ဥယျာဉ်ခြံမြေ

မေး။ ။ရွာမြေ၊ဥယျာဉ်ခြံမြေဝယ်ရင် တရားဝင်ဖြစ်အောင် ဘယ်လိုဆောင်ရွက်နိုင်သလဲ။ စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို့ရပါသလား။ ဂရန်လျှောက်နိုင်ပါသလား။


ဖြေ။ ။ဥယျာဉ်ခြံမြေဆိုတာ ရွာနဲ.ဆက်စပ်နေတဲ့မြေလား၊ ရွာမြေလား ဒါမှမဟုတ် ဥယျာဉ်ခြံမြေပါလို့ မြို.နယ်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနက G အမှတ်အသားပြပြီး တရားဝင်သတ်မှတ်ထားတာလား သိဖို.လိုတယ်။ 


ရွာမြေ ဒါမှမဟုတ်ရွာနဲ.ဆက်စပ်မြေတို့ကို ဝယ်မယ်ဆိုရင် နှစ်ဦးသဘောတူ

အိမ်ခြံမြေအရောင်းအဝယ် ကတိစာချုပ်နဲ. ဝယ်လို.ရတယ်။ စာချုပ်ရုံးမှာသွားပြီး မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်လို.မရပါဘူး။


အကြောင်းက တရားဝင်လွှဲပြောင်းနိုင်အောင် ရောင်းသူအမည်ပေါက် ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ ဂရန်မြေ အထောက်အထားမရှိလို.ပါ။ 


လက်လွှဲလက်ပြောင်းပြုလုပ်ထားကြောင်း သက်သေအနေနဲ. ကျေးရွာအုပ်ချုပ်ရေးမှူးရှေ.မှာ ပြုလုပ်ထားသင့်ပါတယ်။ G အမှတ်အသားပြ ဥယျာဉ်ခြံမြေကို အမည်ပေါက်ဆီက

တိုက်ရိုက်ဝယ်ရင်တော့ မြို.နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ ဥယျာဉ်ခြံမြေလုပ်ကိုင်သူ

အမည်ပြောင်းပေးဖို.လျှောက်နိုင်တယ်။


ဝယ်သူမှတ်ပုံတင်၊ အရောင်းအဝယ်စာချုပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ဝယ်သူရဲ. အိမ်ထောင်စုစာရင်း၊ နောက်ဆုံးလမှာ ဆောင်ထားတဲ့ ဥယျာဉ်မြေလုပ်ကိုင်သူအဖြစ် ဝယ်သူရဲ. အမည်နဲ.ထွက်လာပါလိမ့်မယ်။


 ၂၀၁၅ခုနှစ်မှာ လျှောက်ရင် ၂၀၁၆ခုနှစ်မှာ ဥယျာဉ်ခြံမြေလုပ်ကိုင်သူ အဖြစ်ဝယ်သူရဲ.နာမည်နဲ. ထွက်လာပါလိမ့်မယ်။ စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို.ရအောင်တော့ မိမိဝယ်ထားတဲ့ မြို.နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဆီမှာ တင်ပြရမှာပါ။


 ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံရင် နှစ်ထပ်တိုက်လောက်အထိ ခွင့်ပြုထားတယ်လို. သိရပါတယ်။


#credit

Comments