ရာဇသတ်ကြီး ၄၉၄
ရာဇသတ်ကြီုးပုဒ်မ ၄၉၄ နဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ
ဥပဒေပုဒ်မ ၁၃ နှစ်ခုစလုံးဟာ ထောင်ဒဏ် ၇ နှစ်ထိချမှတ်နိုင်တဲ့
အမှုများဖြစ်ပါတယ် ခြားနားတာကတော့ ရာဇသတ်ကြီးပုဒ်မ ၄၉၄ဟာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၈ ပါပြဌာန်းချက်အရ
နစ်နာတဲ့သူက တရားလိုပြုလုပ်တိုင်တန်းရမှာဖြစ်ပါတယ် ဒါ့အပြင်
ရာဇဝတ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား(၂)ပါပြဌာန်းချက်
အရ ရဲအရေးမပိုင်တာကြောင့် တရားရုံးကိုဦးတိုက်လျှောက်ထားပြီး
တရားစွဲဆိုရမှာဖြစ်ပါတယ် နောက်ပြီး အာမခံမပေးမနေရဖြစ်တာ
ကြောင့် တရားခံကိုချုပ်နှောင်ခွင့်မရှိပါဘူး ဒါပေမဲ့တရားရုံးရဲ့ခွင့်ပြုချက်အရကျေအေးခွင့်ရှိပါတယ်
ရာဇသတ်ကြီးမဟုတ်တဲ့ အခြားဥပဒေများနဲ့ပတ်သက်လို့လည်း
ရာဇဝတ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား(၂)မှာ ပြစ်ဒဏ်ကို
အခြေပြုပြီး ပြဌာန်းထားပါတယ် တစ်လင်တစ်
မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၃ ဟာထောင်ဒဏ် ၇
နှစ်ထိချမှတ်နိုင်တာကြောင့် အဲဒီဇယား(၂) ပြဌာန်းချက်အရ ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက်ရဲစခန်းမှာတိုင်ချက်ရေးဖွင့်နိုင်ပါ
တယ် အာမခံပေးခွင့်မရှိတာကြောင့် တရားခံကိုချုပ်နှောင်ထားရမှာ
ဖြစ်ပါတယ် နစ်နာတဲ့သူကတိုင်တန်းရမယ် ဘယ်သူကတိုင်တန်း
ရမယ်လို့သတ်မှတ် ပြဌာန်းထားတာမရှိတဲ့အတွက် ဘယ်သူကဖြစ်
ဖြစ်တရားလိုပြုလုပ်တိုင်တန်းခွင့်ရှိပါတယ် အခြားဥပဒေဖြစ်တဲ့အတွက် ကျေအေးခွင့်လည်းမရှိပါဘူး
တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေနဲ့ပတ်သက်လို့
သီးခြားထပ်မံဖော်ပြပါ့မယ်
မိန်းမတစ်ယောက်ရဲ့ ကာယိနြေ္ဒကိုစော်ကားဖို့ ကြံရွယ်တဲ့
စကားများပြေဆိုမှု အသံများပြုလုပ်မှု ကိုယ်အမူအရာများပြုမှု
အရာဝတ္ထုတစ်ခုခုကိုပြမှု မိန်းမတစ်ယောက်ရဲ့ဆိတ်ကွယ်ရာကို
ကျူ းကျော်မှုတစ်ခုခုပြုရင် ရာဇသတ်ကြီးပုဒ်မ ၅၀၉ အရပြစ်မှုဖြစ်ပြီး
အဲဒီလိုပြုမူခြင်းခံရတဲ့ မိန်းမက တရားရုံးရဲ့ခွင့်ပြုချက်အရ ကျေအေး
နိုင်ပါတယ်
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၄၅(၂)အရ တရားရုံးရဲ့ခွင့်ပြုချက်
အရ ကျေအေးနိုင်တဲ့ အမှု (၁၃)မျိုးဟာ အဲဒီဖော်ပြခဲ့တဲ့ အမှုတွေပါ
လင်မယားအဖြစ်ပေါင်းသင်းဆဲမှာနောက်
ထပ်ထိမ်းမြားလို့ရှိရင် အဲဒီထိမ်းမြားမှု ဟာ
အတည်မဖြစ်တဲ့ကိစ္စမျို းမှာ နောက်ထပ်ထိမ်းမြားရင်ပြစ်ဒဏ်ကို
ရာဇသတ်ကြီးပုဒ်မ ၄၉၄ မှာပြဌာန်းထားပါတယ် အဲဒီပြစ်မှုမှာ
ထိမ်းမြားတဲ့သူရဲ့လင် ဒါမှမဟုတ်မယားက တရားရုံးရဲ့ခွင့်ပြုချက်နဲ့
ကျေအေးနိုင်ပါတယ်
အဲဒီပြစ်မှုမျိုးနဲ့ပတ်သက်ပြီး မောင်ကျော်မြင့်နှင့်ပြည်ထောင်စု
ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ပါ(၂) ၁၉၇၉ ခုနှစ်၊ မ .တ.စ၊
စာ ၁၀ စီရင်ထုံးမှာ ဗုဒ္ဓဘာဝင်ယောက်ျားများဟာ မယားကြီးရှိပေမဲ့
နောက်ထပ်အ်ိမ်ထောင်ပြုတာ တရားဝင်တာကြောင့် ဒီပြဌာန်းချက်
နဲ့အရေးမယူနိုင်ကြောင်းဆုံးဖြတ်ခဲ့ပါတယ်
အခုနောက်ပိုင်း ပြည်ထောင်စုလွှတ်တော်က ၂၀၁၅ခုနှစ်၊
ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅၄ နဲ့ တစ်လင်တစ်မယား
စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို ၂၀၁၅ခုနှစ်၊သြဂုတ်လ ၃၁ ရက်
နေ့ကပြဌာန်းခဲ့ပြီး ပုဒ်မ ၁၀ မှာ ဘယ်ဥပဒေ ဘယ်ဘာသာ
ဘယ်ဓလေ့ထုံးတမ်းအရဖြစ်ဖြစ် ထိမ်းမြားပြီးထိမ်းမြားမှုတည်မြဲနေ
ရင် ဒီဥပဒေအာဏာတည်တဲ့အဲဒီနေ့ကစပြီး အခြားသူနဲ့ထပ်မံ
ထိမ်းမြားခြင်း ဒါမှမဟုတ်လင်မယားအဖြစ်တရားမဝင်နေထိုင်
ပေါင်းသင်းခြင်းမပြုရကြောင်း ပြဌာန်းထားပြီး ပြစ်ဒဏ်ကိုတော့
ပုဒ်မ ၁၃ မှာပြဌာန်းထားပါတယ်
ဒါကြောင့်မို့ ထိမ်းမြားမှုတည်မြဲနေစဉ်မှာ ခင်ပွန်း ဒါမှမဟုတ်
ဇနီးက တခြားသူနဲ့နောက်ထပ်ထ်ိမ်းမြားရင် ရာဇသတ်ကြီးပုဒ်မ
၄၉၄ အရပြစ်မှုကျူ းလွန်တာဖြစ်သလို တစ်လင်တစ်မယားစနစ်
ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၃ အရပြစ်မှုကျူ းလွန်တာလည်း
ဖြစ်ပါတယ် အဲဒီလိုပြုလုပ်မှုတစ်ခုဟာ ဥပဒေနှစ်မျိုးနဲ့ပြစ်မှုမြောက်
နေရင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ စိစစ်ဖို့လိုပါတယ်
၁၉၇၃ခုနှစ်၊စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ
၃(ဆ)မှာ ရှေးကျတဲ့ဥပဒေပြဌာန်းချက်တစ်ရပ်နဲ့ နောက်ကျတဲ့
ဥပဒေပြဌာန်းချက်တစ်ရပ်တို့ ကွဲလွဲဆန့်ကျင်နေရင် နောက်ကျတဲ့
ဥပဒေပြဌာန်းချက်က အတည်ဖြစ်စေရမှာဖြစ်ကြောင်းပြဌာန်းထား
ပါတယ် အခုကိစ္စမှာက ဥပဒေနှစ်ခုစလုံးမှာ ထိမ်းမြားမှုတည်မြဲစဉ်
နောက်ထပ်ထိမ်းမြားရင် ပြစ်မှုလို့သတ်မှတ်တာကြောင့် ကွဲလွဲဆန့်
ကျင်ခြင်းမရှိပါဘူး ဒါကြောင့်နောက်ပြဌာန်းတဲ့ဥပဒေပြဌာန်းချက်
တစ်ခုတည်းကသာအတည်ဖြစ်တယ်လို့သတ်မှတ်မရပါဘူး
စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၂၂ မှာ
ပြုလုပ်မှု ဒါမှမဟုတ် ပျက်ကွက်မှု တစ်ခုခုဟာ နှစ်ရပ်ထက်ပိုတဲ့
ဥပဒေများအရ ပြစ်မှုမြောက်နေရင် ပြစ်မှုကျူ းလွန်တဲ့သူကို အဲဒီ
ဥပဒေများအနက် ဥပဒေတစ်ရပ်ရပ်နဲ့သာ တရားစွဲဆိုအပြစ်ပေး
ရမှာဖြစ်ကြောင်း ပြစ်မှုတစ်ရပ်တည်းအတွက် ပြစ်ဒဏ်ကိုတစ်ကြိမ်
ထက်ပိုမခံစေရကြောင်း ပြဌာန်းထားပါတယ်
ဒါကြောင့်ဒီကိစ္စမှာ ဥပဒေတစ်ခုခုနဲ့သာ တရားစွဲဆိုနိုင်ပါတယ်
ဆက်လက်ဖော်ပြပါ့မယ်
Comments
Post a Comment