မှတ်ပုံတင်ရန်လိုအပ်သောစာချုပ်စာတမ်းများ


အောက်ပါစာချုပ်စာတမ်းများကို မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများအဖြစ် သတ်မှတ်ထားပါသည် ။

(က) မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို အပိုင်ပေးသည့် စာချုပ်စာတမ်းများ၊


(ခ) မရွှေ့မပြောင်းနိုင်သော ပစ္စည်း၌ဖြစ်စေ၊ ယင်းနှင့်စပ်လျဉ်း၍ဖြစ်စေ ၊ တန်ဖိုးငွေ ကျပ်တစ်သိန်း နှင့်အထက်ရှိသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ရောင်းချခြင်း၊ ဆိုင်ရာဆိုင်ခွင့် အကျိုးစီးပွား တစ်စုံတစ်ရာဖြစ်စေရေးအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း ၊ ကန့်သတ်ခြင်း ၊စွန့်လွှတ်ခြင်းနှင့် ဖျက်သိမ်းခြင်းတို့ကို ခိုင်မာစေရန်ပြုလုပ်သည့် သေတမ်းစာမဟုတ်သော စာချုပ်စာတမ်းများ ၊ ယင်းစာချုပ်စာတမ်းတို့နှင့် သက်ဆိုင်သည့် ပိုင်ဆိုင်ခွင့်အပေါ် တရားရုံးက ချမှတ်သည့် စီရင်ချက် ၊ ဒီကရီ ၊ အမိန့် ၊


(ဂ)  တန်းဖိုးငွေကျပ် တစ်သိန်းနှင့် အထက်ရှိသည့် ပိုင်ဆိုင်ခွင့်စာချုပ်ကို အပ်နံှ၍ ပေါင်နံှငွေချေး ခြင်းမှတစ်ပါး ပေါင်နှံခြင်းကို ပေါင်နှံသူ လက်မှတ်ရေးထိုးပြီး အနည်းဆုံးအသိသက်သေနှစ်ဦးက မှန်ကြောင်း ဝန်ခံလက်မှတ်ရေးထိုးထားသည့် ပေါင်နှံခြင်းစာချုပ်များနှင့် ပေါင်နှံခြင်း ဖျက်သိမ်းသော စာချုပ်များ ၊


(ဃ) မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို တစ်နှစ်ပြီးတစ်နှစ် ငှားရမ်းခြင်း၊ တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း၊ ငှားရမ်းခကို နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်း စာချုပ်များ၊


(င) ကုမ္ပဏီအသင်းအဖွဲ့တို့က မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့် သက်ဆိုင်သည့် အကျိုးစီးပွားကို ဖြစ်စေ ယုံမှတ်အပ်နံှသူသို့ ပေါင်နှံခြင်း၊ ပေးအပ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် လွှဲအပ်ခြင်းပြုသည့် စာချုပ်စာတမ်းများ၊


(စ) ကိတ္တိမသားသမီးမွေးစားခြင်း စာချုပ်စာတမ်းများ၊


(ဆ) နိုင်ငံတော်အစိုးရက အခါအားလျော်စွာ သတ်မှတ်သည့် စာချုပ်စာတမ်းများ တို့ဖြစ်ပါသည်။ 


မှတ်ပုံတင်ရမည့်စာချုပ်စာတမ်းများကို မှတ်ပုံတင်ထားခြင်းမရှိပါက ။ အကျိုးသက်ရောက်မှု မရှိနိုင်ဘဲ ယင်းစာချုပ်များကိုလည်း တရားရုံးများတွင် သက်သေခံအဖြစ်တင်ပြခွင့် ဆုံးရှုံးနိုင်ပါသည်။ အောက်ပါ စီရင်ထုံးများကို လေ့လာကြည့်ပါ။


(ဒေါ်မာရီယမ်ဘီ(ခ)ဒေါ်မဂျမ်းပါ (၅) နှင့် ဒေါ်မဥ ၊ ၁၉၈၆၊ စာ -၁၆၃)


ဒေါ်ညွှန့် နှင့် မအမြီနာ ၊ ၁၉၈၉၊ စာ-၂၈)


Comments