လင်မယားပစ္စည်း
*မြန်မာဓလေ့ထုံးတမ်းဥပဒေအရဖြစ်ပါသည်။
*မြန်မာဗုဒ္ဓဘာသာလင်မယားတို့သည်ပစ္စည်းခန်း၌"ပူးတွဲပိုင်ဆိုင်သူ"အဖြစ်မဟုတ်ဘဲ"အတူပိုင်ဆိုင်သူ"များအဖြစ်တည်ရှိသည်။
(ဦးဖေနှင့်ဦးမောင်မောင်ခ၊10ရန်ကုန်261)
*လင်နှင့်မယားတို့သည်ပစ္စည်းခန်းတွင်အတူပိုင်ဆိုင်သူများဖြစ်ကြသော်လည်းလင်ခန်းမယားခန်းမပြတ်စဲဘဲတည်မြဲနေစဥ်ကာလအတွင်းလင်ကဖြစ်စေ၊မယားကဖြစ်စေပစ္စည်းခွဲဝေပေးစေလိုမှုမစွဲဆိုနိုင်ပေ။
(မထွေးနှင့်မောင်တင်ဦး1953မတစလွှတ်တော်29)
*ပစ္စည်းအရပ်ရပ်၌မယားသည်အကျိုးခံစားခွင့်ရှိသည်မှန်သော်လည်းမယားသည်၎င်း၏အစုကိုသီးခြားလက်ရှိရရန်လင်အားတရားစွဲ ပြီးတောင်းဆိုခွင့်မရှိချေ။
(မောင်ကိုနှင့်မမယ်၊အက်ဂျေ19)
*မယားအားနှစ်ဦးပိုင်ပစ္စည်းများအလွဲစီမံပြုလုပ်နေခြင်းကိုလည်းလင်ကခွင့်ပြုရန်သတ်မှတ်ထားခြင်းမရှိပေ။
(ဂျေချန်ထွန်းနှင့်မတီ၊အေအိုင်အာ1935ရန်ကုန်359(361))
*လင်၏ခွင့်ပြုချက်အရမယားကအဝေးသို့ယူဆောင်သွားသည့်ပစ္စည်းများကိုလင်သည်လက်ရှိရရန်ပြန်လည်တောင်းဆိုနိုင်လေသည်။
(မောင်ကောက်နှင့်မဟန်2ယူဘီအာ(1892-96)48(52))
**ယခုအခါမြန်မာဗုဒ္ဓဘာသာဝင်လင်နှင့်မယားတို့သည်အစုစပ်များအဖြစ်၌မတည်ရှိဆိုသည့်တရားဥပဒေမှာအတည်ဖြစ်လျှက်ရှိသည်။
*လင်နှင့်မယားတို့၏သက်ဆိုင်ရာပစ္စည်း(7)မျိုးရှိရာ-
1)ပါရင်း=လင်ဖြစ်စေ၊မယားဖြစ်စေထိမ်းမြားလက်ထပ်ခြင်းမပြုမီအချိန်ကပိုင်ဆိုင်ခဲ့သည့်ပစ္စည်း။
ဒုတိယအိမ်ထောင်သည်များအဖို့ပထမအိမ်ထောင်မှပစ္စည်းနှင့်ပထမအိမ်ထောင်နှင့်ပြတ်စဲပြီးနောက်ဒုတိယအိမ်ထောင်မပြုမီရသည့်ပစ္စည်းအားလုံး
(ယူလာသူ2/3
ကျန်တဖက်1/3)
*ထိမ်းမြားစဥ်ကလင်၌ပါရင်းမြေတကွက်ပါလာသည်။နှစ်အတော်ကြာသောအခါရောင်းပြီးအခြားမြေတကွက်ဝယ်သည်။အဆိုပါမြေသည်လက်ထက်ပွားမဖြစ်ဘဲပါရင်းအဖြစ်သာတည်ရှိသည်။
(မောင်စံဒွန်းနှင့်မလုပ်6ဘီအယ်ဂျေ219)
2)အထက်ပါ=အိမ်ထောင်ကျပြီးသူေယာကျာ်းသို့မဟုတ်မိန်းမ၏အိမ်ထောင်ဟောင်းမှအိမ်ထောင်သစ်သို့ပါလာသောပစ္စည်း။
*အိမ်ထောင်ကြီးများသည်တစ်ဦး၏အထက်ပါပစ္စည်းတွင်ကျန်တစ်ဦးကအကျိုးသက်ဆိုင်ခွင့်မရှိဟူသောဥပဒေသမှာအိမ်ထောင်ကြီးလင်မယားအသက်ထင်ရှားရှိစဥ်ကာလအတွင်းသာသက်ဆိုင်သည်။
တစ်ဦးဦးကွယ်လွန်သောအခါကျန်တစ်ဦးကကွယ်လွန်သူ၏အမွေကိုဆက်ခံခွင့်ရှိသည်။
(မသောင်းကြည်နှင့်မဖွားစိန်1986မတစ62)
3)ခန်းဝင်=မဂ်လာဆောင်ချိန်၌မိဘဆွေမျိုးမိတ်ဆွေသဂ်ဟများကလင်နှင့်မယားနှစ်ဦးအကျိုးအတွက်လက်ဖွဲ့ကြသောပစ္စည်းသို့မဟုတ်သတို့သားကသတို့သမီးကိုနှစ်ဦးအကျိုးအတွက်ပေးသောပစ္စည်း။
*ထိမ်းမြားစဥ်၌ခန်းဝင်အဖြစ်ကြေညာလျှင်ခန်းဝင်ပစ္စည်းဖြစ်သွားသည်။
*လယ်၊ယာ၊မြေအစရှိသောမရွေ့မပြောင်းနိုင်သောပစ္စည်းများကိုမှတ်ပုံတင်မပေးလျှင်ခန်းဝင်ပစ္စည်းမဖြစ်နိုင်ပေ။
(မအေးညွန့်နှင့်မောင်တုတ်ဖြူ2ယူဘီအာ(1897-01)39)
4)လက်ထက်ပွား=ထိမ်းမြားလက်ထပ်ချိန်မှစ၍ပွားများလာသောပစ္စည်းများ။
(က)သာမန်လက်ထက်ပွား=
အညီအမျှ(1/2)အကျိုးခံစားခွက့်ရှိသည်။
(မခင်နှင့်မောင်ဖိုးစိန်6ဘီအယ်အာ16)
(ခ)အမွေရလက်ထက်ပွား=ရသူက2/3၊ကျန်တဖက်1/3အကျိုးခံစားခွင့်ရှိသည်။
(ချစ်တီးကုန်တိုက်နှင့်မောင်သာလှိုင်၊3ရန်ကုန်332)
5)နှစ်ပါးစုံ=လင်မယားနှစ်ဦး၏ကြိုးပမ်းအားထုတ်ရှာ၍ ရလာသောပစ္စည်း။အညီအမျှ(1/2)
(မောင်ဖိုးစိန်နှင့်မပွား၊ပီဂျေ403)
မှတ်ချက်။ကျန်နှစ်မျိုးမှာယခုခေတ်တွင်မရှိတော့ပါ။
ကိုးကား။ဦးမြစိန်၊မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ
Comments
Post a Comment