သက်သေခံ ၉၂

တရားခွင်လက်တွေ့ အမူစစ်ဆေးခြင်း နှင့် 

အသုံးချသက်သေခံဥပဒေ ( အပိုင်း ၇၉)

••••••••••••••••••••••••••••••••••••••••••••••••••

 💚 ငွေချေးတာနဲ့ ပတ်သက်ပြီး ကျန်ခဲ့တဲ့

အပိုင်း (၇၈) မှာ တော့ အနည်းအကျဥ်းဖော်ပြ

ပေးခဲ့ပြီးပြီ။ အခု နည်းနည်းလေးထပ်ပြော

ချင်သေးတယ်။💙

❤ သက်သေခံဥပဒေပုဒ်မ ၉၂ မှာ•••

" စာချုပ်မှာပါတဲ့ စည်းကမ်းချက်တွေကို ငြင်း

ဆိုရန်၊ ပြောင်းလဲရန်၊ ဖြည့်စွက်ရန်၊ သို့မဟုတ်

ယင်းစည်းကမ်းချက်များ နူတ်ပယ်ရန်

အလို့ငှာ၊ စာချုပ်ချုပ်ဆိုသူ အချင်းချင်းဖြစ်စေ၊

နူတ်ဖြင့် သဘောတူညီချက် သော်လည်းကောင်း၊

ဖော်ပြချက်သော် လည်းကောင်း ရှိကြောင်း

တင်ပြသော သက်သေခံချက်ကို လက်မခံရ"

ဆိုပြီး ဖော်ပြထားတယ်။💜

💛  ဒေါ်ကျင်ဥ နှင့် ဦးချစ်မောင် ၁၉၇၂၊ မတစ၊

တရားရုံးချုပ် စာ ၁ မှာ အဲ့ဒီဥပဒေအတိုင်း

ဆုံးဖြတ်ပေးထားတယ်။ 💙

❤ ပုဒ်မ ၉၂ ရဲ့ ဥပမာ(ခ)မှာ ဆိုရင်•••

" A က B ကို ငွေ ၁၀၀ ကို ၁၉၄၀ ပြည့်နှစ်၊ မတ်လ

(၁)ရက်နေ့တွင် ပေးရန် စာဖြင့် ရေးသားလျက်

ခြွင်းချက်မရှိ သဘောတူခဲ့သည်။ တစ်ချိန်

တည်း၌ပင် ထိုငွေကို မတ်လ( ၃၁)ရက်နေ့

မတိုင်မီ ပေးဆပ်ရန် နူတ်ဖြင့် သဘောတူညီ

သည်ဟူသော အချက်ကို သက်သေထင်ရှား

တင်ပြခြင်း မပြုနိုင်" ဆိုပြီး ဖော်ပြပေးထား

တယ်။ 💜

💛 ဆိုချင်တာက စာချုပ်ပါအချက်တွေကို

မဟုတ်ပါဘူးလို့ ငြင်းဆိုလို့မရဘူး။ ပုဒ်မ

၉၂ မှာ ခြွင်းချက်တွေ​တော့ ပေးထားတယ်။

အဲ့ဒီ​ခြွင်းချက်တွေအရ ဟန်ဆောင်စာချုပ်ပါ

လို့ ငြင်းမယ်ဆိုရင် ငြင်းတဲ့သူအပေါ် သက်သေ

ပြရန်တာဝန်ကျ ရောက်တယ်။💜

❤ သက်သေခံဥပဒေပုဒ်မ ၁၀၂ ဥပမာ(ခ)မှာ

" ခံဝန်ချုပ်ပါ ငွေကို ရလိုကြောင်း နှင့် A က B

ကို တရားစွဲသည်။ ခံဝန်ချုပ်ချုပ်ဆိုကြောင်း

B က ဝန်ခံသော်လည်း A က လိမ်လည်သဖြင့်

ချုပ်ဆိုခဲ့ပါသည်ဟု B ကပြောသည်။ A က

လည်း စာချုပ်ချုပ်ရန် လိမ်လည်ခဲ့ခြင်း မရှိ

ပါဟု ငြင်းဆိုသည်။ မည်သည့် ဘက်ကမျှ

သက်သေထင်ရှားမတင်ပြလျှင် ခံဝန်ချုပ်ချုပ်

ဆိုကြောင်း အငြင်းပွားခြင်း မရှိသည့် အပြင်

လိမ်လည်ကြောင်း သက်သေထင်ရှား မရှိ

သဖြင့် A က အမူတွင် အနိုင် ရပေလိမ့်မည်"

ဆိုပြီး ဖော်ပြထားတာတော့ ရှိတယ်။💜

💛 ရောင်းချကြောင်း အတိအလင်းဖော်ပြ

ထားပါလျှက် ပေါင်နှံခြင်းသာ ဖြစ်တယ်လို့

ဆိုလာရင် ပေါင်နှံပါတယ်လို့ ပြောတဲ့သူ

အပေါ် သက်သေထင်ရှားအောင် ပြရန်တာဝန်

ကျရောက်တယ်။ ဦးအောင်မင်းကြည် ပါ ၂

နှင့် ဦးသက်အောင်ပါအမူ ၂၀၀၂၊စာ ၄၁၆ 

အမူမှာ ဆုံးဖြတ်ပေးထားတယ်။💚

💚 ငွေချေးတဲ့ အမူများမှာ ငွေချေးယူသူက

အာမခံပစ္စည်းတစ်စုံတစ်ရာမထားပဲ ငွေချေး

တဲ့အခါ ချေးငွေပြန်မဆပ်ရင် ဆုံးရူံးမှာကို

စိုးရိမ်တဲ့ အတွက် ငွေရှင်က ငွေချေးစာချုပ်

မချုပ်ပဲ အိမ်နဲ့မြေကို ရောင်းတဲ့အနေနဲ့ အရောင်း

အဝယ်စာချုပ်ကို ချုပ်လေ့ရှိကြတယ်။💙

💜 တကယ်အရောင်းအဝယ်လုပ်ဖို့ ရည်ရွယ်

ခြင်း မရှိပဲနဲ့ ငွေပြန်ဆပ်ရင် စာချုပ်ကို ပြန်ဖျက်

တယ်။ ငွေပြန်မဆပ်ဘူးဆိုရင် စာချုပ်အရ

ဝယ်ထားတဲ့အိမ် ရလိုကြောင်း တရားစွဲဆိုကြ

တယ်။ အဲ့ဒီမှာ ဟန်ဆောင်စာချုပ် ဟုတ်မဟုတ်

ပြဿနာတွေတက်လာကြတယ်။❤

💚 စာချုပ်တစ်ခုက အကျိုးသက်ရောက်စေရန်

ရည်ရွယ်တဲ့ စာချုပ်မဟုတ်ပဲ ဟန်ဆောင်စာချုပ်

ဆိုရင် နူတ်သက်သေပြလို့ရတယ် လို့

ဒေါ်သန်းတင် နှင့် ဒေါက်တာ ခင်မောင်ဝင်း

၁၉၈၁ ခုနှစ် စာ ၉၆ မှာ ဆုံးဖြတ်ပေးထားတယ်။❤

❤ သက်သေခံဥပဒေ ပုဒ်မ ၅ မှာတော့

" စာတမ်းအမှတ်အသားပါအချက်များမှ

လွဲ၍ အားလုံးသောအချက်များကို နူတ်သက်

သေပြနိုင်တယ်" လို့တော့ ဖော်ပြထားတယ်။

ပြီးတော့ ပုဒ်မ ၉၂က လည်း နူတ်သက်သေ

ကို ပိတ်ထားတယ်။💜

💚 ဒါပေမယ့် ပုဒ်မ ၉၂ ရဲ့ ခြွင်းချက်တွေနဲ့

ညိနေမယ်ဆိုရင် နူတ်သက်သေပြနိုင်တယ်။💙

💛ဒေါ်အေးအေး နှင့် ဒေါ်နန်းလီ(ခ) ဒေါ်လီလီ

လိူင်၊ ၂၀၁၂ ခုနှစ် စာ ၁ မှာ•••••

" ဟန်ဆောင်စာချုပ် ဟုတ်မဟုတ်ဆိုသည်ကို

ထိုစာချုပ်နှင့် ပတ်သက်၍ ပေါ်လွင်ထင်ရှား

လျက်ရှိသည့် သက်သေခံချက်များနှင့် တကွ

ဝန်ခံထားသည့် အချက်များက မည်ကဲ့သို့

သဘောသက်ရောက်ကြောင်း ဥပဒေ အချက်

အလက်များနှင့် ယှဥ်၍ စီစစ်သုံးသပ်ရမယ်"

လို့ ဆုံးဖြတ်ပေးထားတယ်။ 💚

💜အမူမှာ ချေးငွေကို အိမ်မြေအရောင်းအဝယ်

စရံပေးငွေအဖြစ် ဖန်တီးထားသည့် ဟန်ဆောင်

စာချုပ်အပေါ် အခြေခံ စွဲဆိုသောအမူသည်

ခိုင်မာသောအခြေခံမရှိ သဖြင့် ပလပ်ရန် ဖြစ်

တယ် ဆိုပြီးတော့လည်း ဦးသိန်းဟန် နှင့်

ဦးဘသိုက် ​ပါ ၂ ၁၉၉၆၊စာ ၁၁၁၁ ၊ ဦး ခွေး

နှင့် ဦး အေးပါ ၂ ၁၉၆၅၊ စာ ၁၁၁၆အမူတွေ

မှာလည်း ညွန်ပြပေးထားတယ်။💝

ဆက်လက်ဖော်ပြပေးပါဦးမည်


 ဦးအောင်စည်ထွန်း

( ပြည်သူကြားကရှေ့နေ)

Comments