အင်္ဂလပ်ဘာသာပြန်စကားလုံးများ

"အင်္ဂလိပ်မှမြန်မာ၊မြန်မာမှအင်္ဂလိပ်သို့​ တစ်ဖန်ပြန်လည်ဘာသာပြန်တဲ့စကားလုံးများ"


ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဥပဒေဘာသာပြန်ကိစ္စမှာ ရေးခဲ့ဖူးပြီ။ပြန်ပြောရမယ်ဆိုရင် အင်္ဂလိပ်ဘာသာနဲ့ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို မြန်မာဘာသာပြန်ဆိုရာမှာ သုံးစွဲထားတဲ့ ဝေါဟာရတွေကို တစ်ဖန်ပြန်ပြီး အင်္ဂလိပ်ဘာသာသို့ပြန်ဆိုတဲ့အခါ မူရင်းအင်္ဂလိပ်ဝေါဟာရကိုသာ ပြန်လည်သုံးစွဲရမှာဖြစ်ကြောင်း၊အဲလိုမဟုတ်ဘဲ မြန်မာဝေါဟာရပါ စကားလုံးတစ်လုံးချင်းအလိုက်(လုံးကောက်)ဘာသာပြန်မယ်ဆိုရင် အင်္ဂလိပ်လူမျိုး ရေးလေ့ရှိတဲ့ အင်္ဂလိပ်စာမျိုး မဟုတ်တော့ဘဲ ရှေးအခေါ် "Burmese English" (စာရေးသူအခေါ်)

"Myenglish" ဖြစ်သွားနိုင်တဲ့အပြင် ဆိုလိုရင်းအဓိပ္ပါယ် လွဲချော်မှုများလည်း ရှိနိုင်ကြောင်း၊ဥပမာ၊

"This Act may/shall be called 'the ----------------Act'." ကို "ဤဥပဒေကို '----------------ဥပဒေ' ဟု ခေါ်တွင်စေရမည်" လို့ မြန်မာပြန်ဆိုလာခဲ့တာ ရာစုနစ် နှစ်ခုနီးပါး ရှိခဲ့ပြီဖြစ်လို့ အဲဒီမြန်မာဝါကျကို တစ်ဖန်ပြန်ပြီး အင်္ဂလိပ်ဘာသာပြန်ဆိုတဲ့အခါ "This Law may/shall be 'named' -------------- " ဆိုပြီး လုပ်လို့မရကြောင်း၊အင်္ဂလိပ်ဥပဒေတွေမှာပါလေ့ရှိတဲ့"not withstanding any thing contained in 'the ----------Act" ဆိုတာကို မြန်မာလို ပြန်ဆိုရာမှာလည်း "------------ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ" လို့ မြန်မာပြန်ဆိုလာခဲ့တာ ကြာပြီဖြစ်လို့ "Despite /Although whatever contained in 'the ----------Act/Law" ဆိုပြီး အင်္ဂလိပ်လို ပြန်ဆိုလို့မရကြောင်း ---- စသည်ဖြင့် ပြောခဲ့ပါတယ်။

(၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ပုဒ်မ ၂ မှာ "နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတနိုင်ငံတော်ဟု ခေါ်တွင်ရမည်"လို့ ရေးထားတာကို အင်္ဂလိပ်လို "The State shall be known as the Republic of the Union of Myanmar" လို့ ဘာသာပြန်ထားတာ တွေ့ရတယ်။တခြားနိုင်ငံက ရေးတာကို ယူထားတာ ဖြစ်နိုင်ပေမဲ့ ​အထက်မှာ ပြောထားသလို "ခေါ်တွင်ရမည်"ကို "--be

called" လို့ပဲ အင်္ဂလန်နိုင်ငံဥပဒေတွေမှာ သုံးခဲ့သလို မြန်မာကလည်း လိုက်သုံးခဲ့တဲ့ ဥပဒေရေးထုံးက အသားကျနေပြီ၊ ဥပဒေရေးထုံးဆိုတာ ဟိုတစ်မျိုး၊ဒီတစ်မျိုး ဆိုသလို ရေးချင်ရာ ရေးလို့မရဘူး။)


မိန့်ခွန်းတစ်ခုမှာပါတဲ့ "ခိုင်လုံတဲ့သက်သေခံအထောက်

အထား" ဆိုတာကို "hard evidence" လို့ဘာသာပြန်တာကတော့ တော်တော်အရုပ်ဆိုးပါတယ်၊ ဥပဒေ

အသုံးအနှုန်းအရ "strong/sufficient evidence" လို့ဖြစ်သင့်တာပေါ့။

(ယခုနောက်ပိုင်းမြန်မာဥပဒေတွေကို အင်္ဂလိပ်လိုဘာသာပြန်သူအချို့ဟာ ဥပဒေဘွဲ့/သင်တန်းလက်မှတ် မရှိသူတွေ ဖြစ်ကြောင်းသိရတယ်။ဒါကြောင့် သူတို့ရဲ့အင်္ဂလိပ်ဘာသာပြန်တွေက ဥပဒေသုံးအင်္ဂလိပ်စာ/legal English မဟုတ်ဘဲ အရပ်သုံးအင်္ဂလိပ်စာ/common English ဖြစ်နေပုံရတယ်)


နောက်ပြီး"on the merits of the case"ကို "အမှုတွဲပါ(နှစ်ဘက်)သက်သေခံချက်မျာအရ" လို့မြန်မာပြန်

သင့်တာကို "အမှု၏အရည်အသွေး"လို့ဘာသာပြန်တာ၊

"legally binding"" ကို "ဥပဒေအရ တာဝန်ရှိသည်"လို့

မြန်မာမပြန်ဘဲ "ဥပဒေအရ စည်းနှောင်အားရှိသည်"လို့

ဘာသာပြန်တာ မှားတဲ့အကြောင်း ယခင်က ရေးခဲ့ဖူးပြီ။


ယနေ့အထိ မြန်မာလိုအတည်တကျ ဘာသာပြန်ထားတာ မရှိသေးတဲ့၊ မူရင်းက လက်တင်ဘာသာစကားလုံး

ဖြစ်ပြီး အင်္ဂလိပ်ဥပဒေကိစ္စတွေမှာ အသုံးများတဲ့ စကားလုံး တစ်လုံးကတော့ "prima facie" ဆိုတဲ့

ဥပဒေဝေါဟာရပါပဲ။(လက်တင်စကားလုံးတွေကို

အင်္ဂလိပ်ဘာသာမှာ သုံးရင် italic/စာလုံးစောင်း နဲ့

ရေးလေ့ရှိကြတယ်)။ Prima facie ရဲ့ အဘိဓာန်ပေးအနက်က "at first glance or preliminary examnation"တဲ့။မြန်မာလိုဆို "ပထမ အကြိမ်

ဖြတ်ခနဲ ကြည့်ရုံဖြင့် သို့မဟုတ် ပဏာမ စစ်ဆေးတွေ့ရှိချက်အရ"လို့ ဆိုလိုတာပေါ့။ဒါကြောင့် စာရေးသူ ရေးတဲ့

ဥပဒေစာအုပ်နဲ့ဆောင်းပါးတွေမှာတော့ စာရေးသူက

"prima facie" ကို "အပေါ်ယံကြော/သာမန် အမြင်

အရ၊ရုတ်တရက် ကြည့်ရုံဖြင့်"လို့ ရှေ့နောက်စကားစဥ်ကို လိုက်ပြီး ဘာသာပြန် သုံးစွဲလေ့ရှိတယ်။


တရားစီရင်ထုံးတစ်ခုမှာတော့ "prima facie case" ကို "တရားခံအပေါ်စွဲဆိုထားသော ပုဒ်မဖြင့် စွဲချက်တင်ရန် သက်သေခံချက်များရှိကြောင်း 'မြင်သာသည်' ဆိုတဲ့

သဘောမျိုးနဲ့ ကြိယာပုဒ် အ​ဖြစ် ရေးလေ့ရှိကြတယ်။အမှန်က "prima facie" ဆိုတာကို အင်္ဂလိပ်ဘာသာမှာ ကြိယာဝိသေသနပုဒ်"/နာမဝိသေသနပုဒ် အဖြစ်ပဲ သုံးတာပါ။၂၀၂၀ ပြည့်နှစ် တရားစီရင်ထုံးစာအုပ်ပါ စီရင်ထုံး

တစ်ခုမှာတော့ "prima facie" ရဲ့မြန်မာပြန် အဖြစ်

"ရှေးဦးအမြင်အရ"အရလို့ သုံးစွဲထားတာတွေ့ရတယ်။

"preliminary examnition" ကို ဘာသာပြန်တာပေါ့။

"Prima facie evidence" ဆိုတာက သက်သေခံချက်

တစ်ခုကို မမှန်ကြောင်း သက်သေတင်ပြခြင်း မပြုနိုင်မီ

တရားရုံးက ကနဦး လက်ခံထားတဲ့သဘောပါ၊အဲဒါ မမှန်

ကြောင်း ဆန့်ကျင်ဘက်အမှုသည်က သက်သေထင်ရှားအောင်ပြနိုင်ရင် အဲဒီ ကနဦး လက်ခံထားတဲ့ သက်သေ

ခံချက်ဟာ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သွားမယ်၊

မမှန်ကြောင်း သက်သေခံချက်ကို မတင်ပြနိုင်ရင်တော့

အပြီးသတ်သက်သေခံချက်(conclusive evidence)

အဖြစ် ရောက်သွားမယ်။


ဒါကြောင့် အရင်က တရားရေးဝန်ကြီးဌာနရဲ့

လက်အောက်မှါရှိခဲ့တဲ့ဥပဒေဘာသာပြန်နဲ့ဥပဒေပြန်လည်စိစစ်ရေးဌာနမှာဆိုရင် အင်္ဂလိပ်ဥပဒေဝေါဟာရများကို မြန်မာပြန်ဆိုထားတဲ့ အဘိဓာန်လိုမျိုး စာအုပ်တစ်အုပ်ကို ဌာနသုံးအဖြစ် ပြုစုထားရှိပြီး အင်္ဂလိပ်မှမြန်မာသို့ ဘာသာပြန်ရာမှာဖြစ်စေ၊မြန်မာမှအင်္ဂလိပ်သို့ဘာသာပြန်ရာမှာဖြစ်စေ တစ်ညီတစ်ညွတ်တည်း ဖြစ်စေဖို့ ဘာသာပြန်သူအားလုံးက အသုံး​

ပြုခဲ့ကြောင်းသိရတယ်။


အင်္ဂလိပ်စကားလုံးတွေရဲ့ မြန်မာပြန်စကားလုံတွေကို တစ်ဖန်ပြန်ပြီး အင်္ဂလိပ်လိုပြန်ရာမှာ အထက်မှာပြောခဲ့သလို မှားတတ်တာက ဥပဒေကိစ္စမှာတင်မဟုတ်ဘူး၊

အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့သတင်းစာတွေမှာလည်း တွေ့ရတတ်တယ်။တွေ့ရတဲ့ ဥပမာတချို့ကို မှတ်မိသလောက်ပြောကြည့်မယ်။


"အလုပ်သဘော လာရောက်(လည်ပတ်)မည်"ဆိုတာက "official visit" ကို မြန်မာပြန်ထားတာ၊အဲဒါကို ပြန်လည် အင်္ဂလိပ်လိုပြန်တာက"working visit" တဲ့။ မမှားဘူးဆိုရင်တောင် အင်္ဂလိပ်အတွေးအခေါ်အရ မှန်ပါ့မလားဆိုတာ (ကိုယ်က အင်္ဂလိပ်လူမျိုးမဟုတ်လို့)မသိဘူး။(visit ကိုလည်း "လည်ပတ်သည်"လို့ မူလတန်းကျောင်းသားလို တရားသေ မှတ်ထားလို့မရဘူး၊သွားရောက်တယ်၊လာကြည့်တယ် စတဲ့ တခြားဆင်တူယိုးမှား အဓိပ္ပါယ်တွေလည်း ရှိသေးတယ်)။

နောက်ပြီး ကော်မတီတစ်ခုရဲ့ ဆပ်ကော်မတီ/လုပ်ငန်း

ဆိုင်ရာကော်မတီ(ဥပမာ၊ဧည့်ခံကျွေးမွေးရေးဆပ်ကော်

မတီ)ကို working committee လို့ဘာသာပြန်တာ

မမှားပေမဲ့ "အလုပ်အမှုဆောင်အဖွဲ့"ကို Executive Committe"လို့ ဘာသာမပြန်ဘဲ "working committee"လို့ ဘာသာပြန်ရင်တော့ မလွဲဘူးဆိုရင်တောင် ''ချော်'သွားပြီပေါ့။


နောက်ပြီး မကြာမီကမှ မြန်မာမှာ အသုံးများလာတဲ့

"transparent/transparency" ဆိုတာကို "ပွင့်လင်း

မြင်သာသော/ပွင့်လင်းမြင်သာမှု"လို့ မြန်မာပြန်လေ့ရှိတယ်။အဲဒါကို အင်္ဂလိပ်လို တစ်ဖန်ပြန်ပြီး ဘာသာပြန်

တဲ့အခါ (ဥပမာ)"openly/frankly/clearly visible" ဆိုပြီးလုပ်လိုက်ရင် မူရင်းအဓိပ္ပါယ်နဲ့ အတိအကျ တူနိုင်မှာ မဟုတ်တော့ဘူး။


အမှန်မှာတော့ မြန်မာဘာသာစကား(language)မှာ

မြန်မာဘုရင်များခေတ်မှာ အသုံးမရှိဘဲ အင်္ဂလိပ်နဲ့စတင်

ဆက်ဆံမှ၊အင်္ဂလိပ်ဝင်လာပြီးမှ အင်္ဂလိပ်ဝေါဟာရများ

ကို မြန်မာပြန်သုံးစွာရာကနေ မြန်မာဝေါဟာရသစ်

အဖြစ် တိုးပွားလာတာတွေ အများကြီးရှိမှာပါ၊ကျမ်းပြု

မယ်ဆိုရင် မြန်မာစာမဟာဘွဲ့/ပါရဂူဘွဲ့အတွက် ထိုက်တန်တဲ့ ကျမ်းတစ်စောင်တောင် ဖြစ်နိုင်လောက်ပါတယ်။


ယခုကိစ္စနဲ့ပတ်သက်လို့ အကြံပြုချင်တာကတော့ မြန်မာ

ဘာသာကနေ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုရတဲ့

ဌာနတွေရဲ့ လက်သုံးအဖြစ် ယခင်တရားရေးဝန်ကြီးဌာန

အောက်ရှိ ဥပဒေဘာသာ​ပြန်ဌာနမှာလို ဘာသာပြန်

အဘိဓာန်သဘော ပြုစုထားရှိမယ်ဆိုရင်တော့ ဘာသာပြန်ကိစ္စှမှာ "တစ်ကျောင်း တစ်ဂါထာ၊တစ်ရွာ တစ်ပုဒ်

ဆန်း"ဆိုသလိုမဖြစ်ဘဲ ဘာသာပြန်ဝေါဟာရ တိကျ

မှန်ကန် ခိုင်မာပြီး မြန်မာဘာသာ ပင်စည်ကြီးလည်း

ကမ္ဘာတည်သရွေ့ စည်ပင် ကြီးထွား ရှင်သန် နေမယ်လို့

ယူဆကြောင်းပါ။

Comments