


မြေရှင် လက်မှတ်မပါဘဲ ဥပဒေနှင့် ညီညွတ်ပါ က ရောင်းချခွင့်ရှိတယ်ဆိုပေမဲ့ မြေရှင် အသိအမှတ်မပြုပါက ဆုံးရှုံးမှုတွေ ဖြစ်ပေါ် လာနိုင်တယ်လို့ သိရပါတယ်။


အိမ်လခပေးရတာက


အပျောက်တိုက်ခန်းဝယ်ယူသူကို ဥပဒေအရ အိမ်ငှားခ သတ်မှတ်ထားလို့ ၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေကို လိုက်နာရတာကြောင့် အပျောက်တိုက်ခန်းဝယ်ယူသူတွေအနေနဲ့ ငှားရမ်းခွင့်နဲ့ တစ်ဆင့် ပြန်လည်ရောင်းချခွင့် ရှိပေမဲ့ ဥပဒေအရ အိမ်ငှားဟုဆိုတာ ကြောင့် အိမ်လခပေးဖို့ တာဝန်ရှိပါတယ်။ 


မြေရှင် က သတ်မှတ်ထားတဲ့ အိမ်လခကို တိုက်ခန်းနေသူတွေက ပေးရတာဖြစ်ပြီး အိမ်လခတွေကိုတော့ နားလည်မှုနဲ့ သတ် မှတ်ကြတယ်လို့ သိရပါ တယ်။


“မြေယာနှင့် အခွန်က သတ်မှတ်ထား တဲ့ အိမ်လခက ၂၀ဝ/၂၅၀ (ကျပ်)၊ ဒါက ခု နဲ့ မကိုက်ညီတော့ဘူး၊ ခုတော့ နားလည်မှု နဲ့ ပေးနေကြတာပါ၊ ထောင်ဂဏန်းဝန်း ကျင် ပေးရပါတယ်”လို့ အိမ်ခြံမြေ အကြံ ပေး ရှေ့နေဦးကိုကိုက ဆိုပါတယ်။ 


လခပေးလည်း မခိုင်မာသေးပါ

မြေရှင်ကို အိမ်လခ မှန်မှန်ပေးသွင်း နေပေမဲ့၊ အိမ်ရှင်အသိအမှတ်ပြုတယ်ဆို ပေမဲ့ အမည်ပေါက်နေရာမှာ မူလပိုင်ရှင်ရဲ့ အမည်နဲ့သာ ဆက်လက်တည်ရှိနေတာ ကြောင့် တိုက်ခန်းနဲ့ ပတ်သက်တဲ့ တစ်စုံ တစ်ခု ဖြစ်ပေါ်လာပါက ပိုင်ဆိုင်မှုမှာ မူလ ပိုင်ရှင်နာမည်နဲ့သာ ရရှိမှာဖြစ်ပါတယ်။ 


အိမ်ရှင်အနေနဲ့လည်း မိမိနဲ့ သင့်မြတ်သူ ကိုသာ ထောက်ခံပေးခြင်းမျိုး ဖြစ်ပေါ်လာ နိုင်တယ်လို့ သိရပါတယ်။


“အခု အဖြစ်များနေတာက တိုက် ဟောင်းပြီး ပြိုကျလာမှုတွေပေါ့၊ မြေရှင်ကို အိမ်လခတော့ သွင်းတယ်၊ ဒါပေမဲ့ အရက် မူးပြီး နေ့တိုင်းသောင်းကျန်းနေတော့ ကန် ထရိုက်နဲ့ တိုက်အသစ်ပြန်ဆောက်တော့ မြေရှင်က အခန်းမပေးတော့ဘူးဆိုပြီး ပြဿနာတွေ တက်နေတယ်”ဆိုပါတယ်။


ငှားရမ်းခ တိုးလို့


၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေမှာ အိမ်ရှင်အခွင့်အရေးအရ ငှားရမ်းခ တိုးတောင်းခွင့်ရှိတယ်လို့ ပါရှိပါ တယ်။ ဥပဒေ အရ ငှားရမ်းခတိုးတောင်း နိုင်ပေမဲ့ အိမ်ရှင်တွေအနေနဲ့ ငှားရမ်းခ နှစ် စဉ် တိုး မြှင့်ကောက်ခံနေတာကြောင့် အ ပျောက် တိုက်ခန်း ဝယ်ယူသူတွေ အခက် တွေ့ကြရပါတယ်။ 


ယခုဆိုရင် အိမ်လခ တစ်လ ကျပ် ၅၀ဝ၀ အထိ ပေးကြရသလို အိမ်လခကိုလည်း 

ပုံစံအမျိုးမျိုးနဲ့ ကောက်ခံနေကြတယ်လို့ သိရပါ တယ်။


“ကျွန်မတို့ဘက်မှာတော့ အိမ်လခ ရယ်လို့ မဟုတ်ဘဲ ရေခွန်၊ မီးခွန်ဆိုပြီး တစ် လကို ကျပ် ၈၀ဝ၀ ပေးရတယ်၊ တချို့ တိုက် တွေမှာတော့ ဒီထက်များတယ်ပြော တယ်”လို့ လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။

Comments