ဟန်ဆောင်စာချုပ်

 ဟန်ဆောင်စာချုပ် - 

       ကျွန်တော်တို့၏ လူမှုအသိုင်းအဝိုင်းတွင် ငွေချေးငှားခြင်းကို  ခိုင်မာအောင်ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ငွေရှင် နှင့် ငွေချေးသူတို့သည်  အမျိုးမျိုးသော စာချုပ်များအား ပြုလုပ်ချုပ်ဆိုနေကြသည်ကို တွေ့မြင်နေရပါသည်။ 

      ထိုစာချုပ်များထဲတွင် အိမ်မြေ၊ စသည်တို့ကို အပေါင်စာချုပ်ချုပ်ဆိုရမည့် အစား အရောင်း စာချုပ်ပြုလုပ်၍ လက်မှတ်ထိုးထားသည့်စာချုပ်များ ၊ စာချုပ်စာတမ်းရုံးတွင်မှတ်ပုံတင်နိုင်ရန်အထူးကိုယ်စားလှယ်စာ ၊  အထွေထွေ  ကိုယ်စားလှယ်စာ နှင့် ပစ္စည်းကိုပါ လက်ရောက်ရယူထားသည့် အရောင်းအ၀ယ်စာချုပ်များစသည်ဖြင့် ငွေချေးငှားခြင်းအား 

ဖုံးကွယ်၍ ဟန်ဆောင်စာချုပ်များအား နည်းမျိုးစုံဖြင့် ပြုလုပ်လေ့ရှိကြသည်။ 

     တနည်းဆိုရသော် ဥပဒေအားလက်တစ်လုံးခြားသည့် စာချုပ်များကို ပြုလုပ်ချုပ်ဆိုလေ့ရှိကြပါသည်။ 


ထိုသို့အိမ်ခြံမြေကို အရာင်းအ၀ယ်ပုံစံပြုလုပ်၍ ငွေချေးငှားသည့် ကိစ္စများမှာ ဥပဒေနှင့် ညီညွှတ်မှန်ကန်မှု မရှိသဖြင့်   မမှန်မကန်  သောနည်းလမ်းဖြင့်

ဆောင်ရွက်၍ အိမ် ၊ မြေကို  လက်ရောက်ရယူထားသည့် (သို့)  အိမ်မြေနှင့် ပတ်သက်သော စာရွက်စာ

တမ်းများကို လက်ရောက်ရယူထားသည့် ငွေချေးပေးသူတို့သည်  တရားရုံးတွင်  အမှု ရှုံးနိမ့်မည်သာ  ဖြစ်

သည်။

စာချုပ်တစ်ခုသည် အကျိုးသက်ရောက်စေရန် ရည်ရွယ်ချက်မရှိ ၊  ဟန်ဆောင်စာချုပ်မျှသာ  ဖြစ်ခဲ့လျှင်၊ (သို့) ငွေတိုးချသူတို့  အက်ဥပဒေတွင် ပညတ်ထားသည့် ကိစ္စများကို ကွင်းရှောင်ကျော်နင်းရန် ရည်ရွယ်ချက်  ဖြင့်ပြုလုပ်ခဲ့ လျှင် ထိုစာချုပ်သည် တရားဥပဒေအရ ပဋိညာဉ် မြောက်သည့် သဘောတူစာချုပ်မဟုတ်ချေ။ 

    ဟန်ဆောင်ချုပ်ဆိုခဲ့သည့် စာချုပ်နှင့်ပတ်သက်၍ နုတ်သက်သေခံချက်တင်ပြ ခွင့်အား ဥပဒေက ခွင့်ပြုထားသဖြင့်   မှုလ  ငွေချေးငှားစဉ်က  ပြုသမျှနုပြ၍ အလိုလိုက်အကြိုက်ဆောင်ခဲ့သော ငွေချေးယူသူသည် စာချုပ်မှာ ဟန်ဆောင်ဖြစ်ကြောင်း ၊ ငွေချေးငှားခြင်းဖြစ်ကြောင်း   အကြောက်အကန်   ငြင်းဆန်ပါတော့သည်။ 

     ထိုအခါ မှုလငွေရှင်သည် ဖွတ်မရ ဓါးမရှုံးသည့် ကိန်းဆိုက်ရပါတော့သည်။


၂၀၁၂ ( စာ ၁၂၇)

၁၉၆၅ (ဦးခွေး ဦးအေးပါ ၂)


Comments