သေမှုသေခင်း
ယာဉ်တိမ်းမှောက်ခြင်း/လမ်းဘေးသစ်ပင်/မီးတိုင်အစသဖြင့်တစ်မျိုးမျိုးနှင့် ယာဉ်မောင်းသူကအခင်းဖြစ်ချိန်ကပင် ယာဉ်မောင်းသူ သေဆုံးသွားသည့်အမှုများအား၃၀၄-က နဲ့အမှုဖွင့်ခြင်းမှာ-
ဥပမာ ။ သေဆုံးသူAတရားခံမောင်းနှင်လာသောဆိုင်ကယ်မှာ လမ်းဘေးသစ်ပင်အား တိုက်မိပြီး ဆိုင်ကယ်နောက်မှာပါလာသူ Bတွင်လည်းပြင်းထန်ဒဏ်ရာရရှိခဲ့၏ Aနှင့်Bမှာ သူစိမ်းများဖြစ်ကြ၏ ဤအမှုတွင် တရားခံ Aမှာအခင်းဖြစ်ေနရာတွင်သေဆုံးကြောင်းစစ်ဆေးသိရှိခဲ့ရလျှင် ####
ယာဉ်မတော်တဆမှုကြောင့် တရားခံမှာ အခင်းဖြစ်ကပင်သေဆုံးခဲ့သည့်အမှုများအား ယခင်က သေမှုသေခင်းနှင့်ရေးဖွင့်ဆောင်ရွက်သော်လည်းလွန်ခဲ့သော ဆယ်စုနှစ်တစ်ဝက်ကျော်ကစ၍ ရာဇသတ်ကြီးနဲ့ဖွင့်ပြီး တရားခံသေဆုံးမှုနဲ့ပြန်ပိတ်ခဲ့ကြရာယနေ့တိုင် ဆက်လက်ကျင့်သုံးနေဆဲဖြစ်၏။အဘယ်ကြောင့်ဆိုသော် သက်သေခံ ပစ္စည်းနှင့် ပါတ်သက်၍ ကား/ဆိုင်ကယ်မှာ လိုင်စင်မဲ့ဖြစ်ပါက နိုင်ငံပိုင် သိမ်းဆည်းနိုင်ရန် ရည်ရွယ်သည်။
ယာဉ်တိုက်မှု၊ယာဉ်မတော်တဆမှုများတွင် တရားခံဖြစ်သူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့လျှင် ယခင်က သေမှုသေခင်းဖွင့်၍စုံစမ်းစစ်ဆေးခဲ့ကြသည်။ ယခုအခါသေမှုသေခင်းမဖွင့်တော့ဘဲ အမှုဖွင့်ပြီး ဆောင်ရွက်နေကြသည်ကိုတွေ့ရပါတော့သည်။
သေမှုသေခင်းဖွင့်၍စုံစမ်းစစ်ဆေးသည်ကမှန်သည် ၊ အမှုဖွင့်၍စုံစမ်းစစ်ဆေးသည်က မှန်သည်ဟု မဝေဖန်လိုပါ။သို့ရာတွင် ဝိဉာဏ်ကို အရေးယူရန် ဆောင်ရွကါခြင်း သဖွယ်တော့ မဖြစ်သင့်ပါ။
သို့ရာတွင် တရားခံသေဆုံးပြီးမှ သေဆုံးသူအပေါ် တရားဥပဒေအရအရေးယူပေးရန်တိုင်စာဖြင့်ရေးသားတိုင်တန်းခြင်းသည် တစ်နည်းဆိုသော်"မသာ" ကို အရေးယူပေးရန် တိုင်တန်းနေကြခြင်းသည် သဘာဝလွန် အကြောင်းတရားတစ်ခုဟုမြင်မိပါသည်။
ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က ကဲ့သို့သော ယာဉ်မတော်တဆမှုများတွင်သက်သေခံယာဉ်မှာ လိုင်စင်မဲ့ယာဉ်ဖြစ်နေသဖြင့် ထိုယာဉ်အား ပြည်သူ့ဘဏ္ဍာသိမ်းနိုင်ရန်အတွက် အမှုရေးဖွင့်ကြသည်ဆိုလျှင်တရားခံသေဆုံးမှုဖြင့်ပိတ်သိမ်းသောအမှုသည်တရားရုံးသို့မရောက်ပါ။ဥပဒေအရာရှိ၏ဆုံးဖြတ်ချက်ဖြင့် ရဲစခန်းမှတ်ပုံတင်(၂၃)တွင်ရေးသားပိတ်သိမ်းခြင်းဖြစ်ပါသည်။ဥပဒေအရာရှိများသည် သက်သေခံပစ္စည်းကို စီမံခန့်ခွဲသော အကြံပြုချက်မပေးနိုင်ပါ။ထိုသက်သေခံယာဉ်ကိုပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းပေးပါရန် တရားရုံးသို့ သီးခြား တင်ပြရမည်ဟုမြင်မိပါသည်။
တရားသူကြီးမှ တရားရုံးသို့ တင်ပြလာသည့်အမှုမှသက်သေခံပစ္စည်းမဟုတ်သဖြင့် ငြင်းပယ်လျှင်အမှုစစ်ရဲအရာရှိတို့ အခက်တွေ့နိုင်ပါသည်။
သေမှုသေခင်းသည် ရဲစခန်းမှတ်ပုံတင်(၂၈)တွင် ရေးသားစုံစမ်းရသည်။သေမှုသေခင်းတိုင်းကို တရားရုံးသို့ တင်ပို့ရသည်။တရားစွဲဆိုခြင်းမဟုတ်ပါ။တရားရုံးမှ ရာဇဝတ်သေးမှု(ရာ/သေး)မှုများဖြင့်လက်ခံစစ်ဆေးပေးသည်။သေမှုသေခင်းများမှ သိမ်းဆည်းခဲ့သော သက်သေခံပစ္စည်းများကိုပါ တရားရုံးသို့ တင်ပြရသည်။
တရားသူကြီးသည် သေမှုသေခင်းကို စစ်ဆေးပြီးရဲစခန်းမှတင်ပြလာသည့် သက်သေခံပစ္စည်းများကိုလည်း စီမံခန့်ခွဲပေးပေလိမ့်မည်။သက်သေခံပစ္စည်းကို ပိုင်ဆိုင်ခွင့်ရှိသူဆို့ကလည်း တရားသူကြီးထံ အာမခံတောင်းဆိုခွင့်ရှိကြပေသည်။
Comments
Post a Comment