ဘာသာလေးရပ်ကွာရှင်း

#ဘာသာကြီးလေးရပ်ကွာရှင်း


စာဖတ်ရမှာ ပျင်းရင်တော့ကျော်သွားပါဗျာ 

ဗဟုသုတရစေချင်လို့ တော်တော်ရှာထားရပါတယ် 


''ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ ၊ အစ္စလာမ်ဘာသာ ၊ ဟိန္ဒူဘာသာ တို့၏ လင်မယားကွာရှင်းနိုင်သော

အချက်များ '' -

-------------------------------------------------------------


ဗုဒ္ဓဘာသာဝင်များ -

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်ခန်းမယားခန်း 

ပြတ်စဲရန် အဓိက အကြောင်းအရင်း (၃)မျိုး ရှိပါသည်။ ၎င်းတို့မှာ

၁။ နှစ်ဦးသဘောတူကွာရှင်းခြင်း

၂။ လင်ဖြစ်သူရဟန်းပြုခြင်း

၃။ အိမ်ထောင်ရေးပြစ်မှုကြောင့်ကွာရှင်းခြင်း


(၁) နှစ်ဦးသဘောတူကွာရှင်းခြင်း

ဗုဒ္ဓဘာသာလင်နှင့်မယားတို့သည် နှစ်ဦးသဘောတူညီလျှင် အချိန်မရွေး ကွာရှင်းနိုင်ပါသည်။စာချုပ်စာတမ်းဖြင့်ရေးသား၍ ကွာရှင်းရမည်ဟု ဓလေ့ထုံးတမ်းဥပဒေအရသော်လည်းကောင်း ၊  ယခုခေတ် ဥပဒေများတွင်သော်လည်း ပြငှာန်းချက်မရှိပေ။ သို့သော် စာချုပ်စာတမ်း  ပြုလုပ်ထားပါက နောင်တွင် အရူပ်အထွေးပေါ်ပေါက်လာပါက အခိုင်လုံဆုံးသက်သေခံအထောက်အထားဖြစ်နိုင်ပေသည်။


(၂) လင်ဖြစ်သူရဟန်းပြုခြင်း

ရဟန်းပြုသည်ဆိုရာ၌ ရက်အပိုင်းအခြားမျှ ရဟန်းပြုသည့်   ဒုလ္လဘရဟန်းပြုခြင်းနှင့် မသက်ဆိုင်ပါ ။


(၃) အိမ်ထောင်ရေးပြစ်မှုကြောင့်ကွာရှင်းခြင်း

အိမ်ထောင်ရေးပြစ်မှုတွင်သာမာန်အိမ်ထောင်ရေးပြစ်မှုနှင့်

ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုတို့ ဖြစ်သည်။ 

သာမာန်အိမ်ထောင်ရေးပြစ်မှု (၅)မျိုး- 

(က) ရက်စက်မှု

(ခ) လင်၏ဖောက်ပြန်မှု

(ဂ) ဒုတိယမယားယူမှု

(ဃ) စွန့်ပစ်မှု

(င) လီဆယ်မှု


ကြီးလေးသောအိမ်ထောင်ရေးပြစ်မှု (၂) မျိုး -

(က) မယား၏ဖောက်ပြန်မှု

(ခ) ကြီးလေးသော ရက်စက်မှုတို့ဖြစ်သည်။


အစ္စလာမ်ဘာသာ -

အစ္စလာမ်တရားဥပဒေအရ အောက်ပါကွာရှင်းခြင်းအမျိုးအစားများကိုတရားဝင်အသိမှတ်ပြု လက်ခံထားပေသည်။

(၁) လင်၏ဆန္ဒအရကွာရှင်းခြင်း

(၂) လင်၏လွဲအပ်မှုကြောင့်မယားကကွာရှင်းခြင်း

(၃) နှစ်ဦးသဘောတူကွာရှင်းခြင်း

(၄) အီလာ၊ ဇီဟာရ် နှင့်လီအန်

(၅) တရားရုံးမှ အမိန့်ဒီကရီရယူကွာရှင်းခြင်း 

(၆) အစ္စလာမ် ကိုစွန့်လွှတ်သဖြင့် လင်ခန်းမယားခန်း

ပြတ်စဲခြင်းတို့ဖြစ်ပါသည်။


ဟိန္ဒူ ဘာသာ-

ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရ ထိမ်းမြားမှုပြီးမြောက်ခဲ့လျှင် ထိုထိမ်းမြားမှုသည် ပျက်ပျယ်ခြင်းမရှိနိုင်ချေ။ 

ခင်ပွန်းနှင့်ခွဲနေခြင်း ၊ကွာရှင်းခြင်း၊ ဖောက်ပြန်ခြင်းကြောင့် ကွာရှင်းခြင်း ၊ နှိပ်စက်ခြင်းကြောင့်ကွာရှင်းခြင်း ၊ အခြား

အကြောင်းဖြင့်ကွာရှင်းခြင်း ၊။

အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦးနှင့်ထိမ်းမြား       လိုက်သည်နှင့်တစ်ပြိုင်နက် မိမိမိသားစု နှင့်အဆက်ပြတ်သွားပြီး လင်ယောကျာင်္းနှင့်လူရော ဝိညာဉ်ပေါင်းစပ်လိုက်သကဲ့သို့ လင်ယောကျာင်္း၏ တစ်စိတ်တစ်ဒေသဖြစ်သွားသည်ဟု အယူရှိကြသည်။ထို့ကြောင့်လင်ယောကျာင်္းအသက်ရှင်လျှက်ရှိစဉ် မည့်သည့် အကြောင့်နှင့်မျှ ကွာရှင်းခွင့်မရှိဘဲ လင်သေဆုံးသည့်အခါတွင်ပင် လင်၏အနှောင်အဖွဲ့ မှမလွတ်သေးဟုအယူရှိကြသည်။ဓလေ့ထုံးတမ်းအရ နောက်ထပ် ထိမ်းမြားခြင်း ခွင့်ပြုနိုင်သော နယ်ပယ်ဒေသများတွင် ယောက်ျားဖြစ်သူက၎င်းအားစွန့်ပစ်ထားပြီး မည်သည့်အရပ်ဒေသရောက်ရှိကြောင်းမကြားသိရသည်မှာ (၇)နှစ်နှစ်ရှိလျှင် မယားဖြစ်သူသည်နောက်ထပ်အိမ်ထောင်ပြုနိုင်သည်။

 “ နာရက်” ကျမ်းအလိုအရ လင်ယောက်ျား အကြောင်း (၈)နှစ်အထိ မကြားသိရလျှင် နောက်ထပ် အိမ်ထောင်ပြုနိုင်သည်။ “ ဂေါတမ်” ကျမ်းအလိုအရ (၆)နှစ် “ ဗစ်စဟစ်” ကျမ်းအလိုအရ (၅) နှစ် ၊ ဟိန္ဒူဥပဒေအရ ယေဘုယျ(၁၂) အထိသတ်မှတ်သည်။ ၎င်းကာလကျော်လွန်လျှင် သေဆုံးပြီဟုယူဆနိုင်သည်။ ယခုအခါတွင်သက်သေခံဥပဒေပုဒ်မ ၁၀၈ အရ (၇)နှစ် အထိ လူတစ်ယောက်အကြောင်း မကြားသိရလျှင် သေဆုံးပြီဟု ယူဆနိုင်သည်။ 

၁၉၅၅ ခုနှစ်၊ ဟိန္ဒူထိမ်းမြားခြင်းဥပဒေတွင် အမျိုးသမီးများ၏အခွင့်အရေးသည်များစွာ ကောင်မွန်လာသည်။ ယင်းဥပဒေပုဒ်မ ၁၀အရ အမျိုးသမီးသည် လင်ယောကျာ်းက ၂နှစ်ခန့်စွန့်ပစ်ထားခြင်း ၊ သို့မဟုတ် ရက်စက်မှုကျူးလွန်ခြင်း၊ သို့မဟုတ် ပြင်းထန်သော အနာကြီး ရောဂါ စွဲကပ်နေခြင်း၊ သို့မဟုတ် ကာလသားရောဂါစွဲကပ်နေခြင်း ၊စိတ်ပေါ့သွပ်နေခြင်း ၊ သို့မဟုတ် အခြားသူတစ်ယောက်နှင့် ကာမစပ်ယှက်ခဲ့ခြင်းအကြောင်းကြောင့် ခင်ပွန်းနှင့်ခွဲနေထိုင်ခွင့်ပြုရန် ဒီကရီ ချမှတ်ပေးနိုင်သည်။ ထိုနည်းတူ ပုဒ်မ (၁၁) အရလင်ယောကျာ်းတွင် မပြတ်စဲသော အိမ်ထောင်ရှိနေသည်။ သို့မဟုတ် သွေးနှီးတော်စပ်ခြင်းရှိနေသည်ဟူသော အကြောင်းပြချက်ဖြင့် ထိမ်းမြားမှုပျက်ပြယ်သည့် ဒီကရီချမှတ်ပေးရန်လျှောက်ထားနိုင်သည်။ ပုဒ်မ ၁၂ အရလည်းလင်ယောကျာ်းသည် ပန်းသေရောဂါရှိနေသည် သို့မဟုတ် ရူးသွပ်နေသည် သို့မဟုတ် အုပ်ထိန်းသူ၏သဘောတူညီမှုကို အတင်းအဓ္ဓမရယူသည် သို့မဟုတ် လိမ်လည်ရယူသည်ဆိုသော အကြောင်းပြချက်ဖြင့် ထိမ်းမြားမှုကိုပယ်ဖျက်ပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။ ထိုနည်းတူပုဒ်မ ၁၃ အရလင်ယောကျာ်းသည် လင်ရှိမယားနှင့်ပေါင်းသင်းနေ သည်သို့မဟုတ် အခြားဘာသာသို့ကူးပြောင်းကိုးကွယ်သည် သို့မဟုတ် စိတ်ပေါသွပ်နေသည်သို့ မဟုတ် ပြင်းထန်သောအနာကြီးရောဂါစွဲကပ်နေသည်သို့မဟုတ် ကူးစပ်တက်သည့်ကာလသားရောဂါ စွဲကပ်နေသည် သို့မဟုတ် လောကကြီးကိုစွန်လွှတ်၍ သာသနာ့ဘောင်သို့ကူးပြောင်းခဲ့သည်၊ သို့မဟုတ် အသက်ရှင်လျက်ရှိကြောင်း မကြားသိရသည်မှာ (၇) နှစ်ကြာကာလရှိပြီးဆိုသော အကြောင်းပြချက်ဖြင့်ကွာရှင်းဒီကရီရထိုက်ခွင့်ရှိသည်။


ခရစ်ယာန်ဘာသာ

------------------------

မြန်မာနိုင်ငံလင်မယားကွာရှင်းရေး ဥပဒေအကြောင်း - 

မြန်မာနိုင်ငံလင်မယားကွာရှင်းရေး ဥပဒေဟုခေါ်တွင်

်သော်လည်း မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူမျိုး ၊ ဘာသာ အားလုံးနှင့် သက်ဆိုင်သောဥပဒေမျိုး မဟုတ်ဘဲ 

ခရစ်ယာန်ဘာသာဝင်များနှင့် ယင်ဘာသာအရ ထိန်းမြား 

လက်ထပ် ထားသူများနှင့်သာသက်ဆိုင်သော ဥပဒေ

တစ်ခုဖြစ်ပါသည်။မြန်မာနိုင်ငံ လင်မယားကွာရှင်းရေးဥပဒေအရ နှစ်ဦးသဘောတူ ကွာရှင်းခွင့်ရှိမရှိ - 

ခရစ်ယာန်ဘာသာဝင်များသည် လင်နှင့် မယား နှစ်ဦးလုံးက ကွာရှင်းပြတ်စဲကြရန် ဆန္ဒရှိလျှင်ပင် နှစ်ဦးသဘောတူ 

ကွာရှင်းခြင်းအား ပြုလုပ်ဆောင်ရွက်ခွင့်မရှိပါ။

သို့သော် အောက်ပါ အချက် (၃)ချက်အား  ပြုလုပ်ဆောင

်ရွက်ခွင့်ရှိသည်။

(၁)ထိမ်းမြားမှုအား ပယ်ဖျက်ပေးရန် 

(၂)ထိမ်းမြားမှုအား ပျက်ပျယ်စေရန်

(၃)တရားရုံး ဒီကရီဖြင့် ခင်ပွန်းနှင့် ခွဲခွါနေထိုင်စေရန် 

တို့ဖြစ်ပါသည်။


ထိမ်းမြားမှု ပယ်ဖျက်ခြင်း -

လင်ယောက်ျားဖြစ်သူမှ လျှောက်ထားခြင်းဖြစ်လျှင် - ၎င်း၏ဇနီးသည် ထိမ်းမြားလက်ထပ်ပြီးနောက် တစ်ပါး 

ယောက်ျားနှင့် ဖောက်ပြားကျူးလွန်ပါသည် ဟူသော

အကြောင်းပြချက်ဖြင့်လျှောက်ထားနိုင်သည်။


ဇနီးဖြစ်သူမှ လျှောက်ထားခြင်းဖြစ်လျှင်- ၎င်း၏

လင်ယောက်ျားသည် ထိမ်းမြားလက်ထပ်ပြီးနောက် 

ခရစ်ယာန် ဘာသာမှ အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်သည့်ပြင် အခြားမိန်းမတစ်ဦးနှင့် ထိမ်းမြားမှုတစ်ရပ် ပြုလုပ်ခဲ့ပါ သည်ဟူသော အကြောင်းပြချက်ဖြင့်လည်းကောင်း ၊

(သို့မဟုတ်) သွေးနီးလွန်းသူနှင့် ဖောက်ပြန်ခြင်း (သို့) 

နောက်မယားယူခြင်းနှင့် ဖောက်ပြန်ခြင်း (သို့) နောက်မိန်းမတစ်ဦးနှင့် ထိမ်းမြားခြင်းနှင့် ဖောက်ပြန်ခြင်း (သို့) မုဒိမ်းမှု ၊ ယောက်ျားခြင်းမေထုန်မှီဝဲမှု ၊ တိရစ္ဆာန်နှင့် မေထုန်မှီဝဲမှု ကျူးလွန်သဖြင့်လည်းကောင်း (သို့) မိန်းကလေး တစ်ဦးနှင့် ဖောက်ပြန်ခြင်း ၎င်းအပြင် ကွာရှင်းခွင့်ပြုနိုင်လောက်သောရက်စက်မှုကျူးလွန်ခြင်း (သို့)မိန်းမတစ်ဦးနှင့် ဖောက်ပြန်ခြင်းအပြင် ၎င်းအား ၂နှစ်နှင့် အထက်စွန့်ပစ်ထားခြင်းဟူသော အကြောင်းပြချက်များဖြင့်ထိမ်းမြားမှုကို ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်သည်။ 


ထိမ်းမြားမှု ပျက်ပျယ်စေခြင်း -

(က) တရားပြိုင်သည် ထိမ်းမြားစဉ်က ပန်းသေရောဂါရှိ

နေကြောင်း နှင့် တရားစွဲဆိုသည့် အချိန်တွင် ပန်းသေ

ရောဂါ ရှိနေကြာင်း ။

(ခ) ထိမ်းမြားကြသူတို့သည် ထိမ်းမြားခြင်းမပြုရန် တားမြစ်ထားသည့် သွေးနီးတော်စပ်သူများဖြစ်ကြောင်း ။

(ဂ) ထိမ်းမြားသူတစ်ဦးဦးသည် ထိမ်းမြားစဉ်က စိတ်မနှံ့

သူဖြစ်ကြောင်း ။

(ဃ) ထိမ်းမြားသူ၏ ယခင်အိမ်ထောင်သည် ထိမ်းမြားစဉ် အသက်ရှင်လျှင်ရှိကြောင်းနှင့် ယခင်အိမ်ထောင်ရေးသည် တည်မြဲလျှက်ရှိကြောင်း ။ ပေါ်ပေါက်လျှင် ထိမ်းမြားမှု 

ပျက်ပျယ်ကြောင်း ဒီကရီရရှိနိုင်သည်။


တရားရုံး ဒီကရီဖြင့် ခင်ပွန်းနှင့် ခွဲနေစေခြင်း -  

လင်ယောက်ျား (သို့)မယားဖြစ်သူသည် မိမိအိမ်ထောင်ဖက်

မှ တစ်ပါးသူနှင့် ဖောက်ပြန်ခြင်း ၊ ရက်စက်မှုကျူးလွန်ခြင်း၊ (သို့) လုံလောက်သော အကြောင်းတစ်စုံတစ်ရာမရှိဘဲ ၂

 နှစ်(သို့) ၂နှစ်အထက် စွန့်ပစ်ထားခဲ့ခြင်းဟူသော 

အကြောင်းပြချက်ဖြင့် ခင်ပွန်းနှင့်ခွဲနေထိုင်ရန် ဒီကရီရရှိ

နိုင်ပါသည်။

 သို့ဖြစ်၍ ခရစ်ယာန်ဘာသာဝင် လင်နှင့်မယား (သို့) 

ခရစ်ယာန်ဘာသာအရ ထိမ်းမြားလက်ထပ်မင်္ဂလာပြုလုပ် ထားသူများသည် နှစ်ဦးသဘောတူသည်ဆိုယုံမျှဖြင့် 

လင်မယားကွာရှင်းခွင့် မရရှိနိုင်ဘဲ လင်ယောက်ျား(သို့) မယားသည်အိမ်ထောင်ရေးပြစ်မှု တစ်ခုခုအားကျူးလွန်မှသာ ကျန်အိမ်ထောင်ဖက်အနေဖြင့် အထက်ပါနည်းလမ်းများ 

အတိုင်း လင်မယားကွာရှင်းခွင့်အား တောင်းခံနိုင်မည်ဖြစ်

ကြောင်း လေ့လာတွေ့ရှိရပါသည်။


Credit.

Comments