အမှုတွဲချေဖျက်ခြင်း
{ Quash } ခေါ် အမှုတွဲချေဖျတ်ခြင်း
အမှုချေဖျတ်မည့် အမှုသည်စုံရပါမည်။ အမှုတွဲချေဖျတ်ပေးရန် လျောက်ထားသည့်လျှောက်လွှာ၊ ကျမ်းကျိန်လွာ၊ ချေဖျတ်မည့်အမှုတွဲ အစအဆုံးနှင့် တရားရုံးနေစဉ်မှတ်တမ်းပါ ပူးတွဲ တင်ပြရပါမည်။ အမှုတွဲချေဖျတ်ပေးရန် ဘယ်အချိန်လျောက်ထားရမလဲဆိုရင် တရားလိုစစ်ဆေးပြီးနောက် အမှုတွဲချေဖျတ်ရန် အကြောင်းအရာ ပေါ်ပေါက်သည့် အစောဆုံး အဆင့်တွင် လျောက်ထားရပါမည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁-က
အမှုချေဖျက်ပေးရန် လျှောက်ထားမှု
561 A. Nothing in this Code shall be deemed to limit or affect the inherent power of the High Court to make such orders as may be nessary to give effect to any order under this Code, or to prevent abuse of the process of any Court or therewise to secure the ends of justice.
(အမှုတွဲပယ်ဖျတ်ပေးရန် စီရင်ပိုင်ခွင့်မှာ ပြည်နယ်တိုင်းလွှတ်တော်၌သာ လုပ်ပိုင်ခွင့်ရှိသည်။)
ဦးစံချိန် (ခေါ်) ဦးစံရှိန် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၉၃ ၊ မ တ စ ၊ ၂၀
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ - က အရ အမှုကို ချေဖျက်ရေးကိစ္စတွင်အလေးနက်ထားစဉ်း စားရမည့်အချက်မှာ တရားလိုဘက်မှ စွပ်စွဲချက်များကို မှန်ကန်သည်ဟု လက်ခံသည့်တိုင်အောင် တရားခံအနေ ဖြင့် ပြစ်မှုတစ်ရပ်ရပ်ကျူးလွန်ကြောင်း၊ပေါ်ပေါက်ခြင်းရှိမရှိ၊မှန်ခဲ့လျင် ပြစ်မှုမြောက်မည့် စွပ်စွဲချက်များကို ထောက်ခံမည့်သက်သေခံချက်ရှိမရှိ ဆိုသောအချက်များပင်ဖြစ်သည်၊
ဦးမင်းဟန် ပါ ၃ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါ ၂ ၁၉၉၈ ၊ မ တ စ ၊ ၉၈
ကျင့်ထုံးပုဒ်မ ၅၆၁ - က အရ ပြစ်မှုမမြောက်နိုင်ကြောင်းတွေ့ရှိလျင် စွဲချက်တင်သင့်မတင်သင့်အ ထိ စောင့်ဆိုင်းခြင်းမပြုဘဲ ကျင့်ထုံးပုဒ်မ ၅၆၁ - က ပါ မူလဘူတအာဏာကို ကျင့်သုံး၍ အမှုပယ်ဖျက်သင့်က ပယ်ဖျက်ရမည်ဖြစ်သည်၊ မလိုအပ်ဘဲ စစ်ဆေးနေခြင်းသည် တရားရုံး၏ယန္တရားကို အလွဲအသုံးချရာရောက် သည်၊
မောင်ကျော်စွာထိုက် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါ ၂ ၂၀၀၁ ၊ မ တ စ ၊ ၁
တရားမကြောင်းဖြင့် စွဲဆိုရန်အကြောင်းရှိသည်ကို တရားမကြောင်းဖြင့် တရားစွဲဆိုခြင်းမပြုဘဲ ပြစ်မှု ကြောင်းအရ အရေးယူရန် တရားစွဲဆိုခြင်းသည် တရားစီရင်ရေးယန္တရားကို အလွဲသုံးစွဲခြင်းဖြစ်သည်၊
"အမှုတစ်ခုလုံးကို ချေဖျက်ပေးရန်လျှောက်ထားခြင်း"
(The Quash the proceeding)
မှတ်ချက် ။ ။ တရားခံရှေ့နေတစ်ဦးသည် မိမိတရားခံအပေါ်တွင် စွဲဆိုထားသောပြစ်မှုမှာ မည်သို့မျှ ပြစ်မှု မြောက်ရန်အကြောင်းမရှိလျင် ပြစ်မှုမြောက်နိုင်သည့်အင်္ဂါလက္ခဏာများလုံး၀မရှိလျင် တရားရုံး၌ဆက်လက်၍ စစ်ဆေးခုခံဖြေရှင်းခြင်းမပြုဘဲ အမှုတွဲတစ်ခုလုံးကို ချေဖျက်ပေးရန် နိုင်ငံတော်တရားရုံးချုပ်သို့လျှောက်ထား နိုင်သည်၊
တရားခံအပေါ် စွဲဆိုထားသောပြစ်မှုတစ်ခုသည် မည်သို့မျှ ပြစ်မှုမမြောက်နိုင်ကြောင်း ပြစ်မှု အင်္ဂါရပ်လက္ခဏာများပြည့်စုံမှုမရှိကြောင်း ထင်ရှားပေါ်ပေါက်သည့်အခါ တရားခံအပေါ်စွဲချက်တင်သည့်အဆင့် ထိစောင့်ဆိုင်းရန်မလိုဘဲ ကျင့်ထုံးပုဒ်မ ၅၆၁ - က အရ အမှုကို ချေဖျက်ပေးရန် နိုင်ငံတော်တရားရုံးချုပ်သို့ တိုက်ရိုက်လျောက်ထားနိုင်သည်၊ ပြစ်မှုဆိုင်ရာအထွေထွေအမှုအနေဖြင့် လျှောက်ထားရမည်ဖြစ်သည်၊ နိုင်ငံ တော်တရားရုံးချုပ်က မိမိ၏ (Inherent power ) ကိုယ်ပိုင်မူရင်းအာဏာ (စါ) မူလဘူတအာဏာကို အသုံးပြု၍ အမှုကို ချေဖျက်ပေးနိုင်သည်၊
ကျင့်ထုံးပုဒ်မ ၅၆၁-က တွင် ဤဥပဒေအရ ချမှတ်သောအမိန့်တစ်ရပ်ရပ်ကို အတည်ပြုရန်အ တွက် လိုအပ်သည့်အမိန့်များကို ချမှတ်ရန်ဖြစ်စေ၊တရားရုံး၏ဥပဒေလုပ်ထုံးလုပ်နည်းကို အလွဲပြုခြင်းမှတားဆီး ကာကွယ်ရန်ဖြစ်စေ၊အခြားနည်းဖြင့် တရားဖြောင့်မှန်ရာရောက်အောင် ပြုလုပ်ရန်ဖြစ်စေ၊တရားလွှတ်တော်၌ ရှိ ရင်းစွဲဖြစ်သောမူလဘူတအာဏာကို ဤဥပဒေတွင်ပါသော မည်သည့်ပြဌာန်းချက်ကမျှ ကန့်သတ်သည် (သို့) ထိခိုက်သည်ဟု မမှတ်ယူစေရဟူ၍ ပြဌာန်းထားသည်၊တရားဖြောင့်မှန်ရာရောက်အောင် ပြုလုပ်ရန်နှင့် ဥပဒေ လုပ်ထုံးလုပ်နည်းကို အလွဲပြုခြင်းမှ တားဆီးကာကွယ်ရန် နိုင်ငံတော်တရားရုံးချုပ်သည် မိမိ၏မူလဘူတအာ ဏာကို အသုံးပြုနိုင်ကြောင်း ပြဌာန်းထားခြင်းဖြစ်သည်၊
အမှုတွဲချေဖျက်ခြင်းဆိုင်ရာ လမ်းညွှန်စီရင်ထုံးများ
အမှုတွဲချေဖျက်ပေးရန် လျှောက်လွှာရေးသားခြင်းမပြုမီ အမှုတွဲချေဖျက်ခြင်းဆိုင်ရာ လမ်းညွှ့န်စီရင် ထုံးများကို ကောင်းစွာလေ့လာပြီး မိမ်ိအမှုနှင့်အနီးစပ်ဆုံး သက်ဆိုင်သည့်စီရင်ထုံးကို ကိုးကားဖေါ်ပြလျှောက် ထား၇မည်၊
ဦးမြဘူး ပါ ၂ နှင့် ဒေါ်သန်းကြည် ၁၉၆၆ ၊ မ တ စ ၊ ၁၀၈၃
ဤရုံးသည် စစ်ဆေးနေဆဲဖြစ်သော အမှုတွဲတစ်ခုကို လွယ်လွယ်ကူကူနှင့်ဖျက်ပေးသောရုံးမဟုတ်၊ အထူးအကြောင်းရှိမှသာလျင် ပယ်ဖျက်ပေးနိုင်သည်၊ထိုအထူးအကြောင်းမှာအဓိကအချက်ဖြစ်သည်၊တရားခံ အားမည်သည့်ရာဇ၀တ်မှုကိုမျှ တရားလိုက မဖေါ်ပြနိုင်ဘဲလျက် တရားခံအပေါ်ဆက်လက်အရေးယူခြင်းသည် တရားလိုက တရားခံအပေါ် မတရားသက်သက်စိတ်အနှောက်အယှက်ပေးနေရာ ကျကြောင်းဖြစ်သည်၊အမှုမှာ မပြီးပြတ်သေးပေ၊သို့သော် မပြီးပြတ်သေးဘဲ စစ်ဆေးဆဲအမှုကို ပယ်ဖျက်ပေးခြင်းဖြင့် ၀င်ရောက်စွက်ဖက်ခြင်း မပြုလိုသော်လည်း အမှုတွင်တွေ့ရှိရသောအကြောင်းအချက်များကြောင့် ၀င်ရောက်စွက်ဖက်ရန်မနေသာသ ဖြင့် ၀င်ရောက်စွက်ဖက်ရပေမည်၊
ကိုတင်လှ ပါ ၃ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၆ ၊ မ တ စ ၅၉ ၊
ဤအခြေအနေမျိူး၌ အမှုကို ပယ်ဖျက်ပေးနိုင်ရန်ဆိုလျင် အမှုတွဲပေါ်တွင် မှတ်တမ်းတင်ပြီးသောတ ရားလိုပြသက်သေခံချက်အားလုံးကို ယုံကြည်စေဦး မည်သည့်ပြစ်မှုမမြောက်ကြောင်းထင်ရှားရသည်၊တိုင်ချက် နှင့် တရားလိုပြသက်သေခံချက်အားလုံးပေါင်းစပ်ကြည့်ရှုလျင် မည်သည့်ပြစ်မှုကိုမျှ စွပ်စွဲခံရသူက ကျူးလွန်ခဲ့ သည်မဟုတ်ကြောင်း ထင်ရှားခဲ့လျင် အမှုကို ပယ်ဖျက်ပေးနိုင်သည်၊ သို့ရာတွင် ပြစ်မှုမြောက်စေနိုင်သော အ ကြောင်းအချက်များရှိစေနိုင်လျင်မူကား ထိုသို့ပယ်ဖျက်ပေးခြင်းပြုလေ့မရှိ၊စွပ်စွဲခံရသူတွင် စွဲချက်တင်ရန် ရှိ/မရှိ လျှောက်လဲထုချေခွင့် အကယ်၍ စွဲချက်တင်လျှင်လည်း တင်ပြလိုသောသက်သေများကို တင်ပြပြီးအမှုကို ပိတ် သောအခါ၌ အပြစ်မရှိကြောင်းလျှောက်လဲရန် အခွင့်အရေးများရှိသေးသးည်၊ဤကဲ့သို့သော ပြင်ဆင်မှုကြားနာ ရာ၌ ဤရုံးသည် မူလရုံးကဲ့သို့တရားခံတွင် အပြစ်ရှိမရှိကို နက်နဲစွာအသုံးပြု၍ ဆုံးဖြတ်ရသည်မဟုတ်ဘဲ အမှု ကို ဆက်လက်စစ်ဆေးရန် အထောက်အထားရှိမရှိ ပြစ်မှုမြောက်စေသည့်အချက်များ ရသည်မဟုတ်ဘဲ အမှုကို ဆက်လက်စစ်ဆေးရန် အထောက်အထားရှိမရှိ ပြစ်မှုမြောက်စေသည့် အချက်များရှိမရှိဆိုသည့် အချက်တို့ကို သာစစ်ဆေးကြည့်ရှုရမည်၊
ဦး၀င်းစိန် ပါ ၅ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၈၃ ၊ မ တ စ ၊ ၁၃၈
တရားရုံးက တရားခံများအဖြစ် ရုံးရှေ့လာရောက်ရန် ဆင့်ခေါ်ခြင်းမရှိသေးလျင် ကျင့် ၅၆၁ - ကအရ အမှုချေဖျက်ပေးရန်အတွက် လျှောက်လွှာတင်သွင်းရန်အခွင့်အရေးမရှိပေ၊တရားရုံးက ဆင့်ခေါ်သဖြင့် တရားရုံးသို့ရောက်ရှိပြီးနောက် တရားရုံးက တရားခံများအဖြစ် ထုချေရှင်းလင်စေရန် ညွှန်ကြားသည့်အခါမှသာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁-က အရ အမှုချေဖျက်ပေးရန်အတွက် လျှောက်လွှာတင်နုိင်သည့်အခွင့် အရေးကို ရရှိမည်ဖြစ်သည်၊
ဒေါ်ခင်ခင် (ခ) ဒေါ်ခင်အေးပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၈၉ ၊ မ တ စ ၊ ၁
တရားမလမ်းကြောင်းအရသာ စွဲဆိုရန်အကြောင်းပေါ်ပေါက်လျက်ရှိပြီး ယခုကဲ့သို့ပြစ်မှုဆိုင်ရာဥ ပဒေပုဒ်မ ၄၀၆ အရ စွဲဆိုထားခြင်းမှာ ဥပဒေအရ မှန်ကန်သည်ဟု ဆိုနိုင်မည်မဟုတ်ပေ၊ ဒေါ်ခင်ခင်အပေါ် ပြစ် မှုဆိုင်ရာဥပဒေအရ အရေးယူနိုင်ရန်အတွက် တစ်စုံတစ်ရာငြိစွန်းချက်ပေါ်ပေါက်ခြင်းမရှိသောကြောင့် အမှုအား ချေဖျက်သင့်ကြောင်း တွေ့ရှိရပေသည်။
ဦးအေး (ခေါ်) ဦးမင်းဇော် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၄ ၊ ၁၉၉၁ ၊မ တ စ ၊ ၁၃၉
မူလတရားရုံး၌ စစ်ဆေးလျက်ရှိသော ပြစ်မှုဆိုင်ရာမှုခင်းတစ်ခုကို ချေဖျက်ပေးရန်လျှောက် ထားလာလျှင် တရားရုံးချုပ်သည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁-ကအရ အပ်နှင်းထားသော မူလဘူတ အာဏာကို သတ်ိကြီးစွာထား၍ ကျင့်သုံးဆောင်ရွက်ရပေသည်၊ မူလရုံး၌ အဆိုပါအမှုကို ဆက်လက်စစ်ဆေးပါ က တရားဥပဒေလမ်းကြောင်းကို ဆန့်ကျင်ရန်အကြောင်းများ ပေါ်ပေါက်လျှင်ဖြစ်စေ၊တရားလိုဘက်မှ စွပ်စွဲ ပြောဆိုချက်များသည် မှန်ကန်သည့်တိုင်အောင် ပြစ်မှုအင်္ဂါနှင့် အကျုံး၀င်မှုမရှိကြောင်း သိသာထင်ရှားနေလျင် ဖြစ်စေ၊ တရားရုံးချုပ်က မူလအမှုတွဲကို ချေဖျက်ပေးရန်ဖြစ်သည်၊
ဦးအပ္မလယ်ကွန်တာ ပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ၂ ၁၉၉၂ ၊ မ တ စ ၊ ၉၅
ပြစ်ကျင့် ၅၆၁-က အရ တရားရုံးချုပ်သည် တရားရုံးတစ်ခုခုကဤဥပဒေက ချမှတ်သည့်အမိန့် တစ်စုံတစ်ရာကို အကျိုးသက်ရောက်မှုရှိစေရန်အတွက်၄င်း၊မတရားမမျှတမှုဖြစ်စေရန်အတွက်၄င်း၊မူလဘူတ အာဏာကိုကျင့်သုံး၍ သင့်လျော်သည့်အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်။ တရားရုံးသို့တိုင်လျှောက်လွှာ(သို့) တိုင်လျှောက်သူ၏ ရုံးရှေ့အစစ်ခံချက်ပါအကြောင်းအချက်များကို လေ့လာစိစစ်ပြီးနောက် ယင်းအချက်အလက် များသည်ပြစ်မှုမမြောက်ကြောင်း တွေ့ရှိသည့်အခါတွင်ဖြစ်စေ၊ပေါ်ပေါက်လာသည့်သက်သေခံချက် တစ်စုံတစ် ခုကြောင့် ပြစ်မှုမမြောက်နိုင်ကြောင်း အထင်အရှားတွေ့ရှိရသည့်အခါ၌ဖြစ်စေ၊ တရားရုံးချုပ်သည်မူလဘူတအာ ဏာကို ကျင့်သုံး၍ စစ်ဆေးဆဲအမှုတစ်ခုကို ချေဖျက်ပေးနိုင်သည်။
တရားရုံးချုပ်က မူလဘူတအာဏာကို ကျင့်သုံး၍ အမှုတွဲကို ချေဖျက်ပေးရန်အကြောင်းမတွေ့ သဖြင့် ချေဖျက်ပေးခြင်းမပြုသည့်အမှုများ၌ စွဲချက်မတင်ဘဲ လွှတ်ရန်အကြောင်းရှိပါက စွဲချက်မတင်ဘဲလွှတ် နိုင်သည်၊ စွဲချက်တင်ထားသည့်အခါတွင်လည်း ပြည်နယ်/တိုင်းနှင့်တရားရုံးချုပ်တို့က စွဲချက်ကို ချေဖျက်ပေး ခြင်းပြုနိုင်သည်။
ဦးစိုးမြင့် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၉၂ ၊ မ တ စ ၊၁၄
စာချုပ်ပါသဘောတူညီချက်ကို ဖြည့်စွက်အကောင်အထည်ဖေါ်လိုပါက တရားမကြောင်းအရ သက်သာခွင့်တောင်းဆိုရမည်ဖြစ်သဖြင့် ပြစ်မှုဆိုင်ရာဥပဒေနှင့်ညှိစွန်းချက်မရှိသည်နှင့်အမျှ မူလမြို့နယ်တရား ရုံး၏အမှုအား ပြစ်ကျင့် ၅၆၁-က အရ ချေဖျက်ရန်သာရှိပေသည်။
ဦးစံချိန် (ခေါ်) ဦးရှိန် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၉၃ ၊ မ တ စ ။ ၂၀
ပြစ်ကျင့် ၅၆၁-က အရ အမှုကို ချေဖျက်ရေးကိစ္စတွင် အလေးအနက်ထားစဉ်းစားရမည့်အချက် မှာ တရားလိုဘက်မှ စွပ်စွဲချက်များကို မှန်ကန်သည်ဟု လက်ခံသည့်တိုင်အောင် တရားခံအနေဖြင့်ပြစ်မှုတစ်ရပ် ရပ် ကျူးလွန်းကြောင်းပေါ်ပေါက်ခြင်းရှိ၊မရှိ မှန်ခဲ့လျင် ပြစ်မှုမြောက်သည့်စွပ်စွဲချက်များကို ထောက်ခံမည့်သက် သေခံချက်ရှိ၊မရှိဆိုသော အချက်များပင်ဖြစ်သည်၊
တရားလိုဘက်မှ စွပ်စွဲချက်များကို မှန်ကန်သည်ဟု လက်ခံသည့်တိုင်အောင် တရားခံအနေဖြင့် ပြစ်မှုတစ်ရပ်ရပ်ကျူးလွန်ကြောင်းပေါ်ပေါက်ခြင်းမရှိလျင်သော်၄င်း၊မှန်ကန်ခဲ့လျင် ပြစ်မှုမြောက်မည့်စွပ်စွဲချက် များကို ထောက်ခံမည့်သက်သေခံချက်လုံး၀မရှိလျင်သော်၄င်း။တရားရုံးချုပ်သည် ပြစ်ကျင့် ၅၆၁-က ပါအာဏာ ကို ကျင့်သုံးလျက်အမှုကို ချေဖျက်ပေးနိုင်မည်ဖြစ်သည်။
အထက်တွင် ဖေါ်ပြခဲ့သောတရားလို ဘက်စွပ်စွဲချက်များကို မှန်ကန်သည်ဟုလက်ခံခဲ့လျင် တ တရားခံဦးစံရှိန်အနေဖြင့် ပြစ်မှုတစ်ရပ်ရပ်ကျူးလွန်ကြောင်း ပေါ်ပေါက်ဖွယ်ရာအကြောင်းများရှိနေသည့်အပြင် ထိုစွပ်စွဲချက်များကို သက်သေခံမည့်ထောက်ခံချက်များလည်း ရှိနိုင်ဘွယ်ရှိရာ တရားရုံးချုပ်အနေဖြင့် ပြစ်ကျင့် ၅၆၁-က ပါအာဏာကို ကျင့်သုံးလျက် ယင်းအမှုအား ချေဖျက်ပေးနိုင်သည့်အခြေအနေမရှိပေ၊
ဦးကျော်ရွှေ နှင် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၉၅ ၊ မ တ စ ၊ ၁
တိုက်ခန်းတန်ဘိုးငွေ အပြေအကြေပေးချေခဲ့ပြီးမှ အခြားသူအားရောင်းခြင်းတွင် သဘောရိုးရှိ မရှိ စိစစ်ရန်လိုသည်။ထို့ကြောင့် ပြစ်မှုကြောင်းအရ စွဲဆို၍ ဖြတ်လမ်းလ်ိုက်ရာရောက်သည်ဟု မဆိုနိုင်၊ကြိုတင် ရောင်းချသောအလေ့အထရှိပြီး အခန်းမဖြစ်ပေါ်သေးသော်လည်း ငွေကိုယူထားပြီးမှ အခြားသူသို့ရောင်းခြင်း သည် ပြစ်မှုမမြောက်ဟု ယခုအချိန်၌ ကြိုတင်ဆုံးဖြတ်ခြင်းငှာ သင့်မည်မဟုတ်ပေ၊(ယင်းအမှုတွင် အမှုကိုချေ ဖျက်ပေးခြင်းမရှိ)
ဒေါ်ခင်ကြီး ပါ ၅ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၉၇ ၊ မ တ စ ၊ ၁
ဤအမှုတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၄ အရ တရားစွဲဆိုခဲ့ရာ အတူနေဆွေမျိုးများဖြစ်၍ ပြစ်မှု ကျူးလွန်သည်ဟု ယူဆရန်လုံလောက်သော မရိုးမဖြောင့်သည့်သဘောပေါ်လွင်ဘို့အလှမ်းကွာဝေးသည်၊ ထို့ ကြောင့်လည်း ဤကဲ့သို့ပြစ်မှုမျိုးကို သူစိမ်းတရံစာက ကျူးလွန်မှ ပြစ်မှုမြောက်နိုင်သည်ဟု ထုံးဖွဲ့ခြင်းကို လက် ခံရပေမည်၊သူစိမ်းတရံစာက ဆိုသည်မှာ အမွေခံမဟုတ်သူသာမက ပစ္စည်းနှင့်လုံး၀မသက်ဆိုင်သူ မပတ်သက် သူဟု ယူဆလျင် ပို၍ပြည့်စုံသည်၊ ဤအမှုတွင် ပြစ်မှုမြောက်ရန်အကြောင်းမရှိသဖြင့် အမှုကိုချေဖျက်ပေးခဲ့ သည်၊
ဦးမင်းဟန် ပါ ၃ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၉၈ ၊ မ တ စ ၊ ၉၈
ကျင့်ထုံး ၅၆၁ - က အရ ပြစ်မှုမမြောက်နိုင်ကြောင်း တွေ့ရှိလျင် စွဲချက်တင်သင့်မသင့်အထိ စောင့်ဆိုင်းခြင်းမပြုဘဲ ကျင့်၅၆၁-က ပါ မူလဘူတအာဏာကို ကျင့်သုံး၍ အမှုပယ်ဖျက်သင့်က ပယ်ဖျက်ရမည်။ ငွေယူထားသည့်စွပ်စွဲချက်များနှင့် သံချောင်းလုံးများ းပေးရန်ရရန်ရှိသေးခြင်းတို့မှာ မှန်သည့်တိုင်အောင် အစု စပ်လုပ်ကိုင်ခဲ့သည့်အချက် ခုံသမာဓိလူကြီးများဖြင့် ဖြေရှင်းရသည့်အချက်တို့ကို ထိခိုက်ပြီး မိမိရရှိသော သံ ချောင်းလုံးအရေအတွက်ကိုသာကွက်၍ ဖေါ်ပြတိုင်တန်းထားသည်မှာ ပေါ်ပေါက်နေသည်၊ ဤအခြေအနေမျိုး တွင် မူလဘူတအာဏာကိုသုံးပြီး အမှုကိုချေဖျက်ပေးရန်မှတပါး အခြားမရှိ၊ မလိုအပ်ဘဲ စစ်ဆေးနေခြင်းသည် တရားရုံး၏ယန္တရားကို အလွဲအသုံးချရာရောက်သည်၊
ဦးကြည်လွင်အောင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၁၉၉၉ ၊ မ တ စ ၊ ၁
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ အရ အရေးယူပေးရန်ရုံးသို့ဦးတိုက်လျှောက်ထားရာ အရေးယူရန် ဆုံးဖြတ်ချက်ကို ဒေါ်ကျင်စိုးက တိုင်းတရားရုံးသို့ပြင်ဆင်မှုတင်သွင်းခဲ့ရာ တိုင်းတရားရုံးက ပုဒ်မ ၄၂၀ အရအ ရေးယူရန် ချမှတ်သောအမိန့်ကို ပယ်ဖျက်ပေးခဲ့သည်၊ ထို့ကြောင့်တရားရုံးချုပ်သို့ပြင်ဆင်မှုတင်သွင်းလာခြင်း ဖြစ်သည်၊ တိုင်းတရားရုံး၏အမိန့်အရ မူလရုံးကအမှုကို ပိတ်သိမ်းလိုက်သဖြင့် တိုင်းတရားရုံးက အမှုကို ချေ ဖျက်လိုက်ခြင်းပင်ဖြစ်သည်၊ တိုင်းတရားရုံး၏အမိန့်မှာ အမှုချေဖျက်ခြင်းဟုတ်မဟုတ်အနှစ်သာရကို ကြည့်ရ မည်၊ ကျင့်ထုံးပုဒ်မ ၄၃၉(၁) အရ စီရင်ပိုင်ခွင့်ရှိကြောင်း အကြောင်းပြရုံဖြင့် တိုင်းတရားရုံး၏အမိန့်သည် အမှု ကို ချေဖျက်ခြင်းမဟုတ်ဟု မဆိုနိုင်၊
အမှုချေဖျက်ခြင်းအာဏာမှာ ကျင့်ထုံး ၅၆၁-က အရ တရားရုံးချုပ်၏အာဏာဖြစ်သည်၊တရား မကြောင်းစွဲဆိုရန်အကြောင်းပြ၍၄င်း၊စည်းကမ်းသတ်ကျော်လွန်ကြောင်း အကြောင်းပြ၍၄င်း၊ကျင့်ထုံး ၅၆၁- က အရ အမှုများကို ချေဖျက်ပေးသည်။ပြစ်မှုမမြောက်ကြောင်းတွေ့ရှိသည့်အခါ ပြစ်မှုမမြောက်နိုင်ကြောင်း အထင် အရှားတွေ့ရှိသည့်အခါ ချေဖျက်ပေးနိုင်သည်။
ဦးအောင်ဆန်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၈၃ ။ မ တ စ ၊ ၁၄၈
ဦးတိုက်လျှောက်လွှာကို ရုံးက လက်ခံအရေးယူကြောင်း ဆုံးဖြတ်မှုသည် ဦးတိုက်လျှောက် ထားမှုကို လက်ခံဆောင်ရွက်သည့်အဆင့်သာ ရှိသေး၍ တိုင်းတရားရုံးက ပြင်ဆင်မှုဖွင့်လှစ်ဆောင်ရွက်ခွင့်မရှိ ပေ၊
မောင်ကျော်စွာထိုက် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပါ ၂ ၊ ၂၀၀၁ ၊ မ တ စ ၊ ၁
မတော်တဆယာဉ်တိုက်မှုကြောင့် ယာဉ်ပျက်စီးမှုဖြစ်စေခဲ့ခြင်းသည် တစ်ဦးတစ်ယောက် ကို မတရားဆုံးရှုံးနစ်နာစေရန် အကြံဖြင်ြ့့ဖစ်စေ၊မတရားဆုံးရှုံးနစ်နာစေတန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ၊ ပြု လုပ်ခဲ့သည်ဟု မည်သို့မျှ ယူဆနိုင်မည်မဟုတ်ပေ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၅ တွင် အကျုံး၀င်သည့်အင်္ဂါရပ် မရှိဘဲ ပုဒ်မ ၄၂၇ အရ ပြစ်မှုဖြင့် လက်ခံအရေးယူစစ်ဆေးခဲ့ခြင်းသည် ဥပဒေအရ လွဲမှားလျက်ရှိကြောင်း မြင် သာသည်၊ကျင့်ထုံး ၅၆၁- ကအရ အမှုကို ချေဖျက်ပေးခဲ့သည် ၊
ထို့ပြင် ဦးအေး (ခ) ဦးမင်းဇော်နှင့် ပြည်ထောင် စုမြန်မာနိုင်ငံ ပါ ၄ ၁၉၉၁ ၊ မ တ စ ၊ ၁၃၉ ကို ရည်ညွှန်း၍ တရားမကြောင်းဖြင့် စွဲဆိုရန်အကြောင်းရှိသည်ကို တရားမကြောင်းဖြင့် တရားစွဲဆိုခြင်းမပြုဘဲ ပြစ်မှုကြောင်းအရ အရေးယူရန်တရားစွဲဆိုခြင်းသည် တရားစီရင် ရေးယန္တရားကို အလွဲသုံးစွဲခြင်းဖြစ်သည်ဟု ညွှန်ပြခဲ့သည်။
Comments
Post a Comment