ပုံစံ ၁၀၅ ၁၀၆ အရေးပါပုံများ

 အိမ်ခြံမြေ အရောင်းဝယ်စာချုပ်ကို 

မှတ်ပုံတင်ပြုလုပ်ရာမှာ ပုံစံ ၁၀၅ 

ပုံစံ ၁၀၆ အရေးပါပုံများ


စာချုပ်စာတမ်း မှတ်ပုံတင်ရေး 

အက်ဥပဒေပုဒ်မ ၂၁ တွင် မရွှေ့ပြောင်းနိုင်

သောပစ္စည်း ရောင်းဝယ်/ပေးကမ်း/စွန့်လွှတ်

စသည့်စာချုပ်များ မှတ်ပုံတင်ချုပ်ဆိုလျှင်

"မြေပုံ/မြေရာဇဝင်" မပါရှိခဲ့လျှင် လက်ခံချုပ်ဆိုခြင်းမပြ ုရ လို့ပါရှိပါတယ်။


မြေပုံမြေရာဇဝင်ဆိုသည်မှာ နှစ်စဉ်အမြဲပြောင်းလဲ အတည်ပြုရေးဆွဲနေရပါသော"

မြို့ပြမြေစာရင်း"မှ ကောက်နုတ်ချက် မိတ္တူသာဖြစ်ပါ၍ မှန်ကန်မှု ရှိ/မရှိဆိုတာကို 

အိုးအိမ်ဦးစီးဌာန(သို့)မြို တော့်စည်ပင်

်တို့တွင်သာ တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။


မြို န့ယ်မြေစာရင်းရုံးက ထုတ်ပေးတဲ့

ပုံစံ၁၀၅ ကမြေပုံ / ပုံစံ၁၀၆ ကမြေရာဇဝင်

အဲ့ဒီ နှစ်ရွက်ပေါင်းကို မြေပုံ/မြေရာဇဝင် ဟု

ခေါ်ပါတယ်။


မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံ

ကလေးပါတာကို မြေပုံ၊မြေရာဇဝင်ပါတဲ့စာရွက်ကို မြေရာဇဝင် လို့ခေါ်ပြီး ၂ရွက်ပေါင်းလိုက်တော့ မြေပုံ/မြေရာဇဝင်ဖြစ်သွားပါတယ်။


သို့သော် အိမ်အသစ်ဆောက်ရင်/

အကြီးစားပြင်ရင်/မှတ်ပုံတင်စာချုပ်ချုပ်ရင်

အဝီစိတွင်းတူးရင်/မြေကွက်ခွဲရင်/ခြံစည်းရိုး

ခတ်ချင်ရင်/မှတ်တမ်းအဖြင့်သိမ်းထားချင်ရင်

မြို့တော်စည်ပင် မြို့ပြမြေယာ စီမံခန့်ခွဲမှု

ဌာန မှာလျှောက်ထားရယူနိုင်ပါကြောင်း

အကြံပေးလိုပါသည်။

Comments