Notary Public ဆိုတာ


NOTARY PUBLIC (နိူတြီပဗ္ဗလစ်) ဆိုတာဘာလဲ ?


မြန်မာနိူင်ငံ သို့ နိူင်ငံခြားသားများလာရောက် ကြသလို မိမိ နိုင်ငံသားတွေလဲသူများနိူင်ငံသို့အကြောင်းအမျိုးမျိုး နဲ့သွားလာသူများလည်းများပြားလာသည်။နိူင်ငံသားစီစစ်ရေး ကဒ်ပြား အိမ်ထောင်စုစရင်းကဒ်ပြား တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် ဘွဲ့လက်မှတ် ဘွဲ့လွန်လက်မှတ်များကိုနိူင်ငံခြားဘာသာသို့ပြန်ဆိုခြင်း တို့တွင် နိုတြီပဗ္ဗလစ်က မှန်ကန်ကြောင်းအတည်ပြု လက်မှတ်ရေးထိုးပေးရသည်။ နိူတြီပဗ္ဗလစ်ဆိုသော ဝေါဟာရကို "စာချုပ်စာတမ်းများကိုအတည်ပြုပေးသော နိူတြီပဗ္ဗလစ် နိူတြီအကျိုးတော်ဆောင်ရှေ့နေ" ဟု ဘာသာပြန်ထားတာတွေ့ရသည်။ရှေ့နေချုပ်ရုံးကထုပ်ဝေသည့် eng-myan ဥပဒေ ဝေါဟာရအဘ်ိဓါန် စာမျက်နှာ ၂၂၀ တွင် လည်း Notary Public ဟူသော ဝေါဟာရကို "စာချုပ်စာတမ်း သက်သေခံရှေ့နေ "ဟုပြန်ဆိုထားသည်။ ဦးခင်မောင် ညွန်ကြားရေးမှုး(ငြိမ်း) ကNotary Public ကို "အခွင့်ရမှတ်တမ်းပြုသူ"ဟု ပြန်ဆိုခဲ့သည်။ပြည်ထောင်စု မြန်မာနိူင်ငံ တရားရုံးချုပ်၏ တရားသူကြီးချုပ်က လွဲပြောင်းနိူင်သော စာချုပ်စာတမ်းများ အက်ဥပဒေ (The Negotiable Instrument Act) ပုဒ်မ ၁၃၈ အရ တရားရုံးချုပ်ရှေ့နေများအား ဒေသအလိုက် နိူတြီပဗ္ဗလစ်၏ အလုပ် ဝတ္တရားများကို ဆောင်ရွက်နိူင်ရန် နိုတြီပဗ္ဗလစ်များအဖြစ် အခါအားလျော်စွာ အမိန့်ကြေငြာစာထုပ်ပြန်ပြီး ခန့်အပ်ပါသည်။ ထိုသို့ ခန့်အပ်ခဲ့သော နိုတြီပဗ္ဗလစ်များအား ဖေါ်ပြပါ ပုဒ်မ ၁၃၈ အရ တာဝန်ဝတ္တရားမှ နူတ်ထွက်ပိုင်ခွင့်ရှိပါသည်။ နိုတြီပဗ္ဗလစ်များသည် စာချုပ်စာတမ်းများ ဘာသာပြန်ဆိုချက်များအပေါ် မှန်ကန်ကြောင်းသက်သေလက်မှတ်ရေးထိုးရာတွင် နိုတြီပဗ္ဗလစ် တံဆိပ်ခေါင်း -------ကျပ်တန်ကို ကပ်၍ မိမိ၏ နိူတြီပဗ္ဗလစ်တံဆိပ် ရိုက်နှိပ်ရပါသည်။ယင်းတံဆိပ် ခေါင်းများကို ပြည်တွင်းအခွန်ဦးစီးဌာန တံဆိပ်ခေါင်းအရောင်းဌာန များတွင် ဝယ်ယူရရှိနိူင်ပါသည်။ ""နိူတြီပဗ္ဗလစ်များ တရားရုံးချုပ်ရှေ့နေများ အထက်တန်းရှေ့နေများ သည် နိူင်ငံသားနှင့်နိူင်ငံခြားသားတို့ကို ၄င်း လက်ထပ်ထိမ်းများခြင်း ကတိပြုလာများကို လက်မှတ်ရေးထိုးပေးပိုင်ခွင့်မရှိကြောင်း လုပ်ပိုင်ခွင်မရှိသည့် ကိစ္စများကို လုပ်ကိုင်ဆောင်ရွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမညဖြစ်ကြောင်း"" သတိပြုအပ်ရပါမည်။ ဥပမာ -ပြင်သစ်နိူင်ငံသို့ သွားလိုသူများသည် နိူင်ခြားဘာသာတက္ကသိုလ် ပြင်သစ်ဘာသာ ဌာန ကဲ့သို့သော ဌာနမျိုးမှ မှန်ကန်ကြောင်း (ဘာသာပြန်ဆိုမှု) ထောက်ခံစာအရင်ရယူပြီးမှ နိူတြီပဗ္ဗလစ်အနေဖြင့် မှန်ကန်ကြောင်းလက်မှတ်ရေးထိုးပေးရပါမည်။ နိူတြီပဗ္ဗလစ်များ၏အရေးကြီးဆုံးကိစ္စများမှာ မှတ်တမ်းတင်ခြင်းနှင် ငြင်းပယ်ခြင်း(Noting and Protest )  ဖြစ်သည်။လွဲပြောင်းနိူင်သော စာချုပ်စာတမ်းများဥပဒေ ပုဒ်မ ၉၉ မှ ၁၀၄ အထိလေ့လာရမည်။သက်သေခံ ၅၇(၆) /၇၈(၆)/၅၈ အရ နိူတြီပဗ္ဗလစ်များ ရှေ့မှောက်တွင် မှန်ကန်ကြောင်းလက်မှတ်ရေးထိုးရပါသည် ။ နိူတြီပဗ္ဗလစ်များသည် ရှေ့နေသက်တမ်း နှစ် ၄၀ အထက်ရှိသော ဝါရင့် တရားရုံးချုပ်ရှေ့နေများဖြစ်ကြပါသည်။ ထို့ကြောင့် ရှေ့နေရှေ့ရပ် ကျင့်ဝတ်သိက္ခာများ တာဝန်များနှင့် အခွင့်အရေးများကိုလည်း တိကျစွာ ဆောင့်ထိမ်းလိုက်နာရပါမည်။ 

Comments