ယာယီတားဝရမ်း
ယာယီတားဝရမ်း
လျှောက်ရင် ▪️အမိန့် ၃၉ ၊ နည်း (၁)၊
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၅၂/၅၃။
ယာယီတားဝရမ်းက တရားမကြီးမှု စွဲဆိုရင်း နောက်ဆုံး စီရင်ချက်မချမီ လျှောက်လို့ လျှောက်တာကို တရားမကြီးမှုမှာပဲ တွဲထားပါတယ်။ အမှုဖြစ်ပစ္စည်း ဖြုန်းတီး၊ ပျက်စီး ၊ မပြောင်းလဲ ၊ မရောင်းချ ၊ မထုခွဲအောင် လျှောက်တာ ။ တနည်းပြောရရင် ခေတ္တတားမြစ် ခိုင်းတာပါ။ မဆုံးဖြတ်မီအထိသာ အတည်ဖြစ်ပါတယ်။ ယာယီတားဝရမ်းက အမိန့်ချိုးဖောက်ရင် အမိန့် ၃၉ ၊ နည်း (၂)(၃)အရ အရေးယူနိုင်သလို၊ အရေးယူခံရတဲ့သူရဲ့ပစ္စည်းကို ဝရမ်းကပ်ခွင့်ရှိတဲ့အပြင် တရားမထောင် (၆)လအထိ ချနိုင်ပါတယ်။
ထာဝရတားဝရမ်းက သီးခြားတရားမမှုကြီး စွဲဆိုတာဖြစ်လို့ အမှုတွဲတစ်တွဲသီးသန့်ဖြစ်ပါတယ်။ မပြောဖို့ ၊ မလုပ်ဖို့ အမြဲတားမြစ်တာဖြစ်လို့ အပြီးသတ်စီရင်ချက် ချပေးမှ ထုတ်ပေးတာပါ။ ထာဝရတားဝရမ်းက အမိန့်ချပြီးနောက်ပိုင်း ထာဝစဉ်တည်မြဲပါတယ်။ ကမ္ဘာတည်သရွေ့ပေါ့။ အမိန့်မနာခံတဲ့သူက တရားရုံး မထီမဲ့မြင်အရ စွဲနိုင်ပါတယ်နော်။
ယာယီတားဝရမ်းကို -
👉အမွေထိန်းစာရုပ်သိမ်းရင် လျှောက်မရပါ👈
🔺လင်ယူဟောင်ပါ၂နှင့် လင်ယူကောက်(ခ)ဦးကောက်၊ ဗဟိုတရားရုံး၊ တရားမအထွေထွေအယူခံမှုအမှတ်၄၅/၇၈🔺
👉အငြင်းပွါးတဲ့ပစ္စည်းဟာ မြေဖြစ်ရင်လျှောက်မရ👈
🔺ဦးတင့်ဆွေပါ၂နှင့် ဒေါ်အမာ၊ ၁၉၈၅ခုနှစ်၊ မတစ၊ စာ - ၆၄🔺
👉ငွေတောင်းတဲ့မှု လျှောက်မရ👈
🔺ကိုကျော်ဇောပါ၂ နှင့်ဦးခင်မောင်ဗိုလ်၊ ၁၉၈၂ခုနှစ်၊ မတစ၊ စာ-၁🔺
👉စာချုပ်ပျက်ပြယ်စေတဲ့အမှုမှာ လျှောက်မရ👈
🔺ဒေါ်အေးအေးကြိုင်နှင့် ဒေါ်သိန်းထွေး၊ ၁၉၉၀ခုနှစ်၊ မတစ၊ စာ- ၁၅၀🔺
👉ယာယီတားဝရမ်းကို အမှုသည်ပဲ ထုတ်ခွင့်ရှိ၊ အမှုသည်မဟုတ်တဲ့ တစိမ်းတရံအပေါ် ထုတ်ခွင့်မရှိ👈
🔺ဦးကျော်မြင့်နှင့် မစ္စတာရှိတ်မိုဟာမက်(ခ)ဦးသိန်းဟန်ပါ၂၊ ၁၉၆၆ခုနှစ်၊ မတစ၊ စာ- ၁၀၅၁🔺
👈အဆိုလွှာပြင်ရုံနဲ့ မူလက ခွင့်ပြုထားတဲ့ ယာယီတားဝရမ်းကို ရုပ်သိမ်းခွင့်လည်းမရှိပါ👉
🔺ဦးဉာဏ်နှင့်ဒေါ်စန်း(ခ)ဒေါ်စန်းရီ၊ ၁၉၇၇ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၉၇(ဗဟိုတရားရုံး)🔺
👉တရားရုံး တရုံးက အခြားတရားရုံးမှာ ဆောင်ရွက်နေတဲ့ ဇာရီမှုကို တားဝရမ်းထုတ်ပြီး ဆိုင်းငံ့ဖို့ အာဏာမရှိ👈
🔺ဒေါ်မမပါ၂ နှင့် ဒေါ်ရင်မေ၊ ၁၉၇၉ခုနှစ်၊ မတစ၊ စာ -၉၃🔺
👉ယာယီတားဝရမ်းကို တရားလိုအတွက် ပြုပြင်မရတဲ့ ဆုံးရှုံးမှု မဟုတ်ရင် မထုတ်ရ👈
🔺ဒေါ်ကူဒီပါ၅နှင့် ဦးမောင်တင်၊ ၁၉၈၀ခုနှစ်၊ မတစ၊ စာ-၃၆🔺
👉ယာယီတားဝရမ်းအမိန့် မကျေနပ်ရင် အမိန့် ၄၃၊ နည်း(၁)(၃)အရ အယူခံတက်(ပြင်ဆင်မဟုတ်)👈
🔺ဟာရှင်မန်စာ(ခ)ဦးဘရှင်နှင့်အိပ်(ချ်)အေဟာဆန်ပါ၃၊ ၁၉၇၃ခုနှစ်၊ မတစ၊ စာ- ၃၈၀
▪️အယူခံဝင်ရင် တရားမအထွေထွေအယူခံမှုအဖြစ်တင်ရမယ်▪️
Comments
Post a Comment