ဩရသနှင့်အကြီးဆုံးသား

သြရသ နှင့် အကြီးဆုံးသား။

အမွေမမီမြေး (၂)မျိုး။

(၁) သြရသ နှင့် အကြီးဆုံးသားက မွေးသော အမွေမမီမြေး

(၂) အခြားသားသမီးက မွေးသောအမွေမမီမြေး။


(၁) သြရသ နှင့် အကြီးဆုံးသားက မွေးသော အမွေမမီမြေး၏ ရပိုင်ခွင့်။

ဘိုးဘွား၏အမွေကို ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေး တို့ နှင့် အညီအမျှ ရခွင့်ရှိသည်။

ဦးထွန်းတင် ပါ ၂ နှင့် ဦးလာဘ (၁၉၉၁၊မတစ၊စာ -၈၁(၈၄)


(၂) အခြားသားသမီးက မွေးသောအမွေမမီမြေး၏ရပိုင်ခွင့်။

ဘိုးဘွား၏အမွေကို မိမိတို့၏မိဘများကွယ်လွန်စဉ် အသက်ထင်ရှားရှိခဲ့လျှင် ရချေမည်ဖြစ်သော ဝေစု၏ လေးပုံတစ်ပုံ ရခွင့်ရှိသည်။

ဦးထွန်းတင် ပါ ၂ နှင့် ဦးလာဘ (၁၉၉၁၊မတစ၊စာ -၈၁(၈၄)


အကြီးဆုံးသားတိုင်းသည် သြရသ ဖြစ်သလား။?


မဖြစ်ပါ။ သြရသ ဖြစ်ရန် အင်္ဂါ ၅ ရပ် နှင့် ပြည့်စုံမှသာ သြရသဖြစ်ပါမည်။


(၁) တရား၀င်သားသမီးဖြစ်ရမည်။

(၂) သားရင်းသမီးရင်းဖြစ်ရမည်။

(၃) သားဖြစ်လျှင် အဖ မကွယ်လွန်မီ၊ သမီးဖြစ်လျှင်                     အမိမကွယ်လွန်မှီ အသက်၁၈ နှစ်ပြည့်ရမည်။

(၄) ၁၈ နှစ်ပြည့်ချိန်၌ သားသမီးတွင်အကြီးဆုံးဖြစ်ရမည်။ 

(၅) သားဖြစ်လျှင် အဖ၏ဥစ္စာရှာဖွေရေး၊ သမီးဖြစ်လျှင် အမိ၏အိမ်ထောင်ရေး ၀တျတရားမွားကို ကူညီလုပ်ကိုင်ဆောင်ရွက်ရမည်။

အထက်ပါ အင်္ဂါ ၅ ရပ် နှင့် မပြည့်စုံလျှင် အကြီးဆုံးသားပင်ဖြစ်ပါစေ သြရသ မဖြစ်နိုင်ပါ။ 


သြရသ သားတိုင်းသည် အခါခပ်သိမ်း အကြီးဆုံးသား ဖြစ်သလား။?

မဖြစ်ပါ။ ခြွင်းချက်ရှိပါသည်။ ဒုတိယသားသမီး သြရသဖြစ်ခွင့်ရှိနေပါသေးသည်။


 သြရသ မဖြစ်မီ တစ်နည်းအားဖြင့် အရွယ်မရောက်မီ သြရသ ဖြစ်နိုင်သည့် သားဦး သမီးဦး သေဆုံးသွားပါက သြရသ အရာ ဖြစ်နိုင်သော အရည်အချင်း ရှိသည့့် ဒုတိယ သားသမီးက သြရသအရာ၌ ဆက်ခံခွင့် ရှိပါသည်။


မောင်ကြင် နှင့် မကြာခိုင် (အတွဲ - ၈ ရန်ကုန်၊ စာ ၃၉၆)

မအေးရင် နှင့် မမိမိ         (အတွဲ - ၇ ရန်ကုန်၊ ၅၆၉)


ထိုသို့ ဆိုလျှင် သြရသဖြစ်ရန် အရည်အချင်းတစ်ရပ်ဖြစ်သည့် 


" သားသမီးများတွင် အကြီးဆုံး ဖြစ်ရမည်" 


ဆိုသော စကားရပ် နှင့် 


" အကြီးဆုံးသား" 


ဟူသော စကားရပ်သည် 


မတူညီကြောင်း တွေ့မြင်နိုင်ပါသည်။


ထို့ကြောင့် အမွေမမီမြေး၏ ရပိုင်ခွင့်တွင် သြရသ သား မှ မွေးဖွားသော အမွေမမီမြေးသည်လည်းကောင်း၊


သြရသ မဖြစ်ခဲ့သည့် အကြီးဆုံးသားမှ မွေးဖွားသော အမွေမမီမြေးသည် လည်ကောင်း


ဘိုးဘွား၏အမွေကို ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေး တို့ နှင့် အညီအမျှ ရခွင့်ရှိသည် ဟု


"သြရသ နှင့် အကြီးဆုံးသား"ဟူ၍


(၂)မျိုးထုံးဖွဲ့ခဲ့ခြင်းဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။


Comments