အကျဉ်းနည်းစစ်ဆေးခြင်း
ရာဇဝတ်မှုတွေ စစ်ဆေးရာမှာ အကျဥ်းနည်းစစ်ဆေးခြင်းကိုလည်း သတိပြုဖို့လိုပါတယ်
ခရိုင်ရာဇဝတ်တရားသူကြီး အထူးအာဏာရရာဇဝတ်တရားသူကြီး အကျဥ်းနည်းစစ်ဆေးဖို့ အခွင့်အာဏာအပ်နှင်းထားတဲ့ ပထမတန်းအာဏာရရာဇဝတ်တရားသူကြီးဟာ ဘယ်လိုအမှုတွေကိုအကျဥ်းနည်းစစ်ဆေးနိုင်ကြောင်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၆၀ (၁)(ဂ) ရဲ့ ပိုဒ်ခွဲ(က) က (ည)အထိ ပြဌာန်းထားပါတယ်
ပုဒ်မ ၂၆၀ (၁)(ဂ) ရဲ့ ပိုဒ်ခွဲ(က) အရ ထောင်ဒဏ် တစ်နှစ်အောက် ချမှတ်နိုင်တဲ့အမှုတွေကို အကျဥ်းနည်း စစ်ဆေးနိုင်ပါတယ်
ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ တရားစွဲတဲ့အမှုတွေမှာ ပထမပိုဒ်အရ ၁လထက်မပိုတဲ့ အလုပ်မဲ့ထောင်ဒဏ် ၊ ဒုတိယပိုဒ်အရ ၆လထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်နိုင်တာကြောင့် အကျဥ်းနည်းစစ်ဆေးနိုင်တဲ့ အမှုအမျိုးအစားဖြစ်ပါတယ်
အကျဥ်းနည်းစစ်ဆေးရာမှာ အကျဥ်းစစ်ပုံစံသီးသန့်ရှိပါတယ် အဲဒီပုံစံမှာရေးဖြည့်ပြီး တရားသူကြီးက တရားခံကိုအပြစ်ရှိမရှိ မေးပါတယ် တရားခံက အပြစ်ရှိတယ်လို့ဝန်ခံရင် ပြစ်မှုထင်ရှားတွေ့ရှိစီရင်ရပါတယ် အဲဒီပုံစံစာရွက်မှာဘဲ အားလုံးရေးဖြည့်ရပါတယ် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၆၃(က) က (ည) ထိပြဌာန်းချက်အရ ဖြစ်ပါတယ်
တရားခံက အပြစ်မရှိကြောင်း ငြင်းဆိုရင် သက်သေခံချက်ကို အကျဥ်းချုပ်သာရယူရမှာဖြစ်ကြောင်း ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၆၄ မှာ ပြဌာန်းထားပါတယ်
ဒါကြောင့် ရာဇဝတ်မှုခင်းတွေ လိုက်ပါဆောင်ရွက်ရာမှာ သမ္မန်မှုစစ်ဆေးနည်း နဲ့ ဝရမ်းမှုစစ်ဆေးနည်းသာ မကပဲ အကျဥ်းနည်းစစ်ဆေးနည်းကိုပါလေ့လာဖို့ လိုအပ်ပါတယ်
အကျဥ်းနည်းစစ်ဆေးတာနဲ့ပတ်သက်လို့ တရားရုံးများလက်စွဲ စာပိုဒ် ၃၆၆ ၊ ၄၅၂ နဲ့ ၆၁၅ တို့မှာလည်း လမ်းညွှန်ထားပါတယ်
ဘဝတူရှေ့နေတွေအတွက် လိုအပ်သလို သတိပြုလေ့လာ ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး မျှဝေတာဖြစ်ပါတယ်
Comments
Post a Comment