အခွင့်ရကိုယ်စားလှယ်လား အထွေထွေကိုယ်စားလှယ်စာရသူလား

တရားမကြီးမှုများတွင် တရားလို/တရားပြိုင်၏ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူကို...(အထွေထွေကိုယ်စားလှယ်စာရသူ ဟုခေါ်ဆိုရမည်လား?/

အခွင့်ရကိုယ်စားလှယ်စာရသူ ဟုခေါ်ဆိုရမည်လား?)

@@@@@@@@@@N.W!!!!!!!!!!!!!!!!!!!!!!!


~~~ခြံမြေလက်ရောက်ရလိုမှု စွဲဆိုဖို့အတွက် ဖခင်က သားကို[General Power of Attorney -(GP)]

အထွေထွေကိုယ်စားလှယ်လွဲစာနဲ့လွှဲအပ်ထာပြီးဖြစ်ကြောင်း သားဖြစ်သူကလာပြ​ကာ အမှုအပ်သဖြင့် တရားစွဲဖို့အတွက်အဆိုလွှာရေရာတွင် သက်ဆိုင်ရာဥပဒေများကိုဖတ်ရှုလေ့လာကာ အဆိုလွှာရေးသားပြိီးဖြစ်

သော်လည်း ဖခင်က သားဖြစ်သူကို (GP)လွှဲပြီးတရားစွဲခိုင်တယ်ဆိုတော့ တရားလိုနာမည်နေရာမှာ ဖခင်(၎င်း၏အထွေထွေကိုယ်စားလှယ်စာရသူ သား)လို့ရေးရမလား/...ဖခင်(၎င်း၏အခွင့်ရကိုယ်စားလှယ် စာရသူ သား)ဟုရေးရမလား...စဥ်းစားရင်း ဝေခွဲမရသည့်အဆုံး....ဖခင်(၎င်း၏အထွေထွေကိုယ်စားလှယ်စာရသူ သား)ဟုရေးသားကာအဆိုလွှာအားတရားရုံးသို့စွဲတင်ရန်အမှုလက်ခံဌာနကိုသွားခဲ့ပါတယ်။အမှုလက်ခံပြီး မကြီးနံပါတ်ပေးပါတယ်။ မကြာပါဘူးတရားသူကြီးက ဆရာလေးလာပါဦးတဲ့...ဟုတ်ကဲ့ဆိုပြီး...တရားခွင်ထဲဝင်သွားစဥ် အဆိုလွှာအာကိုင်ပြီး ဆရာလေး..ဒီနေရာလေးပြင်ပေးပါတဲ့။ ဘယ်နေရာလဲဆိုတော့..

ဖခင်(၎င်း၏အထွေထွေကိုယ်စားလှယ်စာရသူ သား)ဆိုတာကိုထောက်ပြကာ ...တရားမမှုတွေစွဲရင်မှတ်ထားတဲ့....

"ကိုယ်စားလှယ် နှစ်မျိုးဘဲရှိတယ်။တရားဝင်ကိုယ်စားလှယ်နှင့် အခွင့်ရကိုယ်စားလှယ်တဲ့) အဲ့တော့ ဒါကို ၎င်း၏အခွင့်ကိုယ်စားလှယ်ဆိုပြီးပြန်ပြင်ခဲ့ ပြင်ပြီးမှအဆိုလွှာပြန်တင်ပါတဲ့......​(ဒီကလဲမဟုတ်

မခံဆိုတော့)...ဟုတ်ကဲ့ဆိုပြီး  ပြန်ပြင်ကာအဆိုလွှာတင်ခဲ့ရပါကြောင်း......

~~~ပြောခြင်တာက...ကိုယ်စားလှယ်​ဖြင့်

စွဲဆိုတဲ့အခါ တရားလိုကို ရေးသားရမည့်ပုံစံကို တရားမကျင့်ထုံးဥပဒေနောက်ဆက်တွဲ (က)[မြန်မာနိုင်ငံဥပဒေအတွဲ.၁၂၊စာ.၂၃၂]တွင်..(A.B- by his constituted attorney C.D)ဟု ရေးသားထားသည်ကိုတွေ့ရမှာပါ။..[​မြန်မာဘာသာပြန်ကြရာတွင်... ဆရာဦးမင်းဆွေက အခွင့်အာဏာလွှဲအပ်ထားသည့်ကိုယ်စားလှယ်ဟုလည်းကောင်း၊ ဆရာဦးတင်ဟုန်က ...၎င်း၏ကိုယ်စားလှယ်စာရသူ ဟုလည်ကောင်း၊ ဆရာဦးကျော်စိန်က ၎င်း၏အခွင့်ရကိုယ်စားလှယ်ဟုလည်းကောင်း]ဘာသာပြန်ဆိုရေးသားထားကြသည်ကိုဖတ်ရှုရပါသည်။

~~~စီရင်ထုံးပြုခဲသော...

၁။ ဒေါ်မိမိကျော်၊ ဦးကျော်လှ နှင့် ဒေါ်နန်းအေးအေး(၎င်း၏အထွေထွေကိုယ်စားလှယ်စာရသူ ဦးကျော်စိုးညွှန့်)၊၁၉၉၅၊မတစ၊စာ ၉၇ အမှုတွင်....အထွေထွေကိုယ်စားလှယ်စာရသူ ဟုသုံးနှုန်းပြီး စီရင်ထုံးစာမျက်နှာ.၉၉တွင်.. ကိုယ်စားလှယ် ဦးကျော်စိုးညွှန့်ဟု သုံးနှုန်းထားပြန်ပါသည်။

•••••••••••••••••••••••

၂။ဦးမောင်လွင်ပါ.၂ နှင့် ဒေါ်ခင်ဝေပါ.၂(၎င်း၏အထွထွေကိုယ်စားလှယ်စာရသူ ဦးအောင်ဝင်း)၊၁၉၉၈၊မတစ၊စာ. ၂၂၁ အမှုတွင်....အထွေထွေကိုယ်စားလှယ်စာရသူ ဟုသုံးနှုန်းပြီး စီရင်ချက်စာမျက်နှာ အပိုဒ်.၂ တွင် ၎င်း၏အခွင့်ရကိုယ်စားလှယ် ဦးအောင်မင်းဟု သုံးနှုန်းထားပြန်ပါသည်။

••••••••••••••••••••••••

၃။ဦးသန်းလွင် နှင့် ဒေါ်စန်းစန်းတင့် (ကိုယ်တိုင်နှင့် ၂ မှ ၁၃ထိ လျှောက်ထားခံရသူများ၏ အထွေထွေကိုယ်စားလှယ်စာရသူ ပါ.၂၇) ၊၂၀၁၉၊ မတစ၊စာ. ၁၀၉ အမှုတွင်...အထွေထွေကိုယ်စားလှယ်စာရသူ ဟုသုံးနှုန်းထားသည်ကို ဖတ်ရှုလေ့လာရပါသည်။

••••••••••••••••••••••••••

~~~ထို့ကြောင့် အထက်ဖော်ပြပါစီရင်ထုံးများအားကြည့်ပါက ကိုယ်စားလှယ်ဖြင့်တရားစွဲဆိုတဲ့အခါ တရားလိုကို

မည်သ်ို့မည်ပုံရေးသားကြရမည်ဖြစ်ကြောင်း စီရင်ထုံးများက လမ်းညွှန်ပြသမှုမရှိခဲ့ပါကြောင်းခင်ဗျာ....။

•••••••••••••••••••••••••••••

Comments