Consideration
ဆွေမျိုးရင်းချာ၊ချစ်ခင်မေတ္တာသက်ဝင်ခြင်းမရှိလျှင်ပေးကမ်းမှုပျက်ပြယ်ခြင်း
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၃တွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို မေတ္တာဖြင့်ပေးကမ်းလျှင် အနည်းဆုံးအသိသက်နှစ်ဦးနှင့်ပေးကမ်းသူသို့မဟုတ် ပေးကမ်းသူကိုယ်စား တစ်ဦးတစ်ယောက်က လက်မှတ်ရေးထိုးထားသည့် မှတ်ပုံတင်စာချုပ်ဖြင့် လွှဲပြောင်းပေးရမည်။
ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို မေတ္တာဖြင့်ပေးကမ်းလျှင် အထက်ပါ နည်းအတိုင်း မှတ်ပုံတင်စာချုပ်ဖြင့်ဖြစ်စေ၊ လက်ရောက်ပေးအပ်ခြင်းဖြင့်ဖြစ်စေ လွှဲပြောင်းပေးနိုင်သည်။ ထိုကဲ့သို့လက်ရောက်ပေးအပ်ခြင်းကို ရောင်းချသည့် ကုန်စည်များပေးအပ်သည့်နည်းအတိုင်း ပေးအပ်နိုင်သည်ဟု ပြဌာန်းထားသည်။
ထိုပြဌာန်းချက်ကို လိုက်နာရုံမျှဖြင့်ပေးကမ်းခြင်းအတည်ဖြစ်မည်မဆိုသာသေးပါ။ပေးကမ်းခြင်းတွင် အဖိုးစားနားမရှိပါ။
Contracts
25. An agreement made without consideration is void, unless-
(1) it is expressed in writing and registered under the law for the time being in force for the registration of documents, and is made on account of natural love and affection between parties standing in a near relation to each other or; unless ဟုပြဌာန်းထားသည်။
ထိုပြဌာန်းချက်အရ သဘောတူညီချက်တရပ်ကိုအဖိုးစားနားမရှိဘဲပြုလုပ်ပါက သဘောတူကြသူများ တစ်ဦးနှင့်တစ်ဦးဆွေမျိုးရင်းချာ အချင်းချင်းချစ်ခင်မေတ္တာသက်ဝင်ခြင်းကြောင့်သဘောတူညီခြင်းမဟုတ်လျှင် ပျက်ပြယ်သည်ဟုဆိုရပါမည်။
ထို့ကြောင့် အောက်ပါအချက်(၂)ချက်တွင် ပေးကမ်းခြင်းပျက်ပြယ်သည်။
၁။ဆွေမျိုးရင်းချာ မဟုတ်ခြင်း။
၂။ချစ်ခင်မေတ္တာသက်ဝင်မှု မရှိခြင်း။
Comments
Post a Comment