၂၀၁၇ ကုမ္ပဏီဥပဒေ ကောက်နှုတ်ချက်များ
For Private Company (အများနှင့် မသက်ဆိုင်သော ကုမ္ပဏီ)
၁။ ဒါရိုက်တာ ၁ ဦး (ပုဒ်မ - ၄)
၂။ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းသာ လိုခြင်း(ပုဒ်မ - ၄ နှင့် အခန်း ၅)
၃။ ရည်ရွယ်ချက် ဖေါ်ပြရန်မလိုခြင်း
၄။ သက်တမ်းတိုးရန် မလိုတော့ခြင်း
၅။ မတည်ငွေရင်း ဖော်ပြလျှောက်ထားရန် မလို
၆။ ရှယ်ယာ တန်ဖိုးသတ်မှတ် ဖေါ်ပြရန် မလို (ပုဒ်မ - ၆၀(ခ))
၇။ ကုမ္ပဏီ အစည်းအဝေး ကျင်းပရာတွင် ဒါရိုက်တာအားလုံး သဘောတူလက်ခံသည့် နည်းလမ်းနှင့် ကျင်းပနိူင်ခြင်း (ပုဒ်မ - ၁၄၅)
၈။ နိူင်ငံခြားသားပိုင်ဆိုင်မှု ၃၅ % အထက်မှသာ နိူင်ငံခြားကုမ္ပဏီ အဖြစ်သက်မှတ်ခြင်း (ပုဒ်မ - ၁(ဂ)(၁၄))
၉။ (Member) ဦးရေ (၅၀) ထက်မပိုရ
အစုရှယ်ယာများကို အများပြည်သူမှ ၀ယ်ယူနိူင်ရန်အတွက် ဖိတ်ခေါ် ကမ်းလှမ်းခြင်း မပြုရ။
၁၀။ ကုမ္ပဏီ၏ ရှယ်ယာလွှဲပြောင်းခွင့်များကို ကန့်သက်ထားခြင်း
၁၁။ (Member) ဦးရေ (၂) ဦး ထက်ပိုသူတို့ကပိုင်ဆိုင်သော်လဲ ဥပဒေအရ (၁) ဦးလို့သာ သက်မှတ်သည်။
၁၂။ ၀န်ထမ်းဦးရေ ၃၀ အောက် ၀င်ငွေ တစ်နှစ်လျှင် သိန်း ၅၀၀ အောက်ရှိရမယ်။
၁၃။ နှစ်ပါတ်လည်အစည်းအဝေးနှင့် စာရင်းစစ် အစစ်ဆေးခံဖို့ ကင်းလွှတ်ခွင့်ရမည်၊
၁၄။ ငွေချေးနိူင်တယ်။
၁၅။ ငွေစာရင်းရှင်းတမ်းများကို မှက်ပုံတင် အရာရှိနှင့် အစုရှယ်ယာရှင်များထံ တင်ပြရန်မလို။
၁၆။ နှစ်စဉ် annual return တော့ပို့ပေးရပါမယ်။ မပို့ရင် ၁လ စောင့်၊ ၂၈ ရက်အတွင်း ယာယီဆိုင်းငံမယ်၊ ၆ လ ကျော်သွားရင်တော် ကုမ္ပဏီ စာရင်းမှပယ်ဖျက်ခံရမယ်။
၁၇။ ကုမ္ပဏီက အစုစပ် လုပ်ငန်းတစ်ခုခု ကိုငွေချေးနိူင်သလို၊ ချေးငွေ အတွက်လဲ အာမခံပေးနိူင်တယ်။
၁၈။ ကုမ္ပဏီ အကြွေးများ နှင့် ဆုံးရှုံးမှုများအတွက် မည်သည့် အစုရှယ်ယာရှင်မှ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွင် ဖေါ်ပြထားသော အစုရှယ်ယာ မတည်ငွေရင်း ပမာဏထပ် ပို၍ပေးလျှော်ရန် တာဝန်မရှိပေ၊
၁၉။ Black List မရှိတော့ခြင်း (ဥပဒေရ ငွေဒဏ်၊ ထောင်ဒဏ်ဖြင့် အပြစ်ပေးမယ် ကုမ္ပဏီ စာရင်းမှ ပယ်ဖျက်မယ်၊)
ကုမ္ပဏီအကြောင်းလေ့လာနေသူများအတွက် မျှဝေပါသည်။
Comments
Post a Comment