ချေလွှာတင်ရန်ပျက်ကွက်ခြင်း


#၁။ တရားရုံးတွင် တွေ့ရလေ့ရှိသော အမှုမဲ့အမှတ်မဲ့ ကိစ္စများထဲမှ တစ်ခု - အမှုတွင် ချေလွှာတွင် လိုအပ်သော အချက်အလက်များ ရေးသားရန် လျောက်ထားမှုများ မပြုလုပ်ရသေးဘဲ အမှုရုံးချိန်း ချိန်းဆိုချိန် တရားရုံးနေစဉ်မှတ်တမ်းတွင် ချေလွှာတင်ရန်လို့ ဖော်ပြလာလျင် လက်ခံ သင့်သလား သိုမဟုက် တရားပြိုင်ဘက်မှ တင်ပြရန်လို့ပြန်ချိန်းရန် လျှောက်ထားသင့်သလား?


ချေလွှာနှင့် ပတ်သက်၍ ကျင့်ထုံး အမိန့် - ၈ ။      

နည်းဥပဒေ - ၁ ။      ။   ချေပလွှာ ။

                      တရားမကြီးမှု၌ တရားစွဲဆိုခံရသော တရားပြိုင် အနေဖြင့် အမှုကို စစ်ဆေးကြားနာနေခြင်း မပြုရ သေးမီ သို့မဟုတ် စစ်ဆေးကြားနာနေချိန်၌ ဖြစ်စေ၊ သို့မဟုတ် ရုံးတော်၏ခွင့်ပြုထားသည့်အချိန်အတွင်း တရားလို၏ တရားစွဲဆိုလွှာပါ အချက်အလက်များကို တပိုဒ်ပြီး တပိုဒ်ချေပရမည်။ ထို့ပြင် မိမိတရားပြိုင်ဘက်မှ အထူးတင်ပြတောင်းဆိုလိုသော အချက်အလက်များရှိလျှင်လည်း တပိုဒ်စီဖေါ်ပြ၍ အမှတ်စဉ်တပ်ပြီး ယင်း ချေပလွှာမှာပင် ခုခံတင်ပြသွားနိုင်သည်။ ထိုသို့ခုခံချက်ကို ချေပလွှာဟုခေါ်သည်။

စိီရင်ထုံး။    ။   ဒေါ်စောဥာဏ်နှင့်မလှကျင် ။ ၁၉၆၆ ။ မ ၊ တ ၊ စ (ရုံးချုပ်) စာ ၇၆၀ ။

                                                         

ချေပလွှာ 


၁ ။     တရားပြိုင်သည် မိမိ်၏ခုခံချေပချက်အတွက် ချေလွှာက်ို ပထမအကြီမ် အမှုကြားနာသည့်အခါဖြစ်စေ၊ ထို သို့ကြားနာခြင်းမပြုမီ ဖြစ်စေ၊ တရားရုံးက ခွင့်ပြုသည့်အချိန်အတွင်းဖြစ်စေ တင်သွင်းနိင်သည်၊ တရားရုံးက ဆင့် ဆိုလျှင် တရားပြိုင်သည် မိမ်ိ၏ခုခံချေပချက်အတွက် ချေလွှာကို တင်သွင်းရမည်၊ 

        ချေလွှာကို တရားပြိုင်က ကိုယ်တိုင်ကိုယ်ကျဖြစ်စေ၊ ၄င်းကိုယ်စားနည်းလမ်းတကျခန့်ထားသောကိုယ် စားလှယ်ကဖြစ်စေ၊ တင်သွင်းရမည်။ အခြားသူက တင်သွင်းခွင့်မရှိ၊ 

        တရားရုံးက တင်းသွင်းရန် ဆင့်ဆိုခြင်းမရှိလျင် တရားပြိုင်သည်ချေလွှာကို အမှုပထမဆုံးအကြိမ် ကြားနာ သည့်နေ့မတိုင်မီ သို့မဟုတ် တရားရုံးကသတ်မတ်သည့်နေ့တွင် မိမ်ိသဘောအတိုင်း တင်သွင်းနိုင်သည်၊ တရားရုံးက သတ်မတ်ပေးသည့်နေ့တွင် တင်သွင်းရန် ပျက်ကွက်ပါက ချေလွှာတင်သွင်းခွင့်ဆုံးရှုံးသည်၊ (မောင် သာဌေး နှင့်ဦးခင်မောင်မြင့် ၁၉၈၉မတစ ၇၀)၊ 


       တရားမမှုများတွင် တရားပြိုင်သည်ချေလွှာတင်သွင်းနိုင်သည်၊ တင်သွင်းသောချေလွှာကို တရားရုံးက လက်မခံဘဲနေနိုင်ကြောင်း ပြဌါန်းချက်မရှိ၊ ( ဦးလှအောင် နှင့် ဦးခင်အောင် ၁၉၇၉ မတစ ၁၀၁)၊ 


       တရားရုံးက ဆင့်ဆိုလျင် တရားပြိုင်သည်ချေလွှာတင်သွင်းရန် တာ၀န်ရှိသည်၊ ချေလွှာကို အပိုင်းခွဲ၍ တစ်စစီတင်သွင်းခွင့်မရှိ၊ (ဒေါ်စောညွန့်နှင့် မလှကျင် ၁၉၆၆မတစ ၇၆၀)၊ 


၂။ ချေလွှာတင်သွင်းရန်ပျက်ကွက်ခြင်း၊


       ချေလွှာတင်သွင်းရန် ပျက်ကွက်ခြင်းသည် အဆိုလွှာပါအကြောင်းအရာများကို ၀န်ခံရာမရောက်ချေ၊ (အေ အိုင်အာ ၁၉၃၅ ပတ္တနာ ၃၀၆)၊


ချေလွှာတင်သွင်းရန် ပျက်ကွက်ပါက ချေလွှာတင်သွင်းခွင့်ဆုံးရှုံးသည်၊ သို့ရာတွင် အမှုနှင့် ဆက်စပ်ဆောင်ရွက်ခွင့်ရှိသည်၊ (မောင်သာဌေး နှင့် ဦးခင်မောင်မြင့် ၁၉၈၉မတစ ၇၀)၊ 


တရားပြိုင်သည် ချေလွှာတင်သွင်းရန် ပျက်ကွက်သဖြင့် တရားရုံးက ချေလွှာတင်သွင်းခွင့်မပြုတော့လျင် ယင်းတရားပြိုင် သည် အမှုတွင် ခုခံချေပခွင့် ဆုံးရှုံးရတော့မည်သာဖြစ်သည်၊ ချေလွှာတင်သွင်းခွင့်မရတော့သောတရားပြိုင်အား သက်သေပြခွင့်ပေးလျင် ချေလွှာတင်ရန် ပျက်ကွက်သည့်အတွက် ပြစ်ဒဏ်ခတ်ခြင်းမှာ အချီးနှီးပင်ဖြစ်ပေလိမ့်မည်၊(ဦးတင်ထွန်း နှင့် ဦးစိန်၀င်း ၁၉၈၆မတစ ၁၄၃)


၃။  ချေလွှာတင်သွင်းရန်ပျက်ကွက်သည့်အခါ ဆောင်ရွက်ရန်နည်းလမ်း

       ချေလွှာတင်ရန်ပျက်ကွက်ပါက တရားရုံးသည်ချေလွှာတင်ရန် ပျက်ကွက်ကြောင်း မှတ်တမ်းတင်ပြီး အမှု ကို ဆက်လက်ဆောင်ရွက်ရန်ဖြစ်သည်၊  (ဒေါ်သန်းတင် နှင့် ဦးချိန်ဘွန်ရှောင် ၁၉၇၉ မတစ ၁၀၆) ၊- ဦးဘရွှေ နှင့် ဒေါ်လှအေး ၁၉၇၈မတစ၈၃)၊


#၂။ တရားပြိုင်ဘက်မှ ချေလွှာမတင်မီ ဘာတွေလျောက်ထားသင့်သလဲ?


တရားပြိုင်ကို သမ္မန်စာချပြီးတဲ့နောက်သမ္မန်စာအတည်ပြုပြီးဖြစ်လျင် တရားပြိုင်အနေနဲ့ရုံးချိန်းရက်ကိုသွား ရောက်ဘို့လိုအပ်ပါသည်။ တရားပြိုင်အနေနဲ့ဆိုလွှာရရှိပြီးတဲ့နောက်မှာ ချေလွှာတင်သွင်းရန်ဖြစ်ပေမဲ့ချေလွှာ မတင်သွင်းခင် အောက်ပါလုပ်ဆောင်ချက်တွေ လုပ်ဆောင်ခွင့်ရှိပါတယ်။

         ၁ ။   စာရွက်စာတမ်းများကို ကြည့်ရှုစစ်ဆေးခြင်း။

         ၂ ။   မေးခွန်းများမေးမြန်းခြင်း။

         ၃ ။   သာလွန်ကောင်းမွန်သောအချက်အလက်များတောင်းခံခြင်း။


 

#၁။ (အမိန့် ၁၁ နည်း ၁၅) အရ စာရွက်စာတမ်းများကြည့်ရှုစစ်ဆေးခြင်း။

        တရားပြိုင်ဘက်အနေနဲ့ချေပလွှာမတင်သွင်းမီ ဆိုလွှာမှာပါရှိတဲ့အားကိုးအားထားစာရင်းမှာ ဖေါ်ပြတဲ့စာ ရွက်စာတမ်းအထောက်အထားတွေကို ကြည့်ရှုစစ်ဆေးလိုကြောင်း လျှောက်ထားတောင်းဆိုနိုင်တယ်။  


#၂။ (အမိန့် ၁၁၊ နည်း ၁) အရ မေးခွန်းများမေးခြင်း။

      တရားပြိုင်အနေနဲ့ချေပလွှာမတင်သွင်းမီ တရားလိုကို မေးခွန်းများဖြေဆိုရန်အတွက် မေးခွန်းလွှာဖြင့် ရေး သားတင်သွင်း၍ လျှောက်ထားမေးမြန်းနိုင်ပါသည်။ဒီအခွင့်ရေးဟာ တရားလိုဘက်မှလည်း မေးခွင့်၇ှိပါတယ်။ မေးခွန်းလွှာကိုတင်သွင်းရာမှာ ရုံးတော်ရဲ့ခွင့်ပြုချက်ရမှသာ ဆောင်ရွက်နိုင်ပါတယ်။ မေးခွန်းမေးရာမှာ အကြောင်းမရှိဘဲဖြစ်စေ၊အနှောက်အယှက်ပြုလိုတဲ့အကြောင်းနဲ့ဖြစ်စေ မေးမြန်းတာမျိုးဆိုရင် ကုန်ကျစရိတ် ကို တာ၀န်ရှိသူ အမှုသည်က ကျခံစေရတယ်။  ( အမိန့်၁၁။ နည်း ၃ ) မေးခွန်းဟာ အသရေပျက်စေတာမျိုး ဒါမှ မဟုတ် မစပ်ဆိုင်တာမျိုး ဒါမှမဟုတ် သဘောရိုးနဲ့မေးတဲ့မေးခွန်းမျိုးမဟုတ်ရင်ဖြစ်စေ၊ အခြားအကြောင်း ကြောင်ြ့်ဖစ်စေ။ ဖြေဆိုဘို့ငြင်းဆိုရင် ကတိသစ္စာပြုလွှာ ပြုလုပ်ကန့်ကွက်ရပါတယ်။(အမိန့်၁၁ နည်း ၆ )   ကန့်ကွက်တဲ့အခါမှာ မေးခွန်းတွေကို မေးခွင့်ရပြီး ရရက်အတွင်း ကတိသစ္စာပြုလုပ်ပြီး စာဖြင့်ရေးသားကန့် ကွက်ရတယ်။တရားရုံးက မေးခွန်းတွေကို ပယ်နိုင်တယ်။ သို့မဟုတ်ထုတ်ပယ်နိုင်တယ်။ (အမိန့်၁၁ နည်း ၇ ) 


(အမိန့် - ၁၁ ၊ နည်း - ၁၁) တွင်   မေးမြန်းခြင်းခံရသူတစ်ဥိးဦးမဖြေဆိုလျင် သို့မဟုတ် မလုံမလောက်ဖြေဆိုလျင် ထိုသူအား ဖြေဆိုရန်သို့ မဟုတ် ထပ်မံဖြေဆို၇န် ဆင့်ဆိုသည့်အမိန့်ချမှတ်ပေးစေရန် အလို့ငှာ မေးမြန်းသူအမှုသည်က တရားရုံးသို့ လျောက်ထားနိုင်သည်၊ ထိုသို့ဖြေဆိုရန် အလို့ငှာ အဆိုပါ မေးမြန်းခြင်းခံရသူအား ဆင့်ဆိုသည့်အမိန့်ချမှတ် ရာ၌ တရားရုံးက ညွှန်ကြားသည့်အတိုင်း ကျမ်းကျိန်လွှာဖြင့်ဖြစ်စေ၊နှုတ်ဖြင့်အမေးအဖြေပြုလုပ်သည့် နည်းဖြင့် ဖြစ်စေ ဖြေဆိုရန် သို့မဟုတ် ထပ်မံဖြေဆို၇န် ဆင့်ဆိုချမှတ်နိုင်သည်၊ 


ဥပဒေသဘော

      မေးမြန်းခြင်းခံရသူသည် မေးခွန်းကို ဖြေဆိုသင့်မသင့် တရားရုံးက ဤနည်းဥပဒေအရသာ ဆုံးဖြတ်ရန်ဖြစ် သည်၊ မေးမြန်းသည့်မေးခွန်းများကို ဖြေကြားစေရန် သို့မဟုတ် ထပ်ဆင့်ဖြေကြားစေရန် ဤနည်းဥပဒေအရ အမိန့်ချမှတ်ရန်ဖြစ်သည်၊(A.I.R. ၁၉၂၆ All. ၅၅၃.)၊ 


ဤနည်းဥပဒေအရ အမိန့်ချမှတ်ခြင်း မပြုလျင် ပျက်ကွက်သည့်အမှုသည်အား နည်း ၂၁အရ အရေးယူဆောင်ရွက်ခြင်းမပြုနိုင်။ နည်း ၁ အရ မေးမြန်း ချက်များကို ပေးအပ်ခွင့်ပြုခြင်းသည် ဤနည်းဥပဒေအရ မေးမြန်းချက်များကို ဖြေကြားစေရန် အမိန့်မဟုတ် (A.I.R. ၁၉၄၇ All. ၃၄၃)၊ 


      မေးမြန်းချက်များကို ထပ်မံဖြေကြားစေရန် လျောက်လွှာ၌ ထပ်ဆင့်ဖြေကြားစေလိုသောမေးမြန်းချက်ကိုဖြစ်စေ၊ မေးမြန်းချက်၏အစိတ်အပိုင်းများကို ဖြစ်စေ၊ သီးခြားဖေါ်ပြ၇န် တောင်းဆိုနိူင်သည်။ မေးမြန်းချက်အားလုံးကို နည်းလမ်းတကျကန့်ကွက်ထားရာတွင် အားလုံးကို ဖြေကြားရန် တောင်းဆိုနိုင်သည်၊

                                            

မလုံမလောက်ဖြေဆိုခြင်း

        ယေဘူယျဥပဒေသမှာ မေးမြန်းချက်များကို လုံလုံလောက်လောက်ပြည့်ပြည့်စုံစုံ ဖြေကြားရမည်။ ဤအဆင့်တွင် လုံလုံလောက်လောက်ဖြေကြားခြင်း ပြုမပြု စိစစ်ရန်ဖြစ်သည်၊ ဖြေကြားချက်မှန်မမှန် စိစစ်ရန်မ ဟုတ်၊ အဖြေသည် မေးသောမေးခွန်း၏အဖြေဖြစ်ရမည်။ ၇ှင်းလင်းချက်မထည့်လျင် ပြည့်စုံမည်မဟုတ်လျင်ဖြစ် စေ၊ တလွှဲတချော်တွေး၇န် အကြောင်းရှိလျင်ဖြစ်စေ၊ မတရားဖြစ်စေမည်ဖြစ်လျင် ၇ှင်းလင်းချက်ထည့်နိုင်သည်၊ သို့ဖြစ်ရာ အမှုသည် တစ်ဦးအား ” ဤမည်သောကျမ်းကျိန်ချက်ကို ပြုလုပ်ခြင်း မရှိခဲ့သလော” ဟု မေးရာတွင် အမေးခံရသူက ယင်းကျမ်းကျိန်ချက်ကို ပြုလုပ်မိကြောင်း ၊ သို့ရာတွင် မမှန်ကြောင်း တွေ့ရှိရသည်ကို ဖြေကြား နိုင်သည်၊ သို့ရာတွင် စပ်ဆိုင်ခြင်း သို့မဟုတ် အခြားနည်းဖြင့် ကန့်ကွက်ဘွယ် ဖြစ်သောအကြောင်းအရာကို ထည့်ထားသောကြောင့်အဖြေမှာ အနှောက်အယှက်ဖြစ်စေပြီး မေးမြန်းသူအား မ စပ်ဆိုင်သောအကြောင်းအရာများနှင့်ပါ လုံးထွေးအသုံးပြုရမည့်အခြေသို့ရောက်ရှိနေပါမူ ဖြေကြားချက်ကို မလုံ လောက်ဟု ယူဆမည်ဖြစ်၍ နောက်ထပ်ဖြေကြားစေရန် အမိန့်ချမှတ်မည်ဖြစ်သည်၊

                                                                  

#၃။ ( အမိန့် ၆ ၊ နည်း ၅ ) အရ သာလွန်ကောင်းမွန်သောအချက်အလက်များတောင်းခံခြင်း။

        တရားစွဲဆိုလွှာ အဆိုလွှာမှာပါတဲ့အကြောင်းအရာတစ်စုံတစ်ရာကို ပိုပြီးကောင်းမွန်တဲ့ အသေးစိတ် အချက်အလက်တွေဖေါ်ပြပေးဘို့လျှောက်ထားခွင့်ရှိတယ်။ ( အမိန့် ၆ ၊ နည်း ၅ ) ၊ ဆိုလွာမှာ  လိုရင်း ကိုတိတိကျကျဖေါ်ပြဘို့တာ၀န်ရှိပါတယ်။အငြင်းပွားတဲ့ကိစ္စကို တရားရုံးက တရားနည်းလမ်းတကျ မှန်မှန် ကန်ကန် ဆုံးဖြတ်နိုင်ဘို့ တင်ပြထားတဲ့အချက်အလက်တွေဟာ မရှင်းလင်း မပြည့်မစုံဖြစ်နေတယ်ဆိုရင် ဒီထက်ကောင်းမွန်ပြီး ပြည့်စုံအောင် တင်ပြစေဖို့ပါဘဲ။ ပိုမိုကောင်းမွန်တဲ့အချက်အလက်တွေ တင်ပြဖို့အတွက်တရားရုံးက အမိန့်ချမှတ်ထားပြီးဖြစ်ပေမဲ့တရားလိုဘက်ကပျက်ကွက်ရင် တရားလိုရဲ့အမှုကို ရပ်ဆိုင်း ထားမှာဖြစ်တယ်။ 


ဥပဒေသဘော

        နည်းဥပဒေ ၄ အရ ဖေါ်ထုတ်တင်ပြရန်ရှိသော အသေးစိတ်အချက်အလက်များကို အဆိုအချေတွင် ဖေါ် ထုတ်ရန် ပျက်ကွက်လျင် ပိုမိုပီပြင်ကောင်းမွန်သောအချက်အလက်များ ဖေါ်ပြစေရန် တဘက်အမှုသည်က နည်းဥပဒေ ၅ အရ လျှောက်ထားနိုင်သည်၊ ရည်ရွယ်ချက်ကို နည်း ၄ တွင် ဖေါ်ပြပြီးဖြစ်သည်၊ တဘက်အမှု သည်အနေဖြင့် မိမိ၏ရင်ဆိုင်ရမည့်အမှု၏သဘောသဘာ၀ကို သိရှိစေရန်အလို့ငှာအမှုသည်များသည် မိမိအမှု များအကြောင်းရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံဖေါ်ပြခြင်းရှိမရှိ စိစစ်ရန် တရားရုံးတွင် တာ၀န်ရှိသည်။(အေအိုင် အာ ၁၉၄၁ အောက်၄၅၇)


အဆိုအချေတို့သည် တိကျမှုမရှိလျင် စပ်ဆိုင်မှုမရှိသော သက်သေခံချက်ကို ပယ်ရာ တွင် အခက်အခဲတွေ့ရမည်ဖြစ်၍ အချိန်အလဟဿ ကုန်ပေလိမ့်မည်၊ (အေအိုင်အာ ၁၉၂၄ အလာဟာဘတ် ၁၇)


ထိုအခါ အသေးစိတ်အချက်အလက်များ ဖေါ်ထုတ်စေရန် သို့မဟုတ် အဆိုလွှာကို ပြင်ဆင်စေရန် ဆင့်ဆို ရန်ဖြစ်သည်၊(အေအိုင်အာ ၁၉၃၁ ကာလကတ္တား ၆၅၉)


အချက်အလက်များအတွက် လျှောက်ထားခြင်း 

      ဤနည်းဥပဒေအရ လျှောက်လွှာတွင် ရလိုသောအချက်အလက်များကို ဖေါ်ပြရမည်၊ လျှောက်လွှာအတွက် တရားစရိတ်များကိုလည်း တောင်းဆိုရမည်၊ အချိန်ကာလကန့်သတ်မှုမရှိသော်လည်း လိုအပ်မှုပေါ်ပေါက်ပြီး နောက် သင့်တင့်သောအချိန်အတွင်း လျှောက်ထားရမည်၊ မလိုအပ်ဘဲ ကြန့်ကြာမှုရှိလျှင် လျောက်လွှာကို ငြင်းပယ်နိုင်သည်၊ ချေလွှာတင်သွင်းရုံမျှဖြင့် အချက်အလက်တောင်းခံရန် လျှောက်ထားခွင့်ကို တရားပြိုင်က စွန့်လွှတ်ရာမရောက်ပေ၊ (တရားမကျင့်ထုံးဥပဒေ)


        ယေဘူယျအားဖြင့်ဆိုလျင် တဘက်အမှုသည်က သက်သေပြရန်ဖြစ်ကြောင်း သို့မဟုတ် ဆန့်ကျင် ဘက်အမှုသည်၏ စွပ်စွဲချက်ကို ငြင်းရုံသာငြင်းသော အကြောင်းခြင်းရာများ သို့မဟုတ် အကြောင်းအရာများနှင့် စပ်လျဉ်း၍ အချက်အလက်များတင်ပြရန် အမိန့်ချမှတ်မည်မဟုတ်၊(တရားမကျင့်ထုံးဥပဒေ)

Comments