ပမာဏဒီဂရီချနိုင်သည့် အမှုများ
ပဏာမဒီကရီ(Preliminary Decree)ကို ချမှတ်ပေးနိုင်သည့်အမှုများ...
~~~ဒီကရီနှစ်မျိုးနှစ်စားရှိပါသည်။ ပဏာမဒီကရီ(Preliminary Decree) နှင့် အပြီးသတ်ဒီကရီ(Finai Decree) တို့ဖြစ်ပါသည်။
~~~ဒီကရီဆိုသည်မှာ အမှုကိုဆုံးဖြတ်သည့် တရားရုံးနှင့် သက်ဆိုင်သမျှ ယင်းအမှုတွင် အငြင်းပွားလျက်ရှိသော အကြောင်းအရာအားလုံး(သို့) ယင်းတို့အနက် အကြောင်းအရာတစ်ရပ်ရပ်နှင့်စပ်လျဥ်း၍ အမှုသည်တို့၏ ရပိုင်ခွင့်များ အပြီးအပြတ်သတ်မှတ်ပေးသည့် စီရင်ဆုံးဖြတ်ချက်တစ်ရပ်ရပ်အား ထုံးနည်းတကျ ရေးသားဖော်ပြချက်ကိုဆိုလိုသည်။ ဒီကရီဆိုသော စကားရပ်၌ ပမာဏဒီကရီသော်လည်းကောင်း၊ အပြီးသတ်ဒီကရီသော်လည်းကောင်း ဖြစ်နိုင်သည်။
[တရားမကျင့်ထုံးဥပဒေပုဒ်မ.၂]
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ပဏာမဒီကရီများကို ချပေးနိုင်သည့်အမှုများ....
၁။ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို လက်ရှိရယူ၍ မြေခ(သို့) လက်မဲ့ဖြစ်နေသည်တွင် အမြတ်အစွန်းရယူရန်အမှု
[အမိန့်.၂၀၊ နည်း.၁၂]
၂။ ပစ္စည်းကို အုပ်ထိန်းစီမံသည့် တရားမမှု[အမိန့်. ၂၀၊ နည်း. ၁၃]
၃။ ဦးစွာဝယ်ယူခွင့်ရထိုက်သည့် တရားမမှု
[အမိန့်. ၂၀၊ နည်း. ၁၄]
၄။ အစုစပ်လုပ်ငန်းကို ဖျက်သိမ်းရန် တရားမမှု
[အမိန်.၂၀၊ နည်း. ၁၅]
၅။ အကြီးအကဲနှင့် ကိုယ်စားလှယ်တို့ စာရင်းရှင်းလင်းမှု
[အမိန်.၂၀၊ နည်း.၁၆]
၆။ ပစ္စည်းခွဲဝေရန် (သို့) ဝေစုဝေပုံသီးခြားပိုင်ဆိုင်ရန်စွဲဆိုမှု
[အမိန့်.၂၀၊ နည်း.၁၈]
၇။ ရွေးနုတ်ခွင့်ကိုပိတ်ပင်ရန် တရားမမှု
[အမိန်.၃၄၊နည်း.၂၊ ၃]
၈။ အပေါင်ပစ္စည်းကိုရောင်းချရန် တရားမမှု
[အမိန်.၃၄၊ နည်း.၄၊ ၅]
၉။ ရွေးနုတ်ရန်စွဲဆိုသည့် တရားမမှု
[အမိန့်.၃၄၊ နည်း.၇၊ ၈]
••••••••••••••••••••••••••••••••••••••••••••••••
Comments
Post a Comment