ပယင်းစစ်မစစ်ဘယ်လိုခွဲခြားနိုင်မလဲ?
(၁) Floating Test or Salt water Test
ပယင်းဟာ ရေချိန်သိပ်သည်းဆ S G ( specific gravity) 1.04 ရှိပါတယ်။
ရေချိန်သိပ်သည်းဆဆိုတာပါ .
.
လေထုထဲရှိ အလေးချိန်ကို ရေထုထဲရှိ အလေးချိန် နဲ့စားပြီး ရလဒ်ပါ ။
ရေရဲ့ သိပ်သည်းဆ ဟာ 1 အတိရှိပါတယ်။
ဆားပြည့်ဝပျော်ရည် .
ဆားသည် ရေ၌ လုံးဝနောက်ထပ်မပျော်ဝင်နိုင်တော့တဲ့ အခြေအနေရှိတဲ့ဆားဖျော်ရည်ကိုပြည့်ဝ ဆားပျော်ရည်လို့ ခေါ်ပါတယ်။
ရေတဖန်ခွက်ကို ဆား tea spoon 7 ဇွန်း ထည့်ရပါမယ်။
ဆားသည် ရေ၌ ပျော်ဝင်သွားပြီးနောက်ထုံးရည် ကြည်ကဲ့သို့ ခပ်ဖြူဖြူ အရောင်ပြောင်းသွားမှာဖြစ်ပါတယ်။
စမ်းသပ်လိုသော ပယင်းကို (မှတ်ချက် -အထည်ခတ် ဖြစ်ပါက အထည် မှ ဖြုတ်စမ်းရမည်) ၎င်း ဖျော်ရည်ထဲ ထည့်လိုက်ပါ။
ပြည့်ဝဆားပျော်ရည် ၏ ရေချိန်သိပ်သည်းဆ 1.1 ဖြစ်သောကြောင့် ရေချိန်သိပ်သည်းဆနည်းသော
ပယင်း . copal ၊ သစ်စေးခဲ ၊ အားလုံး ၎င်းဆားပျော်ရည်၌ ပေါလောပေါ်နေမည် ဖြစ်ပါသည်။
ရေချိန် သိပ်သည်းဆ အနည်းဆုံး ၂ ဖြစ်သော ပလပ်စတစ် ၂ နှင့်အထက်ရှိသော ဖန်၊ ပျော်ရည်
ထက်လေးသောကြောင့် မြှုပ်သွားမည်ဖြစ်သည် ။
မှတ်ချက်။ ။ pressed amber မှာ ပယင်းကိုအရည်ကျို ပြုလုပ်ထားသောသော်ကြောင့် ပယင်းနှင့်
သိပ်သည်းဆ တူသောကြာင့် ချို့ယွင်းချက်အနေဖြင့် ဆားပျော်ရည်၌လည်း ပေါလောပေါ်နေမည် ဖြစ်ပါသည်။
(ပယင်းစစ်နည်း ၁ )
အပ်ကို နီရဲအောင် မီးကင်ပြီး ပယင်းကိုထိုးကြည့်ပါ။
ထင်းရှူးနံ့သို့ချယ်ရီနံ့သို့သစ်သားနံ့လေးတွေရပါလိမ့်မယ်။
အပ်ဟာ ပြန်နုတ်လိုက်ရင် အဖြူအတိုင်းပြန်ထွက်လာပါတယ်.။
ပယင်းဟာ အချပ်အချပ် လေးတွေအဖြစ်ကွဲအက်ပါတယ်.။
ပျော့ပျော့ကြီး နစ် ဝင်မသွားပါဘူး . .မာပါတယ်။
အတုဆိုရင်
ပလစ်စတစ်ညှော် နံ့ သို့ ဝါယာ ရှော့ဖြစ်တဲ့အနံ့ထွက်မှာဖြစ်ပြီး ထိုးတဲ့အခါ အပ်ဟာအလွယ်တကူ ပျော့ပြီးဝင်သွားမယ်။
.အပ်ဟာ ပြန်နုတ်လို့ ရှိရင် စေးကပ်ကပ်နဲ့မည်းနေတက်မယ်။
(၂) ရေနွေးပူ ထဲ ထည့်တာပါ
အနံ့ ခံကြည့် . .hot point test လိုပဲ ပယင်းစစ်ရင် သစ်မွှေးနံ့ရမယ် ။
.ပလပ်စတစ်ဆိုရင် ကာဘော်လစ် နံ့ ညော်ှနံ့ ရမယ်။ သစ်မွှေးနံ့ဆိုတာ cherry သားနံ့ထင်းရှူး နံ့ ပါ
ပယင်းဟာ 200°C to 300° C ထိ ခံပါတယ်။ ရေနွေးပူဟာ ၁၀၀ ဒီဂရီ အများဆုံးပါပဲ ။
ဒီထက်ပူရင် ရေနွေးေွ့ ဖြစ်ပြီး အငွေ့ပျံ သွားပါတယ်။
(၃) လက်သည်း ဖျက်ဆေးကို ဝါဂွမ်းမှာ ဆွတ်ပြီးတို့ကြည့်ပွတ်ကြည့်ပါ ။
Amber စစ်ရင် reaction မဖြစ်ဘူး ။ copal သို့ ပလပ်စတစ် ဆိုရင်စေးကပ်ကပ်နဲ့ဝါဂွမ်မှာ အစေးတွေ ကပ်ပါလာမှာဖြစ်ပါတယ်။
မှတ်ချက် ဖန်ကိုစမ်းလို့ မရပါ။ Alcohole test လဲထိုနည်း ၎င်းဖန်ကို စမ်း မရပါ
( ၄)Scrape test. .
ပင်အပ်သို့ဓားဖြင့် ခြစ်ကြည့်ပါ။
amber စစ်ရင် အမှုန်လေးတွေထွက်ပြီး လျောကနဲ သွားလိမ့်မယ်။ အစလေးတွေ ပဲ့ကျမယ် ။
plastic ဆို ငြိနေမှာဖြစ်ပါတယ်။ အစအနတွေဟာ အလိပ်လိုက်ရေဘော် ထိုးသလို ထွက်လာမှာဖြစ်ပါတယ်။
copal ထိုနည်း၎င်း ပြမယ်ဖန်ဆို အပ်မတိုး ဘူး ဓားမတိုးဘူး။
မှတ်ချက် - copal ကို စမ်းမရပါ
(၅) rubbing test. .
ပယင်းကိုချည်ထည် သိုးမွှေး တို့ဖြင်နာနာပွတ်ပါ ။
electro meganetic field ( negative) ထွက်လို့ ပေါ့ပါးတဲ့ဆံပင်၊ဌက်မွှေး၊ စက္ကူ အပိုင်းအစလေးများကို
ဆွဲငင် တယ်။ plastic ဖန် မဆွဲငင်ပါ။
(၆ ) taste
ဒီနည်းလမ်းကအတွေ့အကြုံရှိမှအဆင်ပြေမှာပါ။ ပယင်းကို အနံ့မပါသော ဆပ်ပြာဖြင့်ရေစင်အောင်ဆေးပါ ။
လျှဖျားလေးနဲ့တို့ကြည့် ချယ်ရီသားအရသာ ၊ထင်းရှူးအရသာ ခံစားမိမှာဖြစ်ပါတယ်။ plastic ဖန်မရှိပါ
မှတ်ချက်- copal စမ်းမရပါ
(၇) smell
ထိုနည်း၎င်း ပဲရှူကြည်ပါက ချယ်ရီ ထင်းရှူးနံ့ ရမှာဖြစ်ပါတယ်။
(၈) touch !
ပယင်းဟာ နွေးတဲ့အထိအတွေရှိပါတယ်။ plastic ဖန် မရှိပါ။
မှတ်ချက် - copal စမ်းမရပါ
(၉) Uv
ပယင်း ဟာ short wave ultraviolet ခရမ်းလွန်ရောင်ခြည် နဲ့စမ်းရင် glow ခေါ် မီးစုန်းတောက်ပါတယ်။
ဖန် နဲ့ ပလပ်စတစ်ကတော့မပြပါ။ သို့သော် Ambriod နှင့် copal မှာလဲ ထိုနည်းလည်းကောင်း glow ပြပါတယ်။
(10) ဆားပြည့်ဝပျော်ရည်မှာ စိမ်
Comments
Post a Comment