Franchisingအနှစ်ချုပ်


ငွေရှိပြီး ဘာလုပ်ရမလဲ စဥ်းစားနေသူများတွက် သေချာလေ့လာသင်သော စီးပွားရေးပညာ


Franchise ဆိုသည်မှာ အောင်မြင်နေသောမိမိ၏လုပ်ငန်းကို အခကြေးငွေရယူ၍ အခြားသူတစ်ဦးကို လုပ်ကိုင်ခွင့်ပေးခြင်းဖြစ်သည်။ 

(Franchising) သမိုင်းအလယ်ခေတ်ဥရောပ၌ ပဒေသရာဇ်အရှင်သခင်တို့သည် မိမိနယ်မြေသားများအား အထူးအခွင့်အရေးပေးအပ်လေ့ရှိသည်။ ယင်းတို့တွင် စိုက်ပျိုးမွေးမြူရေးမြေ၌ စိုက်ပျိုးခြင်း၊ ပျော်ပွဲရွှင်ပွဲစီစဉ်ကျင်းပခြင်း၊ ဈေးများဖွင့်လှစ်လုပ်ကိုင်ခြင်း နှင့် ကူးတို့ပို့လုပ်ငန်းလုပ်ကိုင်ခြင်းတို့ပါ၀င်ကြသည်။ ၁၈၅၀ ပြည့်နှစ်များအတွင်း ဆင်းဂါး (Singer) ကုမ္ပဏီက ဆင်းဂါးအပ်ချုပ်စက်လက်လီရောင်းချ ခွင့်ပြုသည့် ဖရန်ချိုက်စ်အစီအစဉ်ကို တီထွင်ကျင့်သုံးသည်။ ယင်းကိုကမ္ဘာပထမဆုံးခေတ်သစ် ဖရန်ချိုက်စ်အဖြစ် အသိအမှတ်ပြုထား ကြသည်။

ဖရန်ချိုက်စ်ပေးခြင်း၏ အခြေခံအချက်များ စားသောက်ဆိုင်ဖရန်ချိုက်စ်များသည် တွေ့ရများပြီး လုပ်ငန်းကဏ္ဍအားလုံး၌ အကြီးဆုံးအုပ်စုဖြစ်သည်။ စုစုပေါင်း စားသောက်ဆိုင်လုပ်ငန်းကို အခြားသော Industry များနှင့် နှိုင်းယှဉ်ကြည့်လျင် အရေအတွက်လေးပုံတစ်ပုံမျသာ ရှိသော်လည်း Total Output  ၏ သုံးပုံတစ်ပုံကို ထုတ် လုပ်ပေးနိုင်သည်။ သို့ဖြစ်ရာ ဖရန်ချိုက်စ်ပြုလုပ်ခြင်းဖြင့်ရရှိလာမည့် ရလဒ်ကို ကြိုတင်မှန်းဆနိုင်ပြီး လက်လီနှင့် ၀န်ဆောင်မှုများ အပါအ၀င် တခြားကဏ္ဍများ၌ ဖရန်ချိုက်စ် လုပ်ငန်းဖွံ့ဖြိုးနိုင်မည့် အခွင့်အလမ်းအမြောက်အမြားရှိနေကြောင်း သိရှိထားသင့်ပါသည်။

ဈေးကွက်​ဝေစုကို တိုးချဲ့နိုင်ရန် ဖရန်ချိုက်စ်ပေး ရာ၌ စဉ်းစားမည့်အချက်များထိန်းချုပ်မှု (Control) ပိုင်ရှင်က လမ်းကြောင်းနှင့် လုပ်ငန်းစဉ်ကို ထိရောက်စွာထိန်း ချုပ်မှုနှင့် ကုန်ကျစရိတ်  (Cost) လုပ်ငန်းတိုးချဲ့နိုင်ရန် ငွေကြေး အပါအ၀င် အခြားအရင်းအမြစ်များ ဈေးကွက်လွှမ်းခြုံမိခြင်း (Coverage) ဈေးကွက်လွှမ်းခြုံမိသည့်မြန်နှုန်းနှင့်အတိုင်းအတာတို့ဖြစ်ပေသည်။ 


#တွေ့ရများသောဖရန်ချိုက်စ်ပေးခြင်းပုံစံများ 


၁။ အပြည့်အ၀လုပ်ငန်းပုံစံဖရန်ချိုက်စ်


၂။ စီမံခန့်ခွဲရေးဆိုင်ရာဖရန်ချိုက်စ်


၃။ ရှယ်ယာတန်ဖိုးဆိုင်ရာဖရန်ချိုက်စ်


၄။ Banner Groups များနှင့်လိုင်စင်များ


၁။ အပြည့်အ၀လုပ်ငန်းပုံစံဖရန်ချိုက်စ် 

      

ဖရန်ချိုက်စ်ပေးသူ (Franchisor) က ဖရန်ချိုက်စ်ရသူ (Franchisee)  အား အောက်ပါတို့ကို လွှဲအပ်ပေးရန် ကာလတို၊ သို့မဟုတ် ရေရှည်သဘောတူ စာချုပ်ချုပ် ဆိုသည်။

က။ လုပ်ငန်းအခွင့်အလမ်း


ခ။ နာမည်ကောင်းနှင့် ကျွမ်းကျင်မှုအားလုံး


ဂ။ သီးသန့်နယ်မြေ/အရပ်ဒေသ၌ အသုံးပြုမှု


ဃ။ ကနဦးဖရန်ချိုက်စ်ပေးငွေနှင့် မူပိုင်ခွင့်အခကြေး ငွေများ (Royalty Fees)

ဤပုံစံသည် အမေရိကန်ပြည်ထောင်စု၌ စောစီးစွာ ပေါ်ပေါက်ခဲ့သော်လည်း ၁၉၄၀ ပြည့်နှစ်များနှင့် ၁၉၅၀ ပြည့်နှစ်များ ရောက်မှသာ အထူးရှင်သန်ဖွံ့ဖြိုး ခဲ့သည်။


၂။ စီမံခန့်ခွဲမှုဆိုင်ရာဖရန်ချိုက်စ် 


ဖရန်ချိုက်စ်ပေးသူ (Franchisor)  က ဖရန်ချိုက်စ် ရသူ (Franchisees)  များအား Branding နှင့် လုပ်ငန်းကျွမ်းကျင်မှုကို လွှဲအပ်သည့်အပြင် လုပ်ငန်းလည်ပတ်လုပ်ကိုင်ရန် စီမံခန့်ခွဲရေး၀န်ထမ်းများကို လည်း ပေးအပ်ခန့်ထားစေသည်။ ဥပမာ- နိုင်ငံတကာ ဟိုတယ်လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Marriott နှင့် ဟိုတယ် အများအပျားကို ဤသို့သောစီစဉ်မှုဖြင့် လည် ပတ်ဆောင်ရွက်သည်။ 


၃။ ရှယ်ယာတန်ဖိုးဆိုင်ရာဖရန်ချိုက် 


ဖရန်ချိုက်စ်ပေးသူက ဖရန်ချိုက်စ်ရသူ၏လုပ်ငန်းတွင် အနည်းစုငွေကြေးရင်းနှီးမြှုပ်နှံရသည်မှာ ထုံးစံဖြစ် သည်။ (ဖရန်ချိုက်စ်ရသူ၏လုပ်ငန်းသည် လက် အောက်ခံဖြစ်သွားသည်)။

များသောအားဖြင့် ဖက်စပ်လုပ်ငန်းသစ်ပုံစံကို တည် ထောင်သည်။

ဖရန်ချိုက်စ်ပေးသူက အနည်းစုရှယ်ယာပိုင်ဆိုင်နေ သည့်တိုင် ဘုတ်အဖွဲ့၀င်ဖြစ်လာနိုင်သည်။

တစ်ခါတရံတွင် အရင်းအနှီးအတွက် ငွေသားထည့် ၀င်ရန် လိုအပ်ချင်မှလိုအပ်ပေလိမ့်မည်။

ဖက်စပ်လုပ်ငန်းသက်တမ်းကို များသောအားဖြင့် ဖရန်ချိုက်စ်သက်တမ်းနှင့် ချိတ်ဆက်ထားသည်။ 


၄။ Banner Groups များနှင့် လိုင်စင်များ 


စာရင်းကိုင်လုပ်ငန်းကွန်ရက်များ   ဥပမာ- စာရင်းစစ်လုပ်ငန်းများဖြစ်ကြသော KPMG၊ Ernst & Young စတိုးဆိုင်လုပ်ငန်းတွဲများ   ဥပမာ- Econ Minimart များကက်တင်းဖရန်ချိုက်စ်  ဥပမာ- Coca-Cola ကုန်အမှတ်တံဆိပ်ဖရန်ချိုက်စ်  ဥပမာ- ဒစ္စနေဇာတ်ကောင်ရုပ်များ တို့ဖြစ်ကြသည်။ 


#အသုံးများသည့်ဖရန်ချိုက်စ်တည်ဆောက်ပုံများ 


၁။ ယူနစ်တစ်ခုဖရန်ချိုက်စ် (Single-Unit Franchise)

ဖရန်ချိုက်စ်ပေးသူက ဖရန်ချိုက်စ်ရသူအား အချိန်တစ်ချိန်၌ ယူနစ်တစ်ခုလုပ်ကိုင်ခွင့်ကိုသာ အပ်နှင်းသည်။ 


၂။ နယ်မြေအလိုက် လုပ်ငန်းလည်ပတ်မှုဖရန်ချိုက်စ် (Area Development Franchise) 

ဖရန်ချိုက်စ်ရသူသည် ရွေးချယ်သတ်မှတ်ထားသောနယ်မြေ (ဥပမာ- မြို့ကြီး၊ နိုင်ငံ၊ ဒေသ) တွင် တိုက်ရိုက်ပိုင်ဆိုင်လုပ်ကိုင်လည်ပတ်ခြင်းအားဖြင့်သတ်မှတ်ထားသောယူနစ်အရေအတွက် တည်ထောင်ပေးရန် တာ၀န်ရှိသည်။ 


(၃) မာစတာဖရန်ချိုက်စ် (Master Franchise)

ဖရန်ချိုက်စ်ရသူသည် ရွေးချယ်သတ်မှတ်ထားသောနယ်မြေ (ဥပမာ-မြို့ကြီး၊ နိုင်ငံ၊ ဒေသ) ၌ သတ်မှတ်ထားသောယူနစ် အ​ရေအတွက်လိုက် ဖွင့်လှစ်ပေးရန်တာ၀န်ရှိသည်။ ယင်းက တစ်ဆင့်ခံ ဖရန်ချိုက်စ် ပေးနိုင်ခွင့်ရရှိသည်။ 


(၄) ကိုယ်စားလှယ်ဖရန်ချိုက်စ် (Representative Franchise)

Franchisor နှင့် Franchisee  ကြား ပေါင်းကူးဆက်သွယ် ပေးထားသူဖြစ်ပြီး လုပ်ငန်းသဘောတူစာချုပ်ရေးထိုးရာတွင်မူ ကိုယ်စားလှယ် Franchise မပါ၀င်ရပေ။ သို့သော် Franchisee ၏ ဈေးကွက်ရှာဖွေရေးလုပ်ငန်း စသည်တို့ ပါ၀င်ဆောင်ရွက်ရပြီး Franchisee ထံမှ အကျိုးအမြတ်ရှယ်ယာရရှိသည်။ 


#ဖရန်ချိုက်စ်တစ်ခု၀ယ်ယူရာတွင်သတိပြုရန်အချက်များ 


သင့်ကျွမ်းကျင်မှုများ၊ လုပ်ဆောင်နိုင်မှုများ၊ စိတ်ထက် သန်ပြင်းပြမှု၊ ငွေရေးကြေးရေးရင်းမြစ်များနှင့် ရည် မှန်းချက်ပန်းတိုင်တို့ကို သိပါစေ။

ထိုလုပ်ငန်းကို နားလည်ပါစေ။

ဖရန်ချိုက်စ်ပေးသူနှင့် သူ၏လက်တွေ့အောင်မြင်ထား ချက်များကို သိပါစေ။

ကြိုတင်ထည့်သွင်းထားရမည့်ရင်းနှီးမြှုပ်နှံမှု၊ လည် ပတ်စရိတ်များနှင့် မမြင်နိုင်သည့်ကုန်ကျစရိတ်များ ကို သိပါစေ။

ဖရန်ချိုက်စ်ပေးသူ၏ဘဏ္ဍရေး အလားအလာခန့်မှန်း ချက်ကိုသာ အားမကိုးဘဲ ကိုယ်တိုင်လည်း အလား တူပြုလုပ်ပါ။

အခြားဖရန်ချိုက်စ်ရသူများ မည်သို့အခြေအနေဖြင့် လုပ်ဆောင်နေကြသည်၊ အဘယ်ကြောင့် စွန့်ခွာသွား ကြသည်ကို သိပါစေ။

နှစ်ဖက်စလုံး၌ တာ၀န်ရှိသူများကို သိပါစေ။

အခြားဖရန်ချိုက်စ်ကမ်းလှမ်းချက်များနှင့် နှိုင်းယှဉ် ကြည့်ပါ။

ပြည်ပဖရန်ချိုက်စ်တစ်ခု ၀ယ်ယူတင်သွင်းခြင်း ေ သတွင်းဖရန်ချိုက်စ် ဥပဒေနှင့် ကိုက်ညီမှုရှိ မရှိ စစ်ဆေးရန်၊ ဖရန်ချိုက်စ်ပြုလုပ်ခြင်း၊ သို့မဟုတ် လုပ်ငန်းအပေါ် အကျိုးသက်ရောက်နိုင်စရာရှိသည့်အခြားဒေသများ ဆိုင်ရာဥပဒေများနှင့် ကိုက်ညီမှုရှိ မရှိစစ်ဆေးရန် (ဥပမာ- ပြိုင်ဆိုင်မှုဥပဒေ၊ ဉာဏပစ္စည်းဥပဒေ၊ ဘာသာရေးဥပဒေ၊ ကန့်သတ်လုပ်ငန်းများ၊ တားမြစ်ကုန် ပစ္စည်းစာရင်းများစသည်) ဒေသတွင်း၌ လိုက်လျောညီအောင် ညှိယူကျင့်သုံးလျင် ဖြစ်နိုင် မဖြစ်နိုင်၊ လက်ခံနိုင်မခံနိုင်စစ်ပါ (မေးရန် မှာ ဖရန်ချိုက်စ်ပေးသူက သူ့လုပ်ငန်းကို ပြည်ပသို့ တိုးချဲ့ထားခြင်းရှိ မရှိ လေ့လာရန်လိုပါသည်)။

အချိန်ဇုန်ခြားနားချက်များ (ယင်းက ၀န်ဆောင်မှုဆိုင် ရာပံ့ပိုးခြင်းအပေါ် အကျိုးသက်ရောက်နိုင်သည်)

ထိမ်ချန်အခွန်များထောက်ပံ့ရေး (တင်သွင်းခြင်း၊ သို့မဟုတ် ဒေသတွင်း မှ ရရှိခြင်း)

အခြားနယ်မြေများ၌ အသုံးပြုခဲ့သောဖွင့်ဟ၀န်ခံချက် စာရွက်စာတမ်းရယူထားပါ။ 


#ဖြစ်ရပ်လေ့လာမှု (၁) 


Wee Nam Kee  ကြက်ဆီထမင်းဆိုင် ကုမ္ပဏီနောက်ခံသမိုင်း

 ၁၉၈၉ ခုနှစ်တွင် စင်ကာပူ၌ လူကြိုက်များသည့် Wee Nam Kee  ကြက်ဆီထမင်းဆိုင်အဖြစ် စတင်ခဲ့ ပြီးနောက်ပိုင်းတွင် နန်ယန်းစတိုင်လ်ချက်ပြုတ်အစား အစာများပါဖြည့်စွက်၍ မိသားစုပိုင်စားသောက် ဆိုင် ဖြစ်သွားသည်။ ကျော်ကြားသွားပုံမှာ စွဲစွဲမြဲမြဲအားပေးသူများတွင် အဆင့်မြင့်အစိုးရအရာရှိများ၊ ဒေသတစ်၀ိုက်က အကျော်အမော်ပုဂ္ဂိုလ်များပင် ပါ၀င်ကြသည်။

FT Consulting အဖွဲ့အကူအညီဖြင့် ဖိလစ်ပိုင်နိုင်ငံ ၌ မာစတာဖရန်ချိုက်စ်ရရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ နို၀င်ဘာလ၌ မက်ထရိုမနီလာ၏ မာကတီမြို့နယ်တွင် ဖရန်ချိုက်စ််ဆိုင်ဖွင့်လှစ်ခဲ့ပြီး နောက်ထပ်ဆိုင်ခုနစ်ဆိုင်  တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။

ဖိလစ်ပိုင်ဈေးကွက်သို့ Wee Nam Kee  ဆိုင်များ တိုးချဲ့ဖွင့်လှစ်နိုင်မှုကပြဆိုသည်မှာ သမားရိုးကျ အစားအသောက်လုပ်ငန်းစီးပွားရေးပုံစံ၏ပုံတူပွားနိုင်မှု၊ ထိန်းချုပ်နိုင်မှု၊ ရေရှည်ထိန်းသိမ်းမှုနှင့် ဈေးကွက်တင် မှုတို့ကို မြှင့်တင်ခြင်းအားဖြင့် ဖရန်ချိုက်စ် အောင်မြင် စွာပေးနိုင်ခြင်းဖြစ်သည်။

သင်ယူစရာအချက်များ

We Nam Kee  လုပ်ငန်းသည် အဓိကလုပ်ကိုင်မှုလုပ် ထုံးများကို စံပြု/ မှတ်တမ်းပြုစုကာ ထိန်းချုပ်နေရာ မ်ား  (Control Points) ကို ဖော်ထုတ်သတ်မှတ် ထားသည်။ ဖရန်ချိုက်စ်ရသည့်ဆိုင်၌ အစားအသောက် အရည်အသွေးကို သေချာဆင့်ပွားနိုင်စေရေးအတွက် ဖြစ်သည်။ မိသားစုလုပ်ငန်းဖြစ်သည်နှင့်အညီ ဖရန်ချိုက်စ်ရသူ ရွေးချယ်ရာ၌ စည်းကမ်းတင်းကျပ်သည်။ ဖရန်ချိုက်စ် ရသူသည် ဖရန်ချိုက်စ်ပေးသူ၏ စည်းမျဉ်းစည်းကမ်း အတိုင်း ရောင်းချရသည်။ ဆိုင်အမှတ်တံဆိပ်ကိုမြှင့်တင်တည်ဆောက်ရန် မပြတ် တမ်းအားထုတ်သည်။ ဖိလစ်ပိုင်သားတို့၏ အွန်လိုင်း Blog တင် ယဉ်ကျေး မှုကို အသုံးချသည်။ ဖိလစ်ပိုင်က ဖရန်ချိုက်စ်ရသူ အနေဖြင့် Facebook  အသုံးပြုမြှင့်တင်ခွင့်ရရှိသည်။ 


#ဖြစ်ရပ်လေ့လာမှု (၂) 


MINOR FOOD GROUP(MFG) ကုမ္ပဏီနောက်ခံသမိုင်း

အာရှပစိဖိတ်ဒေသ၌ အကြီးဆုံးဧည့်၀တ်ကျေပွန်မှုနှင့် အပန်းဖြေလုပ်ငန်းကုမ္ပဏီကြီးတစ်ခုဖြစ်သော Minor International  ၏ ၁၀၀ ရာခိုင်နှုန်းပိုင် လက်အောက်ခံကုမ္ပဏီဖြစ်သည်။ MFG The Pizza Company  ၏ကုန်အမှတ်တံ ဆိပ်ရှင်သာမကဖရန်ချိုက်စ်ပေးသူလည်းဖြစ်သည်။ The Pizza Company ကို ၂၀၀၁ ခုနှစ်၌ ထိုင်း နိုင်ငံတွင် ဖွင့်သည်။၂၀၀၄ ခုနှစ်တွင် နိုင်ငံတကာဖရန်ချိုက်စ်ပေးမှု စတင်သည်။ ၂၀၁၁ ခုနှစ်အထိ ထိုင်း၊ တရုတ်၊ အရှေ့အလယ် ပိုင်းနှင့် ကမ်​ဘောဒီးယား စသည်တို့၌ The Pizza Company  ဆိုင်ပေါင်း ၂၇၇ ဆိုင် (ကုမ္ပဏီပိုင် ၁၇၁ နှင့် ဖရန်ချိုက်စ်ရသူ ၇၃) ရှိသည်။ 


#ဖြစ်ရပ်လေ့လာမှု (၃) 


Thai Express ကုမ္ပဏီနောက်ခံသမိုင်း

စင်ကာပူ၌ ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ကမ်ဘာ့အကြီးဆုံးခေတ်သစ်ထိုင်းစားသောက်ဆိုင်ကွင်း ဆက်လုပ်ငန်းများထဲတွင်တစ်ခုအပါအ၀င်ဖြစ်သည်။ ၂၀၀၈ ခုနှစ်၌ MFG သည် တည်ထောင်သူ Ivan Lee  ထံမှ ထိန်းချုပ်ခွင့်ရရင်းနှီးမြှုပ်နှံငွေကို ၀ယ်ယူ ခဲ့သည်။ယခုအခါ ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည်။ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ တရုတ် စသည် ၌ ၆၉ ဆိုင် ရှိသည်။ 


#ဖြစ်ရပ်လေ့လာမှု (၄) 


SWENSENS ၏ မာစတာဖရန်ချိုက်စ်ရသူ MFG ကုမ္ပဏီနောက်ခံသမိုင်း 


၁၉၈၆ ခုနှစ်တွင် MFG သည် ထိုင်းနိုင်ငံအတွက် ဖရန်ချိုက်စ်ကို ရရှိသည်။

၂၀၀၃ ခုနှစ်၌ အရှေ့အလယ်ပိုင်းနှင့် အာရှတစ်လွှား က ၃၂ နိုင်ငံအတွက် မာစတာဖရန်ချိုက်စ်လုပ်ပိုင်ခွင့် များရရှိသည်။ နှစ် ၄၀ လိုင်စင်ဖြစ်သည်။

၂၀၀၄ ခုနှစ်၌ ပထမဆုံးနိုင်ငံတကာဖရန်ချိုက်စ်ကို စတင်တည်ထောင်သည်။ ထိုင်း၊ ကမ်ဘောဒီးယားနှင့် အရှေ့အလယ်ပိုင်း၌ ကုမ္ပ ဏီပိုင်နှင့် ဖရန်ချိုက်စ်ဆိုင် ၂၃၀ ကျော်ရှိသည်။ 


#မြန်မာပြည်မှာ franchise ယူထားတဲ့ နိုင်ငံတကာ brand ထဲကဆို KFC၊ Pizza Hut၊ Coffee Bean & Tea Leaf ၊ အာရှ brand မှာဆို  Swensen's၊ Marry Brown၊ Manhattan Fish Market၊ Bread Talk၊ Gong Cha စသဖြင့်။ 


Franchising ပေးတဲ့ လုပ်ငန်းရဲ့ ကောင်းကွက်တွေက လုပ်ငန်း လုပ်ပိုင်ခွင့်ရတဲ့သူကစရိတ်စက အကုန်ကျခံရမှာဖြစ်တဲ့အတွက် မိမိလုပ်ငန်းချဲ့ထွင်ဖို့ အပိုအသုံးစရိတ် အများကြီးအကုန်ကျခံစရာမလိုပါဖူး။ 


ဆိုင်ခွဲတွေများလာတဲ့အတွက် Brand Name တစ်ခုတည်ဆောက်ဖို့အတွက်လည်းကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ 


တစ်ဖက် Franchise ယူတဲ့ လုပ်ငန်းရဲ့ ကောင်းကွက်က အောင်မြင်ပြီးသားလုပ်ငန်းတစ်ခုအပေါ်အခြေခံထားတဲ့အတွက် အောင်မြင်မှုကို ခန့်မှန်းရနိုင်မှာဖြစ်သလို လုပ်ငန်းကျရှုံးမယ့်အန္တရယ်ကိုလည်း လျော့ချနိုင်မှာဖြစ်ပြီး လုပ်ငန်းအတွက်လိုအပ်တဲ့ အကူအညီနဲ့ လေ့ကျင့်မှုအတွက်လည်း ငွေပိုကုန်ခံစရာမလိုတော့ပါဖူး။ 


☠ ဟာကွက်ကတော့  အကယ်ရျ် franchise ယူသူက မူလနမူနာ အရည်အသွေး နဲ့ ဝန်ဆောင်မှုကို မထန်းသိန်းနိုင်ရင် မိမိ brand ကို ထိခိုက်စေပါတယ်။ 


☠ တစ်ဖက် franchise ယူတဲ့ဘက်ကလဲ မူဝါဒများကို အမြဲတမ်းလိုက်နာနေရမှာဖြစ်ပြီး သင့်အမြတ်အစွန်းကို franchise ပေးတဲ့ နဂိုလုပ်ငန်းနဲ့ အမြဲမျှဝေရမှာ ဖြစ်ပါတယ်။


👇🏻 အောက်မှာတော့ မြန်မာအတွင်းမှာရှိတဲ့ franchising opportunities သုံးခုကိုမိတ်ဆက်ထားပေးပါတယ်။ 


သူတိူ့ကတော့ Grab & Go၊ City Express and CP Five Starတို့ပဲ ဖြစ်ပါတယ်။ 


ပထမနှစ်ခုကတော့ convenience storeတွေဖြစ်ပြီး CP Five Star ကတော့ ကြက်ကင်၊ ကြက်ကြော်နဲ့ ကြက်အူချောင်းတွေကို takeaway စနစ်နဲ့ရောင်းချတဲ့ဆိုင်ဖြစ်ပါတယ်။  


👉 1. G&G 


G&G မှာ အဓိကအားဖြင့် ရွေးချယ်စရာနှစ်ခုရှိပါတယ်။ 


Take-over နဲ့ conversion ပါ။ 


ပထမတစ်ခု Takeover က ဆိုင်ခန်းနေရာမရှိတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ G&G က ဖွင့်ထားပြီးသားဆိုင်ကို အကုန်လုပ်ပေးပါတယ်။ Franchiseeက ဒီဆိုင်ကိုယူပြီး run ရုံပါပဲ။ 


Conversionကတော့ နေရာအဆင်ပြေတဲ့သူတွေအတွက်ပါ။ သင့်ရဲ့နေရာကို G&G ဆိုင်အဖြစ်ပြောင်းလဲပေးမှာပါ။ 


Take-ove rအတွက်လိုအပ်တဲ့ ရင်းနှိးမြှပ်နှံရမယ့်ပမယဏကတော့ ပိုနည်းပါတယ်။ တဖက်မှာတော့ အမြတ်ငွေခွဲခြင်းက 50-50ဖြစ်ပါတယ်။


Conversion အတွက်မှာတော့ G&G ဟာ gross profitရဲ့ 30% ကိုသာယူပြီး franchise owner ကတော့ 70% ရမှာပါ။ 


အခု franchise fee မယူတဲ့ promotion ကာလရှိပါတယ်။


👉 2. City Express 


City Expressကလည်း ရွေးချယ်စရာနှစ်ခုပေးပါတယ်။ G&G နဲ့တော့ မတူပါဘူး။ 


Owner-operate စတိုးမှာ franchise ယူတဲ့သူတွေက ကိုယ်တိုင် run ရမှာဖြစ်ပြီး၊ company-operate store တွေကိုတော့ City Expressက တာဝန်ယူပေးမှာဖြစ်ပါတယ်။ 


Franchise ပိုင်ရှင်ဟာ အဓိကအနေနဲ့ ရင်းနှီးမြှုပ်နှံသူပါပဲ။ ဒါပေမယ့် ဒီနှစ်ခုလုံးမှာ ဘယ်တစ်ခုကိုရွေးရွေး franchise ယူတဲ့သူကနေရာ provide လုပ်နိုင်ရပါမယ်။ 


( အနည်းဆုံး 600 sqftရှိရပါမယ်၊ ပြီးတော့ မျက်နှာစာကို အနည်းဆုံး10ftလိုအပ်ပါတယ်) 


Company က commission အနေနဲ့ owner-operate မယ်ဆိုရင် 1% on sales(ပထမဆုံးနှစ်အတွက်) နှင့် company-operateမှာဆိုရင် 2% on sales (ပထမဆုံးနှစ်အတွက်) ယူပါတယ်။


Commissionကို ဒုတိယမြောက်နှစ်နဲ့လာမယ့်နှစ်အတွက် 1% စီ တိုးပြီး ယူပါတယ်။(optionနှစ်ခုလုံးအတွက်ပါနော်) 


Company က marketing fee အတွက် 15သိန်းယူပါတယ်။ တကယ်လို့ financing မှာလိုအပ်ခဲ့တယ်ဆိုရင် သင့်ဆိုင်ပေါ်မူတည်ပြီး City Expressက သင်ချေးငွေရယူဖို့ကူညီပေးပါတယ်။ 


👉 3. CP Five Star 


Franchise ယူမယ့်သူက အနည်းဆုံး 10ft×10ft ရှိတဲ့ နေရာရှိရပါမယ်။ 


CP franchise ဆိုင်အဖြစ်ပြောင်းလဲဖို့ franchiseယူတဲ့သူက မိမိဘာသာဆောက်နိုင်သလို၊ CP ကလဲ construction အတွက် တာဝန်ယူပေးနိုင်ပါတယ်။ 


CP ကိုအပ်မယ်ဆိုရင်တော့ အရင်းအနေနဲ့ construction ကုန်ကျစရိတ် အကြမ်းဖျင်း ၃၅ - ၄၅ သိန်းဝန်းကျင် ကုန်ကျမှာပါ။ 


တခြားကုန်ကျစရိတ်ကတော့ franchise ယူတဲ့သူအနေနဲ့ medium-sized freezer လေးတစ်လုံး ဝယ်ရပါမယ်။ 


ကြက်ကင်စက်၊ ကြက်ကြော်စက်၊ ထည့်ဖို့မှန်ဘောင် show - case၊ ဒေတာအချက်အလက်တွေ အတွက် tablet တစ်လုံး စတာတွေကိုတော့ CPက ပေးပါတယ်။ 


G&G ရယ် City Express ရယ်နဲ့မတူတာက CPမှာ training fee ရှိပြီးတော့ စပေါ်ငွေသွင်းဖို့လိုတာပါ။ 


Companyက commission၊ အမြတ်ခွဲဝေခြင်း၊ပြီးတော့ တခြားကုန်ကျစရိတ်နဲ့ စျေးနှုန်းတွေရဲ့ အချက်အလက် အသေးစိတ်ကိုတော့ မပေးပါဘူး။ 

(Franchiseတကယ်ယူဖြစ်ပြီဆိုမှ ဒါတွေသိရမှာပါ။)


References: 


https://www.toppr.com/guides/business-environment/emerging-trends-in-business/franchising/  


https://www.facebook.com/Start-A-Business-Guide-124189218291249/ 


CEO Journal. 


Franchising စာချုပ်နမှုကို လေ့လာကြည့်လိုပါက အောက်က link ကို ဝင်ရောက်လေ့လာနိူင်ပါသည်။

https://yesc.org.mm/franchise-contract-format 


Lawyer's Handbook

Comments