လွပ်လပ်သောသက်သေ
ဒေါ်ကျင်မေပါ- ၂ နှင့် ဒေါ်ထွေးရင်ပါ-၃ ၊ ၁၉၈၅ မတစ ၂၈ စီရင်ထုံးတွင်လည်း “ဒေါ်ကျင်မေ၏ သက်သေများမှာ ဒေါ်ကျင်မေနှင့် မောင်နှမအရင်းများ တော်စပ်ကြသူများဖြစ်သည့်အတွက် လွတ်လပ်သော သက်သေများဟူ၍ ဆိုနိုင်မည်မဟုတ်ပေ။ ဒေါ်ထွေးရင်၏သက်သေများမှာ လွတ်လပ်သည့်သက်သေများဖြစ် သည့်အတွက် သူတို့၏ထွက်ဆိုချက်များကို အလေးပေးစဉ်းစားရပေမည်။” ဟု ထုံးဖွဲ့ထားပါသည်။
သို့ပါ၍ စာချုပ်ချုပ်ဆိုရာတွင် အသိသက်သေများထည့်သွင်းမည်ဆိုပါက သက်သေခေါ်မရ၍ ဆွေမျိုး သက်သေများကို ထည့်သွင်းရသည့်အခါမှတပါး လွတ်လပ်သောသက်သေများကို သာဦးစားပေးထည့်သွင်းသင့်ပါ ကြောင်း တင်ပြလိုက်ပါသည်။
Comments
Post a Comment