အမိန့် ၁၇ နည်း ၁၄ အားကိုးအားထားပြုစာရွက်စာတမ်းဖြည့်ခြင်း
အမိန့် ၇ နည်း ၁၄ (၂ )
××××××××××××××××
အမိန့် ၇ နည်း ၁၄ ( ၂ )နဲ့ပတ်သက်တဲ့သ
တင်းထူးတစ်ခုကြားလိုက်ရလို့ဖောက်သည်ချချင်လို့
ဒီစာကိုရေးပါတယ် ။
အမိန်း၇ နည်း ၁၄(၂) ကဆိုလွှာမှာ အားကိုးအားထားပြု
တဲ့စာရွက်စာတမ်းတွေကို ဆိုလွှာမှာဖြည့်ထည့်ရမယ်ဒါ
မှမဟုတ် စာရင်းတစ်ခုပြုလုပ်ပြီးပူးတွဲရမယ်လို့ပြဌာန်း
ထားပါတယ် ။
အမိန့် ၇ နည်း ၁၄ အကြောင်း ၃ကြိမ်ထက်မနည်းယခင်
ကရေးခဲ့ဘူးပါတယ် ။ ဘာကြောင့်ရေးဖြစ်လဲဆိုတော့
ယခုနောက်ပိုင်း ရှေ့နေအတော်များများက အားကိုးအား
ထားပြုတဲ့စာရွက်စာတမ်းတွေကိုစာရင်းနဲ့မဖော်ပြဘဲ
- အမှု့နှင့်သက်ဆိုင်သောစာရွက်စာတမ်းများအားလုံး
- အမိန့် ၁၃ နည်း ၁ အရတင်ပြမည့်စာရွက်စာတမ်းများ
ဆိုပြီး ဖော်ပြတဲ့အလွ့အထ အတော်ခေတ်စားနေပါတယ် ။
ဘယ်သူကဘယ်လိုစတင်လိုက်တယ်တော့မသိဘူး ၊အဲဒီ
အသုံးကအတော်တွင်ကျယ်လာပါတယ် ။ အဆိုအချေ
နဲ့ပတ်သက်ပြီးရေးထားတဲ့စာအုပ်တအုပ်မှာ အဲဒီလိုရေး
ထားတာလည်းတွေ့မိပါတယ် ။ Junior တွေ အဲဒီလို
စာအုပ်တွေဖတ်ပြီးမှားကြလေသလားလို့ထင်မိပါတယ်။
အမိန့် ၇ နည်း ၁၄ (၂ ) မူရင်းပြဌာန်းချက်မှာ Shall နဲ့
သုံးထားတဲ့အတွက် မဖြစ်မနေလိုက်နာရမယ့်ပြဌာန်း
ချက်ဖြစ်ပါတယ် ။ အကယ်၍ အားကိုးအားထားစာရင်း
မှာအသေးစိတ် စာရွက်စာတမ်းတွေကိုမဖော်ပြထားရင်
တရားရုံးရဲ့ခွင့်ပြုချက်မရရင် သက်သေခံအဖြစ်တင်ပြ
ခွင့်မရပါဘူး ။ အမိန့် ၇ နည်း ၁၈ ကိုကြည့်ပါ ။
သတင်းထူးက ခုမှလာမှာပါ ။ နိဒါန်းချီနေတာနည်းနည်း
ရှည်သွားပါတယ် ။
တရားလွှတ်တော်မှာစွဲဆိုတဲ့တရားမကြီးမှုတစ်မှု့မှာ
တရားလိုတင်သွင်းတဲ့ဆိုလွှာမှာ အားကိုးအားထားပြု
တဲ့စာရွက်စာတမ်းစာရင်းမဖော်ပြဘဲ ၊ခေတ်စားနေတဲ့
အတိုင်းဖော်ပြထားပါလေရော ။ တရားပြိုင်ကချေလွှာ
တင်ပြီးတဲ့အခါ နောက်ရုံးချိန်းမှာ ရုံးငြင်းချက်ထုတ်ပါ
မယ် ။ အဲဒီနေ့မှာအမိန့် ၁၃ နည်း ၁ အရစာရွက်စာတမ်း
စာရင်းတင်ရပါမယ် ။ အမိန့် ၁၃ နည်း ၁ တင်တဲ့အခါ
အားကိုးအားထားမှာဖော်ပြထားခြင်းမရှိတဲ့စာရွက်စာ
တမ်းတွေကိုမထည့်ပါနဲ့ ဟုတခါတည်းမှာလိုက်ပါတယ်။
အမိန့် ၁၃ နည်း ၁ မှာတင်ခွင့်မရရင် သက်သေခံအဖြစ်
တင်လို့မရနိုင်တော့ပါဘူး ။ အမိန့် ၁၃ နည်း ၂ နဲ့
လျှောက်လို့ရပေမယ် ။ ရုံးတော်ကကျေနပ်လက်ခံနိုင်
တဲ့အကြောင်းပြချက်ရှိရန်လိုပါလိမ့်မယ် ။ အမိန့် ၁၃
နည်း ၂ နဲ့လျှောက်တိုင်းလည်းရချင်မှရတယ်ဆိုတာ
အများသိပြီးဖြစ်ပါတယ် ။ တရားလိုဘက်ကဆိုရင်
အမှု့အနိုင်ရဘို့အတော်ခက်သွားပြီလို့ဆိုရမှာဖြစ်ပါ
တယ် ။ ဒါကြောင့် စာရေးသူက အမိန့် ၇ နည်း၁၄ အ
ကြောင်းခဏခန သတိပေးခဲ့တာဖြစ်ပါတယ် ။
ဒီတရားလွှတ်တော်တရားသူကြီးရဲ့ဆောင်ရွက်မှု့ကို
စာရေးသူကတော့ Bravo ပါပဲ ။ အခြား အခြားသော
တရားသူကြီးတွေလည်း အလားတူဆောင်ရွက်သင့်ကြ
ပါတယ် ။ ဥပဒေ ကဒီလိုလုပ်ပါလို့ညွှန်ပြထားပါလျှက်
မလိုက်နာသူတွေအတွက်သင်္ခန်းစာကြီးကြီးရစေမှာ
တော့မလွဲမသွေဖြစ်ပါတယ် ။
ကြုံတုန်းလက်စနဲ့ပြောချင်တာနောက်တစ်ခုကတော့
အမိန့် ၁၁ နည်း ၁၅ ဖြစ်ပါတယ် ။ တရားမကြီးမှု့တွေ
ဆိုတာ တချို့စာရွက်စာတမ်းတွေကိုလှို့ဝှက်ထားမယ်
ထိန်ချန်ထားမယ် နောက်မှ ရုတ်တရက်ထုတ်သုံးမယ်
ဆိုပြီးလုပ်လို့ရတာမဟုတ်ပါဘူး Open fight လုပ်ရ
တာမျိုးဆိုတာသိထားရန်လိုပါတယ် ။
တချို့ရှေ့နေတွေက အမိန့် ၁၁ နည်း ၁၅ အရ ပြသရ
မယ့်စာရွက်စာတမ်းတွေပြဘို့ မိတ္တူကူးခွင့်ပေးဘို့ကို
အကြောင်းအမျိုးမျိုးနဲ့ငြင်းကြတာတွေလည်းတွေ့ရ
ပါတယ် ။ ငြင်းသင့်တဲ့စာရွက်စာတမ်းဖြစ်လို့ငြင်းတာ
မျိုးကလက်ခံလို့ရပေမယ့် ညစ်ကျယ်ကျယ်လုပ်ပြီး
ငြင်းတာမျိုးတော့ရှောင်သင့်ပါတယ် ။ အမိန့် ၁၁
နည်း ၁၅ ကိုလည်းလျှော့မတွက်သင့်ကြပါ ။ သူကလည်း
ဒုက္ခကောင်းကောင်းပေးနိုင်တယ်ဆိုတာသတိပြုကြ
ရန်လိုအပ်ပါတယ်ဆိုတဲ့အကြောင်းတင်ပြလိုက်ရပါတယ်။
Comments
Post a Comment