မြေများကျူးကျော်မှုအရေးယူခြင်း

ကျူးကျော်​မြေကို 

ဘယ်လို အရေးယူတယ် ဆိုတာ 

သိရှိလိုသူများအတွက်


၁။ နိုင်ငံပိုင်မြေနှင့် အစိုးရက

စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ 

(မြို့မြေ/ ရွာမြေ)တွင်  ကျူးကျော်ခြင်း


- ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံမြို့နှင့်

ကျေးရွာမြေများအက်ဥပဒေ၊ 

အခန်း ၂၁(က)ပုဒ်မ၂၁(၂) အရ


- ကော်လိတ္တော်အရာရှိ 

(ခရိုင်အုပ်ချုပ်ရေးမှူး)က တရားလို

 ပြုလုပ်တရားစွဲဆို အရေးယူနိုင်သည်။


- ရက်ပေါင်း(၃၀)ထောင်ချ၊ 

နှင်ထုတ်ခွင့် ရှိပါသည်။


- အထက်မြန်မာပြည်မြေနှင့်

အခွန်စည်းမျဉ်းဥပဒေ ၂၅(ဃ)အရ


- ကော်လိတ္တော်အရာရှိ 

(ခရိုင်အုပ်ချုပ်ရေးမှူး)က တရားလို 

ပြုလုပ်တရားစွဲဆို အရေးယူနိုင်သည်။


- နှင်ထုတ်ခွင့်ရှိသည်။


- ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၈ အရ


- မြို့နယ်အုပ်ချုပ်ရေးမှူးက 

တရားလိုပြုလုပ်တရားစွဲဆိုနိုင်သည်။


- (၁)လအထိ အလုပ်လက်မဲ့

ထောင်ဒဏ် (သို့) ငွေဒဏ် (၂၀၀/-) (သို့) 

ဒဏ်နှစ်ရပ်လုံး


- ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၈ အရ


- မြို့နယ်အုပ်ချုပ်ရေးမှူးက 

တရားလိုပြုလုပ်တရားစွဲဆိုနိုင်သည်။


- ထောင်ဒဏ်(၆)လ (သို့) ငွေဒဏ်(၁ဝဝဝိ/-)

 (သို့)ဒဏ်နှစ်ရပ်လုံး


 ==========================


၂။ ပုဂ္ဂလိကပိုင် ဦးပိုင်ပေါက်မြေတွင် 

ကျူးကျော်ခြင်း


- ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၄၇ အရ


- ပိုင်ဆိုင်သူက တရားလိုပြုလုပ် 

တရားစွဲဆိုနိုင်သည်။


- (၃)လအထိ ထောင်ဒဏ် (သို့) (၅၀ဝိ/-)ထိ 

ငွေဒဏ် (သို့)ဒဏ်နှစ်ရပ်လုံး


 ============================


၃။ ဌာနဆိုင်ရာအဆောက်အအုံတည်ရှိရာ

မြေ ဥပစာပေါ်တွင်ကျူးကျော်ခြင်း


- ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း)အက်ဥပဒေ ပုဒ်မ၂ (က) အရ


- အခွင့်ရအာဏာပိုင်က(ဆောက်လုပ်ရေး

ဝန်ကြီးမှ ခန့်အပ်သည်)


- ဥပစာမှ အင်အားသုံးဖယ်ရှားနိုင်သည်။


- ပြစ်မှုဆိုင်ရာဥပ ပုဒ်မ ၄၄၇ အရ 

သက်ဆိုင်ရာဌာနက တရားစွဲဆို 

အရေးယူနိုင်သည်


- (၃)လအထိ ထောင်ဒဏ် (သို့) (၅၀ဝိ/-)‌

ငွေဒဏ် (သို့) ဒဏ်နှစ်ရပ်လုံး

==============================


၄။ လယ်ယာမြေပေါ်တွင် ကျူးကျော်ခြင်း၊


- လယ်ယာမြေဥပ ပုဒ်မ ၃၅ အရ


- လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၊ 

တရားပွဲဆို အရေးယူနိုင်သည်။


- အနည်းဆုံး ထောင်ဒဏ်(၆)လမှ 

အများဆုံးထောင်ဒဏ်(၂)နှစ် အထိ 

ချမှတ်ရမည့်အပြင် အနည်းဆုံး 

ငွေဒဏ်(၃ဝ၀ဝဝဝိ/)မှ အများဆုံး 

ငွေဒဏ် (၅၀၀၀၀၀/-)အထိ


- လယ်ယာမြေဥပဒေ ပုဒ်မ ၃၆ အရ


- လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က 

တရားစွဲဆို အရေးယူနိုင်သည်။


 - ပုဒ်မ ၃၅ ပါ အများဆုံး 

ထောင်ဒဏ်(၂)နှစ်။


- လယ်ယာမြေဥပဒေ ပုဒ်မ ၃၇ အရ


- လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ က 

တရားစွဲဆို အရေးယူနိုင်သည်။


- အနည်းဆုံး ထောင်ဒဏ်(၁)နှစ်မှ 

အများဆုံးထောင်ဒဏ်(၃)နှစ် အထိ 

ချမှတ်ရမည့်အပြင် ကျပ်( ၁ဝ)သိန်း

အောက်မနည်းသည့်ငွေဒဏ်။


 ==============================


၅။ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ 

လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ရရိုထားသူ၏

မြေပေါ်သို့ ကျူးကျော်ခြင်း


- မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ

စီမံခန့်ခွဲရေးဥပဒေ(၂၀၁၂ ခုနှစ်) ပုဒ်မ ၂၇


- မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ

လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူ က 

တရားစွဲဆိုနိုင်သည်။


- (၂)နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ 

ငါးသိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ 

ဒဏ်နှစ်ရပ်လုံးဖြစ်စေ


 ==============================


၆။ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ 

လုပ်ကိုင်ခွင့်ချထားပေးခြင်း မရှိသည့် 

မြေပေါ်သို့ ကျူးကျော်ခြင်း


- အခွင့်အာဏာပေးအပ်သူအရာရှိက 

မြေလွတ်၊ မြေလပ်နှင့် မြောင်းများ

စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၇ အရ 

တရားစွဲဆိုအရေး ယူနိုင်သည်။


 ============================


၇။ သစ်တောကြိုးဝိုင်းအတွင်း 

ကျူးကျော်ခြင်း


- သစ်တောဥပဒေ ပုဒ်မ 

၄၀(က)မှ (စ) အထိ


- သစ်တောဦးစီးအရာရှိက တရားစွဲဆို 

အရေးယူနိုင်သည်


- ထောင်ဒဏ်(၃)နှစ် (သို့) 

ငွေဒဏ်ကျင်(၃၀ဝဝဝိ/-)


===============================

၈။ ကြိုးပြင်ကာကွယ်တောအတွင်း 

ကျူးကျော်ခြင်း


- နည်းဥပဒေ ၁၉(က)မှ (ဆ)အထိ


- သစ်တောဦးစီးအရာရှိက 

တရားစွဲဆို အရေးယူနိုင်သည်


- ထောင်ဒဏ်(၆)လ (သို့) 

ငွေဒဏ်ကျပ်(၅၀၀ဝိ/-) (သို့)ဒဏ်နှစ်ရပ်လုံး


 ============================


၉။ သဘာဝနယ်မြေ/ တိရစ္ဆာန်ဥယျာဉ်၊ 

ရုက္ခဗေဒဥယျာဉ်အတွင်း ကျူးကျော်ခြင်း


- ၁၉၉၄ ခုနှစ်၊ ဟောရိုင်း၊ တိရစ္ဆာန်နှင့်

သဘာဝအပင်များ ကာကွယ်ရေးနှင့်

သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ 

ပုဒ်မ၂၉ ပုဒ်မ ၃ဝ အရ


- သစ်တောအရာရှိက တရားစွဲဆို 

အရေးယူနိုင်သည်


- ကျပ်(၅ဝဝဝိ/-)အထိပေးဆောင်စေရန်၊ 

ဒဏ်ငွေကျပ်(၁ဝဝဝိ/-)


===============================


၁၀။ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း

လမ်းမြေအပေါ် ကျုးကျော်သူ


-၂၀၀၀ ပြည့်နှစ်၊လမ်းမကြီးများဥပဒေ 

ပုဒ်မ ၇ပုဒ်မခွဲ(က)၊ (ခ)၊(ဂ) အရ


- ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ 

တာဝန်ပေးအပ်သူက တရားစွဲဆို 

အရေးယူနိုင်သည်


- ထောင်ဒဏ်(၃)နှစ် (သို့) ငွေဒဏ် 

(သို့) ဒဏ်နှစ်ရပ်လုံး


 ===========================


၁၁။စည်ပင်သာယာရေးကော်မတီပိုင်

မြေများအပေါ် ကျူးကျော်ခြင်း


- ရန်ကုန်မြို့တော်စည်ပင်သာယာရေး

ကော်မတီဥပဒေ ပုဒ်မ ၂၈၊ ၂၉၊ ၃၀၊ ၃၁၊ 

၃၂ အရ တရားစွဲဆို အရေးယူနိုင်သည်


 - မန္တလေးမြို့တော်စည်ပင်သာယာရေး

ကော်မတီဥပဒေ ပုဒ်မ ၂၄၊ ၂၅၊ ၂၆ အရ 

တရားစွဲဆို အရေးယူနိုင်သည်


 - နေပြည်တော်စည်ပင်သာယာရေး

ကော်မတီဥပဒေ ပုဒ်မ ၂၄၊၂၅၊၂၆၊ ၂၇ အရ 

တရားစွဲဆို အရေးယူနိုင်သည်


 ==============================


၁၂။စည်ပင်ပိုင်မြေအပေါ် 

ကျူးကျော်ခြင်း (နယ်)


- သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်

အလိုက် ပြဋ္ဌာန်းထားသည့်စည်ပင်သာယာရေး

အဖွဲ့များဥပဒေနှင့် အညီ တရားစွဲဆို 

အရေးယူနိုင်သည်


 ============================


၁၃။ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပေါ် 


ကျူးကျော်ခြင်း


- ယဉ်ကျေးမှုအမွေအနှစ်ဒေသများ 

ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၂၄ 

အရရှေးဟောင်း သုတေသန၊ အမျိုးသား

ပြတိုက်နှင့်စာကြည့်တိုက် ဦးစီးဌာနက 

တရားစွဲဆိုအရေးယူနိုင်သည်။


- ဒဏ်ငွေ ကျပ်(၅ဝဝဝဝိ/)အထိဖြစ်စေ၊ 

ထောင်ဒဏ်(၅)နှစ်အထိ ဖြစ်စေ

ဒဏ်နှစ်ရပ်လုံးဖြစ်စေ


 =============================


၁၄။မြစ်ချောင်းနယ်မြေ၊ ကမ်းနားနယ်မြေ၊ 

ကမ်းပါးနယ်မြေအတွင်း ကျူးကျော်ခြင်း


- ၂ဝဝ၆ ခုနှစ်၊ ရေအရင်းအမြစ်နှင့်

မြစ်ချောင်းများ ထိန်းသိန်းရေး ဥပဒေ 

ပုဒ်မ ၂၅ အရ


- ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်

နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး

ဦးစီးဌာနက တရားစွဲဆို အရေးယူနိုင်သည်


 - (၃)နှစ်ထက်မပိုသော ထောင်ဒဏ်၊

ကျပ် (၅၀၀၀ဝိ/-)ထက်မပိုသော ငွေဒဏ်

ဒဏ်နှစ်ရပ်လုံး


 =============================


၁၅။ သတ္တုတွင်းမြေအတွင်း ကျူးကျော်ခြင်း


- ၁၉၉၄ ခုနှစ်၊ မြန်မာ့သတ္တုတွင်းဥပဒေ

 ပုဒ်မ ၃၃ အရ


 - တာဝန်ခံ၊ သတ္တုတွင်းနယ်မြေက 

တရားစွဲဆို အရေးယူနိုင်သည်


- ထောင်ဒဏ်(၆)လအထိဖြစ်စေ၊ 

ငွေဒဏ်ကျပ်(၅၀၀၀/-)အထိ ဖြစ်စေ၊ 

ဒဏ်နှစ်ရပ်လုံးဖြစ်စေ


 ==========================


၁၆။ရတနာမြေအတွင်း ကျူးကျော်ခြင်း


- ၁၉၉၄ ခုနှစ်၊ မြန်မာ့သတ္တုတွင်း 

ဥပဒေအရ


- တာဝန်ခံ၊ ရတနာနယ်မြေ သတ္တုတွင်း

ဝန်ကြီးဌာနက တရားစွဲဆိုအရေးယူနိုင်သည်


- ထောင်ဒဏ်(၆)လအထိဖြစ်စေ

ငွေဒဏ်ကျပ်(၅၀၀၀/-)အထိ ဖြစ်စေ

ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်


===========================


၁၇။ ရတနာမြေအတွင်း ခွင့်ပြုချက်မဲ့ 

ထုတ်လုပ်ရှာဖွေ၊ စမ်းသပ် တိုင်းတာခြင်း


- ၁၉၉၅ ခုနှစ်မြန်မာ့ကျောက်မျက်ရတနာ

ဥပဒေ ပုဒ်မ  ၄၁(က) (ခ)အရ


- တာဝန်ခံ၊ ရတာနာနယ်မြေ သတ္တုတွင်း

ဝန်ကြီးဌာနက တရားစွဲဆိုအရေးယူနိုင်သည်


- ထောင်ဒဏ်အနည်းဆုံး(၇)နှစ်မှ 

အများဆုံး(၁၅)နှစ်အထိ ချမှတ်ရမည့်အပြင် 

ငွေဒဏ်လည်းချမှတ်နိုင်


 ==============================


၁၈။ ရထားပေါ်နှင့် ရထားနယ်နိမိတ်အတွင်း 

ကျူးကျော်ခြင်း


- ၂ဝ၁၆ ခုနှစ်၊ ရထားပို့ဆောင်ရေးလုပ်ငန်း

ဥပဒေ ပုဒ်မ ၇၅(ခ) အရ တာဝန်ပေးအပ်သူက 

တရားစွဲဆို အရေးယူနိုင်သည်


- ငွေဒဏ် (၃၀၀ဝိ/-)မှု (၃၀၀၀ဝိ/-)အထိ


 ==============================


၁၉။ရေနံမြေတွင် ကျူးကျော်ခြင်း


- ၁၉၁၈ ခုနှစ်၊ ရေနံမြေအက်ဥပဒေ 

ပုဒ်မ ၁၂(က) ပုဒ်မခွဲ(၂)အရ


- ရေနံမြေအရာရှိက တရားစွဲဆို

အရေးယူနိုင်သည်


- ထောင်ဒဏ် (၃)လ (သို့) ငွေဒဏ် 

ကျပ်(၁၀၀) (သို့) ပြစ်ဒဏ်နှစ်ရပ်လုံး


#Credit နေပြည်တော်

Comments