လယ်ခွန်၊ မြေခွန်


လယ်ယာမြေနဲ့ပတ်သက်ပြီး ရှင်းပြရမည်ဆိုလျှင် လယ်ယာ မြေမှာ လယ်ခွန်၊ မြေခွန် ပုံစံ(၁၀)ဖြင့်် တရား၀င် မှတ်ပုံတင် အရောင်းအ၀ယ်လုပ်လို့မရပါဘူး။ အချို့နေရာများတွင် ကျေးရွာဥက္ကဌ၏ရှေ့တွင် ရောင်းသူ၊ ၀ယ်သူ၊ သက်သေ(၂)ဦးလက်မှတ်ထိုးရောင်းချပါသည်။ ကျေးရွာဥက္ကမှတဆင့် လယ်မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကို တင်ပြပါသည်။ ထိုအခါ နောက်နှစ် လယ်ယာမြေအခွန်ကောက်ခံ တဲ့အချိန်တွင် ၀ယ်သူအမည်ဖြင့် လယ်ယာမြေ ပြေစာထွက်လာပါသည်။ ထိုကဲ့သို့ အရောင်းအ၀ယ်ပြုလုပ်ကြခြင်းရှိပါတယ်။ 

လယ်ခွန်၊ မြေခွန် ပုံစံ(၁၀)ရပြီးလျှင် လယ်မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)လျှောက်ထားရပါသည်။ ပုံစံ(၇)ရလျှင် လယ်ယာမြေလုပ်ခွင့်ရပါပြီး တနည်းအားဖြင့် တရား၀င်မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ်ချုပ်ဆို၍ အရောင်းအ၀ယ် လုပ်လို့ရပြီဖြစ်ပါသည်။ ပုံစံ(၇)ရပြီး အချိန် နည်းနည်းကြာလျှင်တော့ အခြားနည်းသုံးစွဲခွင့် (လ/ယ ၃၀) လျှောက်ထားလို့ရပါသည်။ အခြားနည်းသုံးစွဲခွင့် ရရှိသည့်အခါ ကြိုက်သလို ရောင်းချခွင့်၊ အိမ်ဆောက်ခွင့်ရရှိသွားပြီဖြစ်ပါသည်။ 

တင်ပြရတဲ့အဆင့်တွေကတော့ ရပ်ကွက်/ကျေးရွာ၊ မြို့နယ် ၊ခရိုင်၊ တိုင်းနဲ့ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ထံက ခွင့်ပြုချက်ရတဲ့အထိ တင်ပြရပါတယ်။ ဗဟိုရဲ့ခွင့်ပြုချက်အရ အခြားနည်းသုံးစွဲခွင့် ရပြီဆိုရင် နိုင်ငံတော်ကသတ်မှတ်နှုန်းထားအတိုင်း ငွေသွင်းရပါတယ်။ အခွန်ဆောင်စရာ မလိုပါ။ ထို့ကြောင့် ပုံစံ(၇)ရရှိမှ ၀ယ်ယူသင့်ပါသည်။

Comments