Dealership Contract
စီးပွားရေးလုပ်ငန်းဆိုင်ရာ စာချုပ်စာတမ်းများ အပိုင်း (၂)
About Dealership Contract
စနေ့နေ့မနက် ကုမ္ပဏီမှာ ဥပဒေအကြံပေးအဖြစ် ရုံးထိုင်စဥ် ကိုယ့်အတွက် သက်မှတ်ထားတဲ့ ရုံးခန်းလေးထဲမှာ coffee တစ်ခွက် သောက်ရန် ဖျော်နေတုန်း ကုမ္ပဏီက လူတစ်စု ရောက်လာပြီး Dealership Contract တစ်စောင်လောက် ချုပ်ချင်လို့ဆိုပြီး ပြောလာတယ်။
ဒါနဲ့ပဲ ဖျော်လက်ဆ coffee ကို ဆက်ဖျော်နေရင်း တစ်ချက်မော့ကြည့်လိုက်တယ်တယ်။ ပြီးတော့ coffee တစ်ငုံလောက်သောက်လိုက်ပြီး ထိုင်နေကြ ခုံရဲ့ အန်ဆွဲထဲက Data Collect form တစ်စောင်ထုပ်ပေးပြီး ချုပ်ချင်တဲ့ စာချုပ်နဲ့ ပါတ်သက်တဲ့ အချက်တွေ ဖြည့်ခိုင်းလိုက်ပြီး ထိုင်ကြည့်နေလိုက်တယ်။
သူတို့ကလဲ Data ဖြည့်ပြီးတော့ ဖြည့်ထားတဲ့ စာရွက်လေးကမ်းပေးလာတယ်။ အဲဒီတော့မှ ကမ်းပေးလိုက်တဲ့ Data Collect form ကို ကြည့်ပြီး စာချုပ်ချုပ်ရာမှာ လိုအပ်သည့် စာရွက်စာတမ်းများနှင့် သိချင်တဲ့ အချက်အလက်တွေကို ကိုယ့်ရဲ့ Note book လေးထဲရေးမှတ်ယူလိုက်တာပေါ့ ပြီးတော့ နောက်ရက်မှ စာချုပ်အကြမ်း လာယူဆိုပြီး ပြန်လွှတ်လိုက်တယ်။
Coffee သောက်နေရင်း data collect form ကို ကြည့်ပြီး Dealership Contract တစ်စောင် ချုပ်ရင် ဘယ်အချက်တွေ လိုအပ်သလဲဆိုတာ တဖြည်းဖြည်း မျက်စီထဲ ပုံဖေါ်ကြည့်လိုက်တော့တာပေါ့။
Dealership Contract တစ်စောင်ချုပ်တော့မယ်ဆိုရင်။
၁၊ ကုမ္ပဏီက ကုမ္ပဏီကို Dealership ပေးမှာလား? ကုမ္ပဏီက လူပုဂ္ဂိူလ်ကို Dealership ပေးမှာလား? စဥ်းစားလိုက်တယ်။ ကုမ္ပဏီက ကုမ္ပဏီကို Dealership ပေးမှာဆိုရင် စာချုပ်ချုပ်ဆိုခွင့်ပြုကြောင်း BOD နှစ်စောင် ပါရမယ်။ ကုမ္ပဏီက လူပုဂ္ဂိူလ်ကို Dealership ပေးမှာဆိုရင် စာချုပ်ချုပ်ဆိုခွင့်ပြုကြောင်း BOD တစ်စောင်ပဲလိုအပ်တယ်။
၂၊ စာချုပ်မှာ ကာလစည်းကမ်းသက်နဲ့ စီရင်ပိုင်ခွင့်နေရာအတွက် Date နဲ့ Place ကို သက်မှတ်ရမယ်။
၃၊ အာမခံချက်နှင့် တာဝန်ယူခြင်း
ငွေကြေးကိစ္စများ ခံစားပိုင်ခွင့်များ တာဝန်များမျက်မကွက် တာဝန်ယူရမယ်။
၄၊ ရည်ရွယ်ချက်
သက်မှက်ထားသည့် ခရိုင် မြို့နယ် အတွင်း လက်လီ/လက်ကား၊ ဆိုင်ကြီး/ ဆိုင်ငယ် သက်မှက်ထားသည့် လုပ်ငန်းကို သက်မှတ်ထားသည့် စျေးနှုန်းဖြင့် ဖြန့်ဖြူးရန်။
၅၊ နယ်မြေ နယ်နမိတ်သက်မှတ်ချက်
ကိုယ်စားလှယ်ရထားသူက သက်မှက်ထားသည့် နယ်မြေအတွင်းရောင်းရန် ကိုယ်စားလှယ်ပေးသူကလဲ မိမိကိုယ်တိုင်ကော အခြားတစ်ဦးကိုပါ သက်မှက်ထားသည့် နယ်နမိတ်အတွင်း ဖြန့်ဖြူးခွင့် မရှိစေရ။
၆၊ ဆိုင်ခွဲ ကိုယ်စားလှယ်တွင် ရှိရမည့် လုပ်ငန်းအထောက်အကူပြုပစ္စည်းများ
အဆောက်အဦး၊ ဂိုထောင်၊ အရောင်းသမား၊ စာရင်းကိုင် ဝန်ထမ်းနှင့် ဆက်သွယ်ရန်လွယ်ကူစေမည့် အီလထရောနစ် ပစ္စည်းများ ရှိရန်
၇၊ ကုမ္ပဏီမှ ပံ့ပိုးဆောင်ရွက်ပေးမည့် အစီစဥ်
ဆိုင်ခွဲအရောက် သယ်ယူပို့ဆောင်ရေး၊ ကြော်ညာခြင်းကိစ္စရပ်များ၊ အရောင်းမြင့်တင်ရေးအစီစဥ်များ၊ ဆိုင်ခွဲ၏ ကုန်ပစ္စည်းလိုအပ်ချပ် ပြည့်မှိအောင် ဆောင်ရွက်ပေးရန်
၈၊ ဆိုင်ခွဲ ကိုယ်စားလှယ်မှ လိုက်နာရမည့် စည်းကမ်းချက်
ကုမ္ပဏီ၏ ခွင့်ပြုချက်မရဘဲ ကုန်ပစ္စည်းကို အသုံးပြုခြင်း ငှားရမ်းခြင်း ကိုယ်ကျိုးကတွက်သုံးစွဲခြင်း ကြော်ညာခြင်း၊ အလွဲသုံးစားပြုခြင်း၊ အတုအပပြုလုပ်ခြင်း များမပြုလုပ်ရန်၊ အလားတူကုန်ပစ္စည်းကို အခြားသူ တစ်ဦးထံမှ ဝယ်ယူမှာကြားဖြန့်ဖြူးခြင်း မပြုလုပ်ရန်။
၉၊ မှာကြားခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း
ကိုယ်စားလှယ်မှ ၁ လအတွင်း ရောင်းရမည့် ကုန်ပစ္စည်းအရေအတွက် သက်မှက်ချက်ပါရမည်၊ ကုမ္ပဏီဘက်မှလဲ ကိုယ်စားလှယ်တောင်းခံသည့် ပစ္စည်းအရေအတွက်ကို သက်မှက်ရက်အတွင်းရောက်ရန် ဆောင်ရွက်ပေးရမည်။ သိုသော် သဘာဝဘေးအန္တရယ် (Force Majeure) ကြောင့် ဖြစ်ပေါ်လာသည့် ကုန်သွယ်မှု၏ အရှုံးအမြတ်သည် နှစ်ဘက်စလုံးပေါ်တွင် တာဝန်မရှိစေရန်။
၁၀၊ ဖြန့်ဖြူးရောင်းချပေးရမည့် ပစ္စည်းများ
ပစ္စည်းစာရင်းကို နောက်ဆက်တွဲ စာရင်းဇယားနဲ့ ဖော်ပြပေးရန်၊
၁၁၊ ရောင်းအားသက်မှက်ခြင်း
ကိုယ်စားလှယ်မှ လစဥ် သက်မှက်ထားသည့် ရောင်းအားပြည့်မှီအောင် ရောင်းချရန်၊ လိုအပ်ပါက ကုမ္ပဏီဘက်မှ အရောင်းမြင့်တင်ရေး အစီစဥ်များ ဆောင်ရွက်ပေးရန်၊
၁၂၊ စျေးနှုန်းသတ်မှက်ခြင်း
စျေးနှုန်းသက်မှက်ချက်ကို နေ့စဥ် ကုမ္ပဏီဘက်က ပို့ပေးရန်၊ ကုမ္ပဏီ၏ ခွင့်ပြုချက်မရဘဲ ကိုယ်စားလှယ်က မိမိသဘောဖြင့် စျေးနှုန်းမြင့်တင်၍သော်လည်ကောင်း စျေးနှုန်းနှိမ့်ချ၍ သော်လည်းကောင်း ရောင်းချခွင့်မရှိစေရ၊
၁၃၊ ကိုယ်စားလှယ်၏ အကျိူးခံစားခွင့်
ရောင်းအား၏ အမြတ်ငွေအပေါ် % နှုန်းဖြင့် အကျိုးခံစားခွင့် သို့မဟုက် လစာဖြင့် အကျိုးခံစားခွင့် ရရှိမည်။ အပြင့် ရောင်းအားသက်မှတ်ချက် ကျော်လွန်က ထိုအမြတ်ငွေ၏ % ကို ထပ်မံ ခံစားခွင့်ရှိစေရမည်။
၁၄၊ ကုန်ကျစရိတ်များ
ကိုယ်စားလှယ်မှ လုပ်ငန်းအတွက် ကုန်ကျစရိတ်ကို လစဥ် အရှုံးအမြတ် စာရင်း၌ ထည့်သွင်း တွက်ချက်၍ ကုမ္ပဏီသို့ပေးပို့ရန် ကုန်ကျစရိတ်အား အချိုးကျ ခံစားခွင့်ရှိစေရမည်။
၁၅၊ ငွေပေးချေမှုစနစ်
ကုမ္ပဏီမှ ကိုယ်စားလှယ်ကို (၃)ဆိုင်း အကြွေးစနစ်ဖြင့်ရောင်းချပေးမည်၊ သက်မှက်ထားသော ဘဏ်အကောင့်သို့ ငွေသွင်းရန်၊ သက်မှက်ကာလ ကျော်လွန်သည့်အတိုင်း ငွေပေးချေမှု မရှိပါက နောက်ထပ် မှာကြားလာမည့် အမှာစာအား ရပ်ဆိုင်းရန်၊ လုပ်ငန်းအခြေအနေပေါ်မှုတည်၍ ငွေပေးချေမှု ကာလာ ညှိနှိုင်းဆောင်ရွက်ရန်၊ ကိုယ်စားလှယ်မှ မကြာခဏ ငွေပေးချေမှုပျက်ကွက်လာပါက ကိုယ်စားလှယ်အဖြစ်မှ ရပ်ဆိုင်းရန်။
၁၆၊ စာရင်းရှင်းလင်းခြင်း
စာချုပ်သက်တမ်းကုန်ဆုံးပါက အရောင်းအဝယ် စာရင်းအားလုံး ရှင်းလင်းပြီးစီးသည့်အထိ ဆောင်ရွက်ပေးရန်
၁၇၊ ရောင်းအားမြင့်တင်ခြင်း
သက်မှက်ထားသော လအလိုက် ကုမ္ပဏီမှ အရောင်းမြင့်တင်ရေးအစီစဥ်ကို ကိုယ်စားလှယ်ဘက်၌ ကုမ္ပဏီ စာရိတ်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးရန်၊ ကုမ္ပဏီ၏ ခွင့်ပြုချက်မရရှိဘဲ ကိုယ်စားလှယ်မှ မိမိသဘောဆန္ဒအလျှောက် အရောင်းဘတ်ဂျတ်ဖြင့် ကြော်ငြာခြင်း အရောင်းမြင့်တင်ရေးအတွက် သုံးစွဲခွင့် မရှိ၊
၁၈၊ မှုပိုင်အခွင့်အရေးများ
၁၉၊ နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးငွေ သက်မှက်ခြင်း
၂၀၊ စာချုပ် အသက်ဝင်ခြင်းနှင့် စာချုပ်သက်တမ်း
၂၁၊ စာချုပ်ရပ်စဲခြင်း
၂၂၊ အငြင်းပွားခြင်းနှင့် ဖြေရှင်းခြင်း
၂၃၊ အစီရင်ခံခြင်း
ကိုယ်စားလှယ်မှ အပတ်စဥ် လစဥ် နှစ်ချုပ်စာရင်းများ အသေးစိတ်ကို ကုမ္ပဏီသို့ပေးပို့ရန်၊ ကုမ္ပဏီဘက်မှ အခါအားလျော်စွာ လာရောက်စစ်ဆေးခြင်း သင်တန်းပေးခြင်း မေးမြန်းခြင်း ကို ပြုလုပ်လျှင် ပူးပေါင်းဆောင်ရွက်ပေးရန်၊
၂၄၊ အခွန်အခများနှင့် လိုင်စင်ကြေး
၂၅၊ မီးအာမခံထားရှိခြင်း
၂၆၊ အထူးလျှို့ဝှက်ချက် ထိန်းသိမ်းခြင်း
၂၇၊ လွှမ်းမိုးသော ဥပဒေ နှင့် စီရင်ပိုင်ခွင့်
၂၈၊ လက်မှတ်ရေးထိုးခြင်း
၂၉၊ နောက်ဆက်တွဲ ပစ္စည်းစာရင်း
၃၀၊ နောက်ဆက်တွဲ စျေးနှုန်းသက်မှက်ချက် စာရင်း
စသည်တို့ကို စဥ်းစားရင်း လက်ထဲက ခဲတံလေးနဲ့ A4 စာရွက်ပေါ်မှ အကြမ်းချရေးလိုက်ပါတယ်။
အခြေခံအားဖြင့် စာချုပ်ရေးသားချုပ်ဆိုရာတွင် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၀/ ၄၅၂ နှင့် ၂၀၁၈ ခုနှစ် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ ပုဒ်မ ၁၈ ပုဒ်ခွဲ (က) (ခ) (ဂ) (ဃ) တို့ကို လေ့လာရန် နှင့် ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ၊ ကုန်စည်ရောင်းချခြင်းအက်ဥပဒေ၊ ပဋိညာဉ်အက်ဥပဒေ တို့ကို လေ့လာထားသင့်ပါသည်။
Dealership Contract ချုပ်ဆိုလျှင် သိထားသင့်သည့် အချက်များကို အပြည့်အစုံကို နမှုနာပုံစံများဖြင့် တင်ပြချင်သော်လဲ အကြောင်းအမျိုးမျိုးကြောင့် တင်ပြခွင့် မရသည့်အတွက် စာချုပ်တွင် မဖြစ်မနေ ပါရှိရမည့် အချက်များကို ဗဟုသုရစေရန် မျှဝေလိုက်ပါသည်။
Comments
Post a Comment