သမ္မာန်စာ

 သမ္မန်စာ(Summon)


သမ္မန်ဆိုသည်နှင့်တရားရုံးကအမှုတစ်ခုခုအတွက်ဆင့်ခေါ်တဲ့စာလို့အကြမ်းအားဖြင့်နားလည်ကြပါလိမ့်တယ်။


အမှုတွင်လည်း

1)ပြစ်မှု(ရာဇဝတ်မှု)

2)တရားမမှုဟူ၍ဖြစ်ပါသည်။


ထို့ကြောင့်ပြစ်မှုအတွက်ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ၊တရားမမှုတွင်လည်းတရားမကျင့်ထုံးဥပဒေအရပင်လိုက်နာကျင့်သုံးရပါသည်။


ပြစ်မှုများအတွက်သမ္မန်စာချရာတွင်-


အမှုနဲ့ပတ်သက်ပြီးတရားရုံးကိုလာရောက်သက်သေခံဖို့အတွက်သက်သေတွေကိုဆင့်ခေါ်တဲ့စာဖြစ်တယ်။

သမ္မန်စာကိုတရားသူကြီးကဖြစ်ဖြစ်၊တရားရုံးအရာရှိကဖြစ်ဖြစ်လက်မှတ်ရေးထိုးပေးရတယ်။

သမ္မန်စာကိုနှစ်စောင်ပြုလုပ်ရမယ်။

ရုံးတံဆိပ်အပြည့်အစုံပါရှိရမယ်။

အတည်ပြုသူကဆင့်ဆိုခံရသူကိုသမ္မန်စာတစ်စောင်ပေးရမယ်။

ကျန်တစ်စောင်ရဲ့ကျောဘက်မှာလက်ခံရရှိကြောင်းဝန်ခံလက်မှတ်ရေးထိုးပြီးတရားရုံးကိုသမ္မန်စာပေးပို့သူကအချိန်မီပြန်သွင်းရမယ်။

(ကျင့်ထုံးပုဒ်မ68(1)၊69(1)(2))


အဖွဲ့အစည်းကိုသမ္မန်စာချရင်စာတိုက်ကမှတ်ပုံတင်စာနဲ့ချနိုင်တယ်။

(ကျင့်ထုံးပုဒ်မ-69(3))


သမ္မန်စာဆင့်ဆိုခံရသူကိုရှာမတွေ့ဘူးဆိုရင်အိမ်ထောင်စုအကြီးအကဲကအရွယ်ရောက်သူအိမ်သားတစ်ဦးဦးထံသမ္မန်စာတစ်စောင်ပေးပြီးချအပ်နိုင်တယ်။

သမ္မန်စာလက်ခံသူကိုကျောဘက်မှာလက်ခံရရှိကြောင်းလက်မှတ်ရေးထိုးခိုင်းရမယ်။

ဒီနည်းနဲ့သမ္မန်စာအတည်ဖြစ်တယ်။

(ကျင့်ထုံးပုဒ်မ-70)


သမ္မန်စာဆင့်ဆိုခံရသူရဲ့အိမ်ထောင်စုဝင်တွေကိုမတွေ့ဘူးဆိုရင်သူအမြဲနေထိုင်တဲ့အိမ်၊အဆောက်အအုံရဲ့မြင်သာတဲ့နေရာမှာစွဲကပ်ထားပြီးသမ္မန်စာကိုအတည်ပြုနိုင်တယ်။

(ကျင့်ထုံးပုဒ်မ-71)


အစိုးရအမှုထမ်းတွေကိုသမ္မန်စာချရင်သက်ဆိုင်ရာဌာနအကြီးအကဲကတစ်ဆင့်အတည်ပြုရမယ်။

(ကျင့်ထုံးပုဒ်မ-72)


ရှိတဲ့တရားသူကြီးကတစ်ဆင့်အတည်ပြုခိုင်းရမယ်။

(ကျင်ထုံးပုဒ်မ-73)


အဲဒီလိုသမ္မန်စာချတဲ့အခါ ဒါ့ပြင် ဘယ်အမှုမှာမဆိုသမ္မန်စာချတဲ့အရာရှိဟာ အဲဒီအမှုစစ်ဆေးရာမှာမရောက်ရှိနိုင်ဘူးဆိုရင်အဲဒီသမ္မန်စာချအပ်ပြီးကြောင်းတရားသူကြီးတစ်ဦးဦးရဲ့ရှေ့မှောက်မှာကျမ်းကျိန်ထွက်ဆိုချက်နှင့်အတူ သမ္မန်စာချအပ်ခံရသူက ကျောဘက်မှာလက်မှတ်ရေးထိုးပြီးသမ္မန်စာတစ်စောင်ကိုသက်သေခံအဖြစ်လက်ခံခွင့်ရှိစေရမယ်။

(ကျင့်ထုံးပုဒ်မ-74)


သမ္မန်စာဆင့်ဆိုခံရသောတရားရုံးတော်သို့မလာရောက်ဘဲနေခွင့်လျှောက်ထားလျှင်ရာဇဝတ်ကျင့်ထုံးဥပဒေ-205အရလျှောက်ထားရမည်။


"တရားမမှုများ"တွင်-


သမ္မန်စာဆိုတာ တရားလိုပြုလုပ်သူက တရားရုံးကိုအမှုစွဲတင်ထားပြီးတရားပြိုင်ဒါမှမဟုတ်တရားပြိုင်များထံကို တရားစွဲဆိုထားတဲ့မကြောင်းသိရှိစေဖို့တရားရုံးကထုတ်ဆင့်ပေးပို့တဲ့အသိပေးအကြောင်းကြားစာဖြစ်တယ်။


သမ္မန်စာမှာတရားလို?၊တရားစွဲတဲ့အကြောင်း၊စွဲဆိုအမှုတင်ထားကြောင်း၊အမှုတင်ထားတဲ့တရားရုံးအမည်၊လာရောက်ရမယ့်နေ့ရက်နဲ့အချိန်တွေကိုဖော်ပြထားတယ်။


ဒီလိုလာရောက်တဲ့အခါကိုယ်တိုင်ဖြစ်ဖြစ်၊တရားလိုကိုယ်စားလှယ်နဲ့ဖြစ်ဖြစ် ထုချေရှင်းလင်းဖို့နဲ့အမှုနဲ့သက်ဆိုင်တဲ့စာရွက်စာတမ်း၊သက်သေစတာတွေကိုတင်ပြနိုင်ဖို့ဆင့်ဆိုတဲ့အကြောင်းကြားစာဖြစ်တယ်။


သမ္မန်စာချအပ်ရန်နည်းလမ်းများမှာ-


ရုံးခေါ်စာ(သမ္မန်စာ)မှာဖော်ပြထားတဲ့တရားပြိုင်လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာရုံးခေါ်စာမချဘဲတရားပြိုင်ရဲ့နေအိမ်မှာအတူနေမိခင်ကိုချအပ်ခြင်းဟာတရားပြိုင်နဲ့အတူနေထိုင်တဲ့အရွယ်ရောက်သူမိသားစုဝင်ထံချအပ်တာဖြစ်လို့အတည်ဖြစ်တယ်။

(တရားမကျင့်ထုံးအမိန့်5နည်း15)

(ဦးကိုကိုကြီးနှင့်ဒေါ်ခင်သောင်း၊1958၊မတစ(လွှတ်တော်)387)


သမ္မန်စာလုလင်ကအကြောင်းကြားစာကိုတရားပြိုင်နေတဲ့အိမ်ရှေ့ လူအများမြင်နိုင်တဲ့နေရာမှာကပ်ထားခဲ့တဲ့အကြောင်းစေ့စုံစွာရေးခဲ့ပြီးတရားရုံးကိုအစီရင်ခံရမယ်။

(တရားမကျင့်ထုံးအမိန့်5နည်း17)

(ဦးကျော်ခင်နှင့်ဦးကြီးမောင်ပါ(2)၊1963၊မတစ456)


ထို့ကြောင့်တရားပြိုင်သည်သမ္မန်စာလက်ခံရန်ငြင်းဆိုလျှင်၊တရားပြိုင်ကိုမတွေ့လျှင်-

တရားပြိုင်နေထိုင်ရာအိမ်၊သို့မဟုတ်လုပ်ငန်းဆောင်ရွက်သည့်နေရာတွင်သမ္မန်စာကိုကပ်ထားခဲ့ရမည်။


ဆင့်စာလုလင်ဟာတရားပြိုင်ကသမ္မန်စာကိုငြင်းဆိုတဲ့အခါသမ္မန်စာကိုလူမြင်နိုင်တဲ့နေရာဖြစ်တဲ့ တံခါးမကြီးမှာကပ်ခဲ့ပြီးအကျိုးအကြောင်းကိုတရားရုံးသို့ကျမ်းကျိန်လွှာနှင့်အစီရင်ခံရမယ်။

(အမိန့်5၊နည်း17)


အဲဒီလိုအစီရင်ခံတဲ့အခါတရားရုံးကသမ္မန်စာကိုဥပဒေနဲ့အညီချမှတ်ခဲ့ကြောင်းမှန်၊မမှန်ကိုဆင့်စာလုလင်ကိုစုံစမ်းစစ်ဆေးပြီးသမ္မန်စာကိုအတည်ဖြစ်မဖြစ်အမိန့်ချမှတ်ရမယ်။

(အမိန့်5၊နည်း19)

(ဦးရှောင်ဟီးပါ(2)နှင့်ဦးစိန်မောင်ပါ(2)1978မတစ106)


အခြားနည်းသမ္မန်စာချအပ်တဲ့နည်းလမ်းအနေနဲ့သတင်းစာမှာကြေညာထည့်သွင်းတဲ့နည်းလည်းပါဝင်တယ်။

(တရားမကျင့်ထုံးအမိန့်5၊နည်း20(1))-အရ

သတင်းစာမှကြေညာပေးရန်လျှောက်ထားရပါမည်။


ကိုးကား။မြန်မာ့ဥပဒေလက်စွဲ

Comments