တိုက်ခန်းစရန်ပေး

       တိုက်ခန်းစရန်ငွေပေးသည့်နေ့တွင် ဝယ်သူအနေဖြင့် ရောင်းသူထံမှရယူရမည့်စာရွက်စာတမ်းများ

      တိုက်ခန်းစရန်ငွေပေးသည့်နေ့တွင် ဝယ်သူအနေ ဖြင့် ရောင်းသူထံမှရယူရမည့်စာရွက်စာတမ်းများမှာ -

(၁) မြေရှင်နှင့် ကန်ထရိုက်အကျိုးတူဆောက်သည့် တိုက်ခန်းဖြစ်လျင် မြေရှင် နှင့် ကန်ထရိုက်တို့ချုပ်    

      ဆိုသည့် စာချုပ် (မိတ္တူ)

(၂) အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့် စာရွက် စာတမ်း ၊ 

(၃) BCC စာရွက် (အဆောက်အအုံပြီးစီးကြောင်း သက်သေခံလက်မှတ်) မိတ္တူ

(၄) ရောင်းသူသည် မြေရှင် သို့မဟုတ် ကန်ထရိုက် မဟုတ်ပါက ရောင်းသူက အဆင့်ဆင့်ဝယ်ယူထား

     သည့် စာချုပ်များ (မိတ္တူ)

(၅) ခင်ပွန်း ကဝယ်ယူထားပြီး ဇနီးက ၎င်းကိုယ်တိုင်နှင့် ခင်ပွန်း၏ Sp/GP အရ ရောင်းချခြင်းဖြစ်က 

    ၎င်းတို့ ၏အိမ်ထောင်စုဇယား နှင့် Sp/Gp (မိတ္တူ)

(၆) မူလဝယ်ယူသူကိုယ်စား SP/Gp ရသူက ရောင်းချ ခြင်းဖြစ်က Sp/GP ( မိတ္တူ ) နှင့် ကိုယ်စားလှယ် 

    ရသူ ၏ မှတ်ပုံတင် မိတ္တူ 

(၇) အမွေဆက်ခံခွင့်ရသူ တစ်ဦးဦးကရောင်းချြခင်းဖြစ်က အမွေဆက်ခံရရှိသည်ဆိုသည့် အထောက်

     အထား စာရွက်စာတမ်း (မိတ္တူ) စသည်တို့ဖြစ်ပါသည်။


ဘာကြောင့် မိတ္တူရယူထားရန်လိုအပ်သလဲ

     မိတ္တူများ ရယူထားမှသာလျင် အပြီးသတ်စာချုပ်မချုပ်မီသော်လည်းကောင်း ၊ ချုပ်ဆိုရမည့်နေ့တွင်သော် လည်းကောင်း ရောင်းသူဘက်မှပျက်ကွက်ပါက ဝယ်သူအနေဖြင့် တရားတစ်ထုံးစွဲဆိုရာတွင် အထောက်အထား အနေဖြင့် အသုံးပြုနိုင်ရန်အတွက် ရယူထားရန်လိုအပ်ခြင်းဖြစ်ပါသည်။

Comments